မက်ဆီကို ပေါင်သန်း(၄၃၀)နဲ့ မန်စီးတီး ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ထိပ်သီး မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်ကစားသမား မက်ဆီကို ပေါင်သန်း(၄၃၀)တန်ကြေးရှိတဲ့ စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်ဆိုပြီး ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဘာစီလိုနာအသင်းကနေ ထွက်တော့မယ်လို့ သတင်းတွေထွက်ခဲ့ပြီး အခုအချိန်မှာတော့ ဆရာဟောင်း ဂွါဒီယိုလာရဲ့ မန်စီးတီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ရာသီကုန်ကျရင် ဘာစီလိုနာနဲ့ လမ်းခွဲဖို့ ပိုမိုနီးစပ်လာပါပြီ။

ဗြိတိန်နာမည်ကျော် အားကစားသတင်းစာ The Sun က မန်စီးတီးအသင်းဟာ မက်ဆီကို ပြီးခဲ့တဲ့နွေရာသီတုန်းက တစ်ပတ်ကို ပေါင်(၂.၃)သန်းပေးပြီး ပေါင်သန်း(၆၀၀)တန်ကြေးရှိတဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာတော့ မန်စီးတီးအသင်းဟာ ပေါင်သန်း(၄၃၀)နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အရင်က ပမာဏထက် ပေါင်သန်း(၁၇၀)နည်းပါးခဲ့ပါတယ်။

အကြောင်းကတော့ အသင်းရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေအရ ပေါင်သန်း(၆၀၀)အထိပေးဖို့ အခက်အခဲရှိသလို မက်ဆီရဲ့အသက်အရွယ်သာမက သူဟာ ဘာစီလိုနာနဲ့ စာချုပ်ပြည့်တော့မယ့်အခြေအနေတွေကို တွက်ချက်ပြီး ပေါင်သန်း(၄၃၀)နဲ့ ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ မန်စီးတီးအသင်းဟာ မက်ဆီကို ကမ်းလှမ်းခဲ့တဲ့စာချုပ်ထဲမှာ အသင်းနဲ့ (၈)နှစ်ကြာလက်တွဲသွားဖို့ ထည့်သွင်းထားပြီး တကယ်လို့ မက်ဆီ ဘောလုံးသမားဘဝကနေ အနားယူပြီးရင်တောင် မန်စီးတီးအသင်းရဲ့ မိတ်ဖက်ကလပ်တွေရဲ့ သံတမန်အဖြစ် ခန့်အပ်သွားမယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်။

မက်ဆီဟာ တစ်ပတ်ကို ပေါင်(၅)သိန်းအထိရရှိနေပြီး ဘာစီလိုနာအသင်းရဲ့ လစာငွေအများဆုံးကစားသမားဖြစ်သလို (၁)နှစ်ကို ပေါင်(၂၆)သန်းအထိရရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ရောဂါဆိုးကြောင့် ဘဏ္ဍာရေးအခက်အခဲတွေရှိနေလို့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလကတည်းက မက်ဆီအပါအဝင် ကစားသမားတွေရဲ့ လစာငွေကို လျှော့ချခဲ့ရသလို အခုအချိန်အထိလည်း ဘဏ္ဍာရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့အတွက် မက်ဆီကို လက်လွှတ်ရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

အခုထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆိုခဲ့ပေမယ့် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းပြည့်တော့မယ့် မက်ဆီကို ပြောင်းရွှေ့ကြေးပေးစရာ မလိုဘဲ ခေါ်ယူခွင့်ရရှိမယ့်အခြေအနေကြောင့် နည်းပြဂွါဒီယိုလာကတော့ သူ့တပည့်ဟောင်းကို ခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီရဲ့ ထင်ပေါ်ကျော်ကြားမှုကနေ ဘာစီလိုနာအသင်းဟာ (၁)နှစ်ကို ပေါင်သန်း(၂၆၀)အထိ ဝင်ငွေပြန်လည်ရရှိနေတာကြောင့် တကယ်လို့ မန်စီးတီးအသင်းသာ မက်ဆီကို ခေါ်နိုင်ခဲ့ရင် အသင်းအောင်မြင်မှုအတွက်ရော၊ ကလပ်ရဲ့ ဘဏ္ဍာရေးအမြတ်အစွန်းအတွက်ပါ အကျိုးရှိနိုင်တာကြောင့် အရှုံးမရှိဘူးလို့ပြောရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီကို ေပါင္သန္း(၄၃၀)နဲ႔ မန္စီးတီး ကမ္းလွမ္းခဲ့တယ္လို႔ သတင္းထြက္ေပၚ

ပရီးမီးယားလိဂ္ထိပ္သီး မန္စီးတီးအသင္းဟာ ဘာစီလိုနာအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား မက္ဆီကို ေပါင္သန္း(၄၃၀)တန္ေၾကးရွိတဲ့ စာခ်ဳပ္နဲ႔ ေခၚယူဖို႔ ကမ္းလွမ္းခဲ့တယ္ဆိုၿပီး ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ဘာစီလိုနာအသင္းကေန ထြက္ေတာ့မယ္လို႔ သတင္းေတြထြက္ခဲ့ၿပီး အခုအခ်ိန္မွာေတာ့ ဆရာေဟာင္း ဂြါဒီယိုလာရဲ႕ မန္စီးတီးက ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ရာသီကုန္က်ရင္ ဘာစီလိုနာနဲ႔ လမ္းခြဲဖို႔ ပိုမိုနီးစပ္လာပါၿပီ။ ၿဗိတိန္နာမည္ေက်ာ္ အားကစားသတင္းစာ The Sun က မန္စီးတီးအသင္းဟာ မက္ဆီကို ၿပီးခဲ့တဲ့ေႏြရာသီတုန္းက တစ္ပတ္ကို ေပါင္(၂.၃)သန္းေပးၿပီး ေပါင္သန္း(၆၀၀)တန္ေၾကးရွိတဲ့ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ မန္စီးတီးအသင္းဟာ ေပါင္သန္း(၄၃၀)နဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ၿပီး အရင္က ပမာဏထက္ ေပါင္သန္း(၁၇၀)နည္းပါးခဲ့ပါတယ္။ အေၾကာင္းကေတာ့ အသင္းရဲ႕ လက္ရွိဘ႑ာေရးအေျခအေနအရ ေပါင္သန္း(၆၀၀)အထိေပးဖို႔ အခက္အခဲရွိသလို မက္ဆီရဲ႕အသက္အ႐ြယ္သာမက သူဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္ျပည့္ေတာ့မယ့္အေျခအေနေတြကို တြက္ခ်က္ၿပီး ေပါင္သန္း(၄၃၀)နဲ႔ ကမ္းလွမ္းဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ဒါေပမဲ့ မန္စီးတီးအသင္းဟာ မက္ဆီကို ကမ္းလွမ္းခဲ့တဲ့စာခ်ဳပ္ထဲမွာ အသင္းနဲ႔ (၈)ႏွစ္ၾကာလက္တြဲသြားဖို႔ ထည့္သြင္းထားၿပီး တကယ္လို႔ မက္ဆီ ေဘာလုံးသမားဘဝကေန အနားယူၿပီးရင္ေတာင္ မန္စီးတီးအသင္းရဲ႕ မိတ္ဖက္ကလပ္ေတြရဲ႕ သံတမန္အျဖစ္ ခန႔္အပ္သြားမယ္ဆိုတဲ့အခ်က္လည္း ပါဝင္ခဲ့ပါတယ္။ မက္ဆီဟာ တစ္ပတ္ကို ေပါင္(၅)သိန္းအထိရရွိေနၿပီး ဘာစီလိုနာအသင္းရဲ႕ လစာေငြအမ်ားဆုံးကစားသမားျဖစ္သလို (၁)ႏွစ္ကို ေပါင္(၂၆)သန္းအထိရရွိေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဘ႑ာေရးအခက္အခဲေတြရွိေနလို႔ ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ႏိုဝင္ဘာလကတည္းက မက္ဆီအပါအဝင္ ကစားသမားေတြရဲ႕ လစာေငြကို ေလွ်ာ့ခ်ခဲ့ရသလို အခုအခ်ိန္အထိလည္း ဘ႑ာေရးအက်ပ္အတည္းကို ေျဖရွင္းႏိုင္ျခင္းမရွိေသးတဲ့အတြက္ မက္ဆီကို လက္လႊတ္ရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။

အခုထြက္ေပၚေနတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး မန္စီးတီးအသင္းရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ျငင္းဆိုခဲ့ေပမယ့္ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းျပည့္ေတာ့မယ့္ မက္ဆီကို ေျပာင္းေ႐ႊ႕ေၾကးေပးစရာ မလိုဘဲ ေခၚယူခြင့္ရရွိမယ့္အေျခအေနေၾကာင့္ နည္းျပဂြါဒီယိုလာကေတာ့ သူ႔တပည့္ေဟာင္းကို ေခၚယူဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ဆီရဲ႕ ထင္ေပၚေက်ာ္ၾကားမႈကေန ဘာစီလိုနာအသင္းဟာ (၁)ႏွစ္ကို ေပါင္သန္း(၂၆၀)အထိ ဝင္ေငြျပန္လည္ရရွိေနတာေၾကာင့္ တကယ္လို႔ မန္စီးတီးအသင္းသာ မက္ဆီကို ေခၚႏိုင္ခဲ့ရင္ အသင္းေအာင္ျမင္မႈအတြက္ေရာ၊ ကလပ္ရဲ႕ ဘ႑ာေရးအျမတ္အစြန္းအတြက္ပါ အက်ိဳးရွိႏိုင္တာေၾကာင့္ အရႈံးမရွိဘူးလို႔ေျပာရမွာပါ။