မက်ဆီကို ခေါ်ယူလိုတဲ့အသင်းတွေအတွက် အဖိုးတန်လွန်းတဲ့ သတင်းကောင်းတစ်ရပ် ထွက်ပေါ်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီရဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ အချက်က အခုလို နောက်ဆုံးနှစ်ထဲမှာ အကျုံးမဝင်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီစာချုပ်ဖျက်သိမ်းကြေးက ဘာစီလိုနာကနေ ထွက်ခွာလိုတဲ့ အာဂျင်တီးနာအးသင်းခေါင်းဆောင်အတွက် အဓိကအတားအဆီးဖြစ်နေပါတယ်။


တိုက်စစ်မှူး မက်ဆီဟာ ၁၉ နှစ်ကြာ ကျင်လည်လာခဲ့တဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ပိုမိုနီးစပ်လာပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်က တစ်ပတ်လုပ်ခလ ပေါင် ၁၂၂၄၀၀၀ နဲ့ ၂၀၂၁ အထိ ရှိမယ့် ၄နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ ကို ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။


ဒါပေမဲ့ သတင်းတွေရဲ့ဖော်ပြချက်အရ အဲဒီစာချုပ်ဖျက်သိမ်းကြေးက အခုလို စာချုပ်သက်တမ်းကုန်ဆုံးဖို့ နောက်ဆုံးနှစ်ထဲ ရောက်လာချိန်မှာ အကျုံးမဝင်တော့ဘူးလို့ သိရပါတယ်။ Cadena Ser သတင်းဌာနက အထက်ပါအတိုင်း ဖော်ပြခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၉ ရက်နေ့မှာ အဲဒီအချက်က သက်တမ်းကုန်ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။


ဘာစီလိုနာက မက်ဆီကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးပေးရမယ်လို့ သတိပေးထားပေမယ့် စီးတီးနဲ့ ပီအက်စ်ဂျီတို့လို သူ့ကို ခေါ်ယူလိုနေတဲ့အသင်းတွေကတော့ မက်ဆီအနေနဲ့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိအောင် တွန်းအားပေး ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

စီးတီးက လက်ရှိအချိန်မှာ မက်ဆီကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ဘာစီလိုနာနည်းပြဟောင်း ဂွါဒီယိုလာနဲ့လည်း ပြန်လည်လက်တွဲခွင့် ရလာနိုင်ပါတယ်။ စပိန်နိုင်ငံသား ဂွါဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်ပဲ လိုတော့ပြီး တကယ်လို့ မက်ဆီသာ ရောက်လာခဲ့ရင် ဂွါဒီယိုလာလည်း စာချုပ်သစ်ချုပ်ဆိုလိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။


မက်ဆီရဲ့စာချုပ်ထဲမှာ သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်အလိုမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမယ့်အချက် ထည့်သွင်းချုပ်ဆိုထားပေမယ့် အဲဒီအချက်က ဇွန်လ ၁၀ ရက်နေ့မှာ ကုန်ဆုံးသွားပြီလို့ ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


ဒါပေမဲ့ မက်ဆီကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီကို နွေရာသီအတွင်း ကစားခဲ့ရလို့ အဲဒီအချက်ကလည်း သြဂုတ်လကုန်မှသာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့ ထောက်ပြထားပြီး စာချုပ်ဖျက်သိမ်းကြေး မရှိတော့ရင် သူ့ကို ခေါ်ယူမယ့်အသင်းတွေအတွက် မျှော်လင့်ချက်ပိုရှိလာနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

မက္ဆီကို ေခၚယူလုိတဲ့အသင္းေတြအတြက္ အဖိုးတန္လြန္းတဲ့ သတင္းေကာင္းတစ္ရပ္ ထြက္ေပၚလာ

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီရဲ႕ စာခ်ဳပ္ထဲမွာ ပါ၀င္တဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၇၀၀ အခ်က္က အခုလုိ ေနာက္ဆုံးႏွစ္ထဲမွာ အက်ံဳးမ၀င္ဘူးလုိ႔ သတင္းေတြ ထြက္ေပၚေနၿပီး အဲဒီစာခ်ဳပ္ဖ်က္သိမ္းေၾကးက ဘာစီလုိနာကေန ထြက္ခြာလုိတဲ့ အာဂ်င္တီးနာအးသင္းေခါင္းေဆာင္အတြက္ အဓိကအတားအဆီးျဖစ္ေနပါတယ္။

တုိက္စစ္မွဴး မက္ဆီဟာ ၁၉ ႏွစ္ၾကာ က်င္လည္လာခဲ့တဲ့ ဘာစီလိုနာကေန ထြက္ခြာဖို႔ ပိုမိုနီးစပ္လာပါတယ္။ သူဟာ ၂၀၁၇ ခုႏွစ္က တစ္ပတ္လုပ္ခလ ေပါင္ ၁၂၂၄၀၀၀ နဲ႔ ၂၀၂၁ အထိ ရွိမယ့္ ၄ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ရာမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၇၀၀ ကို ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

ဒါေပမ့ဲ့ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အဲဒီစာခ်ဳပ္ဖ်က္သိမ္းေၾကးက အခုလို စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ေနာက္ဆုံးႏွစ္ထဲ ေရာက္လာခ်ိန္မွာ အက်ံဳးမ၀င္ေတာ့ဘူးလုိ႔ သိရပါတယ္။ Cadena Ser သတင္းဌာနက အထက္ပါအတုိင္း ေဖာ္ျပခဲ့တာျဖစ္ၿပီး ၾသဂုတ္လ ၂၉ ရက္ေန႔မွာ အဲဒီအခ်က္က သက္တမ္းကုန္ဆုံးသြားတာျဖစ္တယ္လုိ႔ သိရပါတယ္။

ဘာစီလုိနာက မက္ဆီကို ေခၚယူလုိတဲ့အသင္းေတြအေနနဲ႔ ျမင့္မားလြန္းတဲ့ ေျပာင္းေရႊ႕ေၾကးေပးရမယ္လုိ႔ သတိေပးထားေပမယ့္ စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔လို သူ႕ကို ေခၚယူလုိေနတဲ့အသင္းေတြကေတာ့ မက္ဆီအေနနဲ႔ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရရွိေအာင္ တြန္းအားေပး ႀကိဳးစားလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားပါတယ္။

စီးတီးက လက္ရွိအခ်ိန္မွာ မက္ဆီကို ေခၚယူႏုိင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး ဘာစီလုိနာနည္းျပေဟာင္း ဂြါဒီယိုလာနဲ႔လည္း ျပန္လည္လက္တြဲခြင့္ ရလာႏိုင္ပါတယ္။ စပိန္ႏိုင္ငံသား ဂြါဒီယိုလာဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖုိ႔ ၁ ႏွစ္ပဲ လိုေတာ့ၿပီး တကယ္လုိ႔ မက္ဆီသာ ေရာက္လာခဲ့ရင္ ဂြါဒီယိုလာလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိမ့္မယ္လုိ႔ အသင္းတာ၀န္ရွိသူေတြက ယုံၾကည္ေနပါတယ္။

မက္ဆီရဲ႕စာခ်ဳပ္ထဲမွာ သက္တမ္းကုန္ဆုံးဖို႔ တစ္ႏွစ္အလုိမွာ အသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရမယ့္အခ်က္ ထည့္သြင္းခ်ဳပ္ဆုိထားေပမယ့္ အဲဒီအခ်က္က ဇြန္လ ၁၀ ရက္ေန႔မွာ ကုန္ဆုံးသြားၿပီလုိ႔ ဘာစီလုိနာအသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမဲ့ မက္ဆီကေတာ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ရာသီကို ေႏြရာသီအတြင္း ကစားခဲ့ရလုိ႔ အဲဒီအခ်က္ကလည္း ၾသဂုတ္လကုန္မွသာ သက္တမ္းကုန္ဆုံးမွာ ျဖစ္တယ္လုိ႔ ေထာက္ျပထားၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကး မရွိေတာ့ရင္ သူ႕ကို ေခၚယူမယ့္အသင္းေတြအတြက္ ေမွ်ာ္လင့္ခ်က္ပိုရွိလာႏိုင္ပါတယ္။