မက်ဆီကို စည်းမျဉ်းနဲ့ အညီ ခေါ်ယူခဲ့ကာ၊ ဘတ်ပီ ထွက်စရာမလိုကြောင်း ပြောတဲ့ PSG ဥက္ကဌ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ် ထိပ်သီး ကလပ် PSG ကို ပြောင်းရွှေ့ လာခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း မက်ဆီ ဟာ ဒီကနေ့ မှာတော့ အသင်းသစ် နဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် သွားခဲ့ ပါတယ်။

မက်ဆီ နဲ့ အတူ PSG ဥက္ကဌ နက်ဆာ အယ်ခါလိုင်ဖီ လည်း တက်ရောက် လာခဲ့ပြီး မီဒီယာတွေ ကို ဖြေကြား သွားခဲ့ ပါတယ်။

PSG ဥက္ကဌ အယ်ခါလိုင်ဖီ က မက်ဆီ ကို ခေါ်ယူ ခဲ့မှုကြောင့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ ဟာ သတ်မှတ် ထားတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိနေမလား ဆိုတဲ့ မေးခွန်း နဲ့ ဘတ်ပီ ရဲ့ အနာဂတ် တို့ အကြောင်းကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ်။

“အသင်းကို စတင် ကိုင်တွယ် ခဲ့တဲ့ ပထမ နေ့ကတည်းက စပြီး ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ အမြဲ လုပ်ဆောင် ခဲ့ပါတယ်။

တစ်ခုခု လုပ်မယ်ဆိုတာနဲ့ အသင်းရဲ့ ဘဏ္ဍာရေး အဖွဲ့က ကိုက်ညီမှု ရှိမရှိ ကို အရင်ဆုံး စစ်ဆေး ပါတယ်။

FFP စည်းမျဉ်း အတွင်းမှာပဲ မက်ဆီ ကို ခေါ်ယူနိုင်မယ် ဆိုတာ သေချာမှ ကျွန်တော်တို့ ကမ်းလှမ်းမှု စတင်ခဲ့တာပါ”

“ပဲရစ်မှာ ရှိတဲ့သူတွေနဲ့ ကစားသမားတွေက ကိုင်လီ ရဲ့အနာဂတ်ကို သိကြမယ်ထင်ပါတယ်။

သူဟာ တကယ့်ကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကစားသမားပါ။

သူဟာ အနိုင်ရချင်တယ် ဆုဖလားတွေရယူချင်တယ်ဆိုတာကို လူသိရှင်ကြားပြောခဲ့ပါတယ်။

သူဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတစ်သင်းကို လိုချင်တယ်။”

“ကျွန်တော်တို့က ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။

ဒါကြောင့် အခုသူ့အတွက် ဆင်ခြေမရှိပါဘူး။

သူက တခြားအရာ‌တွေဘာမှမလုပ်ပါဘူး။ ဒီမှာပဲ ဆက်ရှိမှာပါလို့”ပြောဆိုသွားခဲ့ပါတယ်။

(၂၀၁၇-၁၈) ရာသီက မိုနာကို ကနေ PSG ကို ရောက်ရှိလာတဲ့ ဘတ်ပီ ဟာ အသင်းအတွက် ပွဲပေါင်း(၁၇၂)ပွဲပါဝင်ကစားထားပြီး (၁၃၂)ဂိုးသွင်းယူထားကာ ဆုဖလားအများအပြားရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီကို စည္းမ်ဥ္းနဲ႔ အညီ ေခၚယူခဲ့ကာ၊ ဘတ္ပီ ထြက္စရာမလိုေၾကာင္း ေျပာတဲ့ PSG ဥကၠဌ

ျပင္သစ္ ထိပ္သီး ကလပ္ PSG ကို ေျပာင္းေ႐ႊ႕ လာခဲ့တဲ့ ဘာစီလိုနာ တိုက္စစ္မႉးေဟာင္း မက္ဆီ ဟာ ဒီကေန႔ မွာေတာ့ အသင္းသစ္ နဲ႔ ပထမဆုံး သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ သြားခဲ့ ပါတယ္ ။ မက္ဆီ နဲ႔ အတူ PSG ဥကၠဌ နက္ဆာ အယ္ခါလိုင္ဖီ လည္း တက္ေရာက္ လာခဲ့ၿပီး မီဒီယာေတြ ကို ေျဖၾကား သြားခဲ့ ပါတယ္။

PSG ဥကၠဌ အယ္ခါလိုင္ဖီ က မက္ဆီ ကို ေခၚယူ ခဲ့မႈေၾကာင့္ အသင္းရဲ႕ ဘ႑ာေရး အေျခအေန ဟာ သတ္မွတ္ ထားတဲ့ စည္းမ်ဥ္းေတြနဲ႔ ကိုက္ညီမႈ ရွိေနမလား ဆိုတဲ့ ေမးခြန္း နဲ႔ ဘတ္ပီ ရဲ႕ အနာဂတ္ တို႔ အေၾကာင္းကို ထည့္သြင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“အသင္းကို စတင္ ကိုင္တြယ္ ခဲ့တဲ့ ပထမ ေန႔ကတည္းက စၿပီး ဘ႑ာေရး စည္းမ်ဥ္းေတြနဲ႔ ကိုက္ညီေအာင္ ကြၽန္ေတာ္တို႔ အၿမဲ လုပ္ေဆာင္ ခဲ့ပါတယ္ ။ တစ္ခုခု လုပ္မယ္ဆိုတာနဲ႔ အသင္းရဲ႕ ဘ႑ာေရး အဖြဲ႕က ကိုက္ညီမႈ ရွိမရွိ ကို အရင္ဆုံး စစ္ေဆး ပါတယ္ ။ FFP စည္းမ်ဥ္း အတြင္းမွာပဲ မက္ဆီ ကို ေခၚယူႏိုင္မယ္ ဆိုတာ ေသခ်ာမွ ကြၽန္ေတာ္တို႔ ကမ္းလွမ္းမႈ စတင္ခဲ့တာပါ”

“ပဲရစ္မွာ ရွိတဲ့သူေတြနဲ႔ ကစားသမားေတြက ကိုင္လီ ရဲ႕အနာဂတ္ကို သိၾကမယ္ထင္ပါတယ္။သူဟာ တကယ့္ကို ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ကစားသမားပါ။ သူဟာ အႏိုင္ရခ်င္တယ္ ဆုဖလားေတြရယူခ်င္တယ္ဆိုတာကို လူသိရွင္ၾကားေျပာခဲ့ပါတယ္။သူဟာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ အသင္းတစ္သင္းကို လိုခ်င္တယ္။”

“ကြၽန္ေတာ္တို႔က ကမာၻေပၚမွာ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ဒါေၾကာင့္ အခုသူ႔အတြက္ ဆင္ေျခမရွိပါဘူး။သူက တျခားအရာ‌ေတြဘာမွမလုပ္ပါဘူး။ ဒီမွာပဲ ဆက္ရွိမွာပါလို႔”ေျပာဆိုသြားခဲ့ပါတယ္။

(၂၀၁၇-၁၈) ရာသီက မိုနာကို ကေန PSG ကို ေရာက္ရွိလာတဲ့ ဘတ္ပီ ဟာ အသင္းအတြက္ ပြဲေပါင္း(၁၇၂)ပြဲပါဝင္ကစားထားၿပီး (၁၃၂)ဂိုးသြင္းယူထားကာ ဆုဖလားအမ်ားအျပားရယူထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။