
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပီအက်စ်ဂျီကို မက်ဆီရောက်လာတာဟာ လီဂူး-၁ ပြိုင်ပွဲနောက်ခံလူတွေအတွက် အိပ်မက်ဆိုးပဲလို့ ထင်မြင်စရာရှိပါတယ်။
ဒါပေမဲ့ လီဂူး-၁ ကလပ်ထရိုယက်စ်မှာကစားနေတဲ့ ဗဟိုနောက်ခံလူရာမီကတော့ အဲဒီအာဂျင်တီးနားသားဟာ အရင်နှစ်တွေကလို တားဆီးဖို့ မခက်ခဲတော့ကြောင်း ယုံကြည်နေပါတယ်။
ပြင်သစ်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီး ဆီဗီလာမှာလည်း ကစားခဲ့ဖူးတဲ့ ရာမီဟာ လာလီဂါမှာရှိစဉ်က မက်ဆီနဲ့ ပုံမှန်ုရင်ဆိုင်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ရာမီဟာ အဲဒီ Ballon d’Or ဆု ၆ ထပ်ကွမ်းပိုင်ရှင်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ၁၂ ကြိမ်စလုံးမှာ ဘယ်တုန်းကမှ အနိုင်မရခဲ့ပါဘူး။
”မက်ဆီနဲ့တွေ့တိုင်း ကျွန်တော် တစ်ခါမှ မနိုင်ခဲ့ဖူးတာ မှန်တယ်။
ဒါပေမဲ့ ၃ ပွဲသရေရှိခဲ့တယ်လေ။(တစ်ခစ်ခစ်ရယ်လျှက်)
ကျွန်တော် သူ့ဆီကနေ အင်္ကျီ ၄၊ ၅ ခါလည်း ရခဲ့ပါတယ်။
အဲဒီတုန်းက သူဟာ အရမ်းကိုသန်မာပြီး ကျွန်တော့်နောက်မှာ အမြဲရှိနေတတ်တာပါ။
သူလူကျွံနေရင်လည်း ကွင်းလယ်စည်းကိုထိဖို့ ပြန်လာပြီး နောက်တစ်ကြိမ်ထပ်ကြိုးစားတာပါပဲ”လို့ ရာမီက ဆိုပါတယ်။
ဒါ့အပြင် ရာမီက”အခုတော့ သူက ဘောလုံးပေးသူတစ်ယောက် ပိုဖြစ်သွားပြီး ဒါဆို နောက်ခံလူတွေအတွက် ပိုလွယ်ကူပြီး ကျွန်တော်တို့က စောင့်ဆိုင်းလို့ရပါတယ်။
အရင်လို လိမ်ခေါက်မှုတွေအများကြီးသူလုပ်နိုင်ဦးမယ်လို့ မထင်ပါဘူး”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာလည်း မက်ဆီဟာ ပြင်သ်ဘောလုံးမှာ ထင်ထားသလောက် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။
မက်ဆီဟာ သူ့ရဲ့ပထမဆုံးလီဂူး ၃ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် မန်စီးတီးကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အံ့သြစရာဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ နေမာ၊အမ်ဘက်ပီတို့နဲ့ ပီအက်စ်ဂျီ ၃ ယောက်တွဲတိုက်စစ်မှာ ညာခြမ်းနေရာက ကစားပြီး ဒီမာရီယာဝင်လာရင်တော့ ဒုတိယတိုက်စစ်မှုးတစ်ယောက်အနေနဲ့ ကစားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မက္ဆီကို တားဆီးႏိုင္ဖို႔က အခုပိုလြယ္သြားၿပီလို႔ ထ႐ိုယက္စ္ေနာက္ခံလူရာမီဆိုပီအက္စ္ဂ်ီကို မက္ဆီေရာက္လာတာဟာ လီဂူး-၁ ၿပိဳင္ပြဲေနာက္ခံလူေတြအတြက္ အိပ္မက္ဆိုးပဲလို႔ ထင္ျမင္စရာရွိပါတယ္။
ဒါေပမဲ့ လီဂူး-၁ ကလပ္ထ႐ိုယက္စ္မွာကစားေနတဲ့ ဗဟိုေနာက္ခံလူရာမီကေတာ့ အဲဒီအာဂ်င္တီးနားသားဟာ အရင္ႏွစ္ေတြကလို တားဆီးဖို႔ မခက္ခဲေတာ့ေၾကာင္း ယုံၾကည္ေနပါတယ္။ျပင္သစ္နဲ႔အတူ ၂၀၁၈ ကမာၻ႔ဖလားမွာ ဗိုလ္စြဲခဲ့ၿပီး ဆီဗီလာမွာလည္း ကစားခဲ့ဖူးတဲ့ ရာမီဟာ လာလီဂါမွာရွိစဥ္က မက္ဆီနဲ႔ ပုံမွႏ္ုရင္ဆိုင္ခဲ့ဖူးပါတယ္။ဒါေပမဲ့ ရာမီဟာ အဲဒီ Ballon d’Or ဆု ၆ ထပ္ကြမ္းပိုင္ရွင္နဲ႔ ေတြ႕ဆုံခဲ့ဖူးတဲ့ ၁၂ ႀကိမ္စလုံးမွာ ဘယ္တုန္းကမွ အႏိုင္မရခဲ့ပါဘူး။
”မက္ဆီနဲ႔ေတြ႕တိုင္း ကြၽန္ေတာ္ တစ္ခါမွ မႏိုင္ခဲ့ဖူးတာ မွန္တယ္။ ဒါေပမဲ့ ၃ ပြဲသေရရွိခဲ့တယ္ေလ။(တစ္ခစ္ခစ္ရယ္လွ်က္) ကြၽန္ေတာ္ သူ႔ဆီကေန အက်ႌ ၄၊ ၅ ခါလည္း ရခဲ့ပါတယ္။ အဲဒီတုန္းက သူဟာ အရမ္းကိုသန္မာၿပီး ကြၽန္ေတာ့္ေနာက္မွာ အၿမဲရွိေနတတ္တာပါ။ သူလူကြၽံေနရင္လည္း ကြင္းလယ္စည္းကိုထိဖို႔ ျပန္လာၿပီး ေနာက္တစ္ႀကိမ္ထပ္ႀကိဳးစားတာပါပဲ”လို႔ ရာမီက ဆိုပါတယ္။ဒါ့အျပင္ ရာမီက”အခုေတာ့ သူက ေဘာလုံးေပးသူတစ္ေယာက္ ပိုျဖစ္သြားၿပီး ဒါဆို ေနာက္ခံလူေတြအတြက္ ပိုလြယ္ကူၿပီး ကြၽန္ေတာ္တို႔က ေစာင့္ဆိုင္းလို႔ရပါတယ္။ အရင္လို လိမ္ေခါက္မႈေတြအမ်ားႀကီးသူလုပ္ႏိုင္ဦးမယ္လို႔ မထင္ပါဘူး”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာလည္း မက္ဆီဟာ ျပင္သ္ေဘာလုံးမွာ ထင္ထားသေလာက္ စြမ္းေဆာင္ႏိုင္ျခင္း မရွိေသးပါဘူး။မက္ဆီဟာ သူ႔ရဲ႕ပထမဆုံးလီဂူး ၃ ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ မန္စီးတီးကိုအႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ အံ့ၾသစရာဂိုးတစ္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။သူဟာ ေနမာ၊အမ္ဘက္ပီတို႔နဲ႔ ပီအက္စ္ဂ်ီ ၃ ေယာက္တြဲတိုက္စစ္မွာ ညာျခမ္းေနရာက ကစားၿပီး ဒီမာရီယာဝင္လာရင္ေတာ့ ဒုတိယတိုက္စစ္မႈးတစ္ေယာက္အေနနဲ႔ ကစားပါတယ္။