မက်ဆီကို ဖျက်ထုတ်တားဆီးနိုင်ခဲ့တဲ့အပေါ် ဂိုးသွင်းလိုက်သလိုအောင်ပွဲခံခဲ့တဲ့ မာဆယ်လို

photo-marca

photo-EFE

မနေ့ညရဲ့အယ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်နောက်ခံလူမာဆယ်ကို ပြိုင်ဘက်တိုက်စစ်မှုးမက်ဆီကို အရေးပါတဲ့ဖျက်ထုတ်တားဆီးမှုပြုလုပ်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဂိုးသွင်းလိုက်သလို အောင်ပွဲခံခဲ့ပါတယ်။ အဲဒီပွဲမှာ ရီးရဲလ်ဟာ ချန်ပီယံပြိုင်ဘက်ဘာစီလိုနာကို ၂-၀ ဂိုးနဲ့အနိုင်ရပြီး လာလီဂါအမှတ်ပေးဇယားထိပ်နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

photo-gettyimages

ရီးရဲလ်က ၁-၀ ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဂိုးသမားကော်တွိုက်စ်နဲ့ တစ်ယောက်ချင်းတွေ့မယ့်အနေအထားနဲ့ ပြန်လည်ချေပနိုင်မယ့်အခြေအနေရှိခဲ့တာပါ။ ဒါကို မာဆယ်လိုက ဆလိုက်ထိုးဖျက်ထုတ်တားဆီးလိုက်နိုင်ခဲ့ပါတယ်။ ပြန်ထတဲ့အချိန်မှာ သူဟာ ပရိသတ်တွေဘက်လှည့်ကာ လက်သီးလက်မောင်းတန်းပြီး ဂိုးသွင်းလိုက်သလို အောင်ပွဲခံခဲ့တာပါ။

အဲဒီဝါရင့်ဘရာဇီးနောက်ခံလူဟာ အယ်ကလက်စီကိုပွဲတွေမှာ နှစ်ပေါင်းများစွာကြာကစားလာခဲ့သူဖြစ်လို့ ဒီလိုပွဲမျိုးမှာ သူ့ရဲ့အတွေ့အကြုံက အရေးပါခဲ့ပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ မာဆယ်လိုဟာ မက်ဆီထက်လည်း ပိုမြန်အောင်ပြေးနိုင်ခဲ့ပါတယ်။ မက်ဆီက တစ်နာရီ ၂၉.၅ ကီလိုမီတာပြေးနိုင်ချိန် ၃၁ နှစ်အရွယ် မာဆယ်လိုဟာ တစ်နာရီ ၃၀.၉ ကီလိုမီတာပြေးနိုင်ခဲ့တာပါ။ မာဆယ်လိုရဲ့အဲဒီအရေးပါတဲ့ဖျက်ထုတ်မှုနဲ့ပတ်သက်ပြီးတော့လည်း ဆိုရှယ်မီဒီယာထက်မှာ ချီးကျူးနေကြပါတယ်။

[Zawgyi]

မက္ဆီကို ဖ်က္ထုတ္တားဆီးႏိုင္ခဲ့တဲ့အေပၚ ဂိုးသြင္းလုိက္သလိုေအာင္ပြဲခံခဲ့တဲ့ မာဆယ္လို

မေန႔ညရဲ႕အယ္ကလက္စီကိုပြဲစဥ္မွာ ရီးရဲလ္ေနာက္ခံလူမာဆယ္ကုိ ၿပိဳင္ဘက္တိုက္စစ္မႈးမက္ဆီကို အေရးပါတဲ့ဖ်က္ထုတ္တားဆီးမႈျပဳလုပ္ႏိုင္ခဲ့တာနဲ႔ပတ္သက္ၿပီး ဂိုးသြင္းလုိက္သလို ေအာင္ပြဲခံခဲ့ပါတယ္။ အဲဒီပြဲမွာ ရီးရဲလ္ဟာ ခ်န္ပီယံၿပိဳင္ဘက္ဘာစီလုိနာကို ၂-၀ ဂိုးနဲ႔အႏိုင္ရၿပီး လာလီဂါအမွတ္ေပးဇယားထိပ္ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

ရီးရဲလ္က ၁-၀ ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဘာစီလုိနာအသင္းေခါင္းေဆာင္မက္ဆီဟာ ဂိုးသမားေကာ္တြိဳက္စ္နဲ႔ တစ္ေယာက္ခ်င္းေတြ႕မယ့္အေနအထားနဲ႔ ျပန္လည္ေခ်ပႏိုင္မယ့္အေျခအေနရွိခဲ့တာပါ။ ဒါကို မာဆယ္လိုက ဆလိုက္ထိုးဖ်က္ထုတ္တားဆီးလိုက္ႏိုင္ခဲ့ပါတယ္။ ျပန္ထတဲ့အခ်ိန္မွာ သူဟာ ပရိသတ္ေတြဘက္လွည့္ကာ လက္သီးလက္ေမာင္းတန္းၿပီး ဂိုးသြင္းလုိက္သလို ေအာင္ပြဲခံခဲ့တာပါ။

အဲဒီ၀ါရင့္ဘရာဇီးေနာက္ခံလူဟာ အယ္ကလက္စီကိုပြဲေတြမွာ ႏွစ္ေပါင္းမ်ားစြာၾကာကစားလာခဲ့သူျဖစ္လုိ႔ ဒီလိုပြဲမ်ိဳးမွာ သူ႔ရဲ႕အေတြ႕အႀကဳံက အေရးပါခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီပဲြမွာ မာဆယ္လုိဟာ မက္ဆီထက္လည္း ပိုျမန္ေအာင္ေျပးႏိုင္ခဲ့ပါတယ္။ မက္ဆီက တစ္နာရီ ၂၉.၅ ကီလိုမီတာေျပးႏိုင္ခ်ိန္ ၃၁ ႏွစ္အရြယ္ မာဆယ္လုိဟာ တစ္နာရီ ၃၀.၉ ကီလိုမီတာေျပးႏိုင္ခဲ့တာပါ။ မာဆယ္လုိရဲ႕အဲဒီအေရးပါတဲ့ဖ်က္ထုတ္မႈနဲ႔ပတ္သက္ၿပီးေတာ့လည္း ဆုိရွယ္မီဒီယာထက္မွာ ခ်ီးက်ဴးေနၾကပါတယ္။