မက်ဆီကို ပိုချစ်သလိုဖြစ်ခဲ့လို့ နေမာ၊ ဘာပေတို့ရဲ့ အမျက်ရှခံရတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်း နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကပဲ ဒီနှစ်အတွက် ဘလွန်းဒီအော်ဆုကို မက်ဆီပဲ ရသွားမယ်လို့ ပြောကြားခဲ့ပြီးတဲ့နောက်

အခြား ပီအက်စ်ဂျီ အသင်းသားတွေ ဖြစ်တဲ့ နေမာနဲ့အမ်ဘာပေတို့က မကျေမနပ် မေးခွန်းထုတ်နေတယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။

ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်း ထွက်ပေါ်လာပြီး ဆုကို ဘယ်သူ ဆွတ်ခူးနိုင်မလဲ ဆိုတာကို မေးမြန်းခဲ့ရာမှာ ပိုချက်တီနိုက

“အဲဒီဆုကို လီယွန်နယ်မက်ဆီပဲ ဆွတ်ခူးသင့်တယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။

တကယ်လို့ မက်ဆီဟာ ကျွန်တော့်ရဲ့ အသင်းသား ဖြစ်မနေဘူး ဆိုရင်လည်း ကျွန်တော် ကတော့ ဒီဆု အတွက် မက်ဆီပဲ ဆွတ်ခူးသင့်တယ်လို့ ပြောနေအုံးမှာ ဖြစ်ပါတယ်။”

“ကျွန်တော့်ရဲ့ အဖြေဟာ နှလုံးသားထဲက လာတာပါ။ ကျွန်တော်ဟာ အမြဲတမ်း ကိုယ်ခံစားရတဲ့ အတိုင်းပဲ ပြောပါတယ်။

ဒီစင်မြင့်ထက်မှာ မက်ဆီနဲ့အတူ ရှိရမယ့် ကစားသမား ၂ ဦး ကတော့ လီဝန်ဒေါစကီး နဲ့ ခရစ်စတီယာနို တို့ပဲ ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုပြောကြားခဲ့တဲ့ ကစားသမား (၃) ယောက်ထဲမှာ နေမာရော၊ အမ်ဘာပေရော မပါဝင်ခဲ့ပါဘူး။

ပိုချက်တီနိုက “ကျွန်တော်က မက်ဆီကို ဘလွန်းဒီအော်ဆုရမယ်ပြောလိုက်လို့ ပြဿနာတက်သွားပါသေးတယ်။

နေမာနဲ့ အမ်ဘာပေက ကျွန်တော့်ဆီလာပြီး ဘာလို့ သူတို့ရမယ် မပြောတာလဲ ဆိုပြီးတော့ပြောကြပါတယ်”

“ဘာပဲဖြစ်ဖြစ် ပဲရစ်မြို့က ဘယ်ကစားသမားပဲရရ၊ ဒါက ကြီးကျယ်ခမ်းနားတဲ့ကိစ္စပဲလေ။ မဟုတ်ဘူးလား။

ဒါပေမယ့် မက်ဆီကတော့ ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီကို ပိုခ်စ္သလိုျဖစ္ခဲ့လို႔ ​ေနမာ၊ ဘာ​ေပတို႔ရဲ႕ အမ်က္ရွခံရတဲ့ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီအသင္း နည္းျပ ပိုခ်က္တီႏိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ကပဲ ဒီႏွစ္အတြက္ ဘလြန္းဒီေအာ္ဆုကို မက္ဆီပဲ ရသြားမယ္လို႔ ေျပာၾကားခဲ့ၿပီးတဲ့ေနာက္ အျခား ပီအက္စ္ဂ်ီ အသင္းသားေတြ ျဖစ္တဲ့ ေနမာနဲ႔အမ္ဘာေပတို႔က မ​ေက်မနပ္ ေမးခြန္းထုတ္ေနတယ္လို႔ ဖြင့္ဟေျပာၾကားလာပါတယ္။

ဘလြန္းဒီေအာ္ဆုအတြက္ ဆန္ခါတင္ကစားသမားစာရင္း ထြက္ေပၚလာၿပီး ဆုကို ဘယ္သူ ဆြတ္ခူးႏိုင္မလဲ ဆိုတာကို ေမးျမန္းခဲ့ရာမွာ ပိုခ်က္တီႏိုက “အဲဒီဆုကို လီယြန္နယ္မက္ဆီပဲ ဆြတ္ခူးသင့္တယ္ ဆိုတာ သံသယ ျဖစ္စရာ မရွိပါဘူး။ တကယ္လို႔ မက္ဆီဟာ ကြၽန္ေတာ့္ရဲ႕ အသင္းသား ျဖစ္မေနဘူး ဆိုရင္လည္း ကြၽန္ေတာ္ ကေတာ့ ဒီဆု အတြက္ မက္ဆီပဲ ဆြတ္ခူးသင့္တယ္လို႔ ေျပာေနအုံးမွာ ျဖစ္ပါတယ္။”

“ကြၽန္ေတာ့္ရဲ႕ အေျဖဟာ ႏွလုံးသားထဲက လာတာပါ။ ကြၽန္ေတာ္ဟာ အၿမဲတမ္း ကိုယ္ခံစားရတဲ့ အတိုင္းပဲ ေျပာပါတယ္။ ဒီစင္ျမင့္ထက္မွာ မက္ဆီနဲ႔အတူ ရွိရမယ့္ ကစားသမား ၂ ဦး ကေတာ့ လီဝန္ေဒါစကီး နဲ႔ ခရစ္စတီယာႏို တို႔ပဲ ျဖစ္ပါတယ္။” လို႔ ​ေျပာဆိုခဲ့ပါတယ္။

ပိုခ်က္တီႏိုေျပာၾကားခဲ့တဲ့ ကစားသမား (၃) ေယာက္ထဲမွာ ေနမာေရာ၊ အမ္ဘာေပေရာ မပါဝင္ခဲ့ပါဘူး။ ပိုခ်က္တီႏိုက “ကြၽန္ေတာ္က မက္ဆီကို ဘလြန္းဒီေအာ္ဆုရမယ္ေျပာလိုက္လို႔ ျပႆနာတက္သြားပါေသးတယ္။ ေနမာနဲ႔ အမ္ဘာေပက ကြၽန္ေတာ့္ဆီလာၿပီး ဘာလို႔ သူတို႔ရမယ္ မေျပာတာလဲ ဆိုၿပီးေတာ့​ေျပာၾကပါတယ္”

“ဘာပဲျဖစ္ျဖစ္ ပဲရစ္ၿမိဳ႕က ဘယ္ကစားသမားပဲရရ၊ ဒါက ႀကီးက်ယ္ခမ္းနားတဲ့ကိစၥပဲေလ။ မဟုတ္ဘူးလား။ ဒါေပမယ့္ မက္ဆီကေတာ့ ဘလြန္းဒီေအာ္ဆုနဲ႔ ထိုက္တန္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။