မက်ဆီကို ခေါ်ယူနိုင်ဖို့ ဆွာရက်ဇ်ကနေတစ်ဆင့် ကြိုးပမ်းခိုင်းခဲ့ဖူးတယ်လို့ ဆီမြွန်နီဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီက ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာနဲ့မက်ဆီတို့ ရုတ်တရက်လမ်းခွဲလိုက်ချိန်မှာ မက်ဆီကိုခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ ဆွာရက်ဇ်ကနေတစ်ဆင့်ကြိုးပမ်းခဲ့ဖူးတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် သူ့ရဲ့လစာငွေကိုမပေးနိုင်တာကြောင့် စာချုပ်ကိစ္စအဆင်မပြေဖြစ်ခဲ့ပြီး ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဆီ မထင်မှတ်ဘဲပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ PSG အသင်းကို မက်ဆီမပြောင်းရွှေ့ခင် ဆီမြွန်နီဟာ ဆွာရက်ဇ်နဲ့မက်ဆီတို့ရဲ့ ခင်မင်ရင်းနှီးမှုကိုအသုံးချပြီးတော့ အက်သလက်တီကိုအသင်းဆီ မက်ဆီပြောင်းရွှေ့အောင်လို့ ကြိုးပမ်းခဲ့တာပါ။

အာဂျင်တီးနားအားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ Ole နဲ့ အင်တာဗျူးမှာ ဆီမြွန်နီက “အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို ကျွန်တော်အသေးစိတ်ပြောပြပါ့မယ်။

ဘာစီလိုနာကနေ မက်ဆီ ထွက်တော့မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ဆွာရက်ဇ်ဆီ ဖုန်းဆက်ခဲ့ပါတယ်။

မက်ဆီကိုတော့ အဲဒီအချိန်ကအနေအထားအရ နားလည်မှုရှိရှိနဲ့ ကျွန်တော်တို့ မဆက်သွယ်ခဲ့ပါဘူး။

ဒါပေမဲ့ ဆွာရက်ဇ်ဆီ ဖုန်းဆက်ပြီးတော့ မက်ဆီရဲ့အခြေအနေဘယ်လိုရှိလဲ၊ သူ အက်သလက်တီကိုအသင်းမှာကစားဖို့ ဆန္ဒရှိလား ဒါမှမဟုတ် မက်ဆီကိုခေါ်ယူနိုင်ဖို့ ဖြစ်နိုင်ခြေနည်းနည်းများရှိမလားဆိုပြီးတော့ မေးမြန်ခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီအချိန်မှာ PSG အသင်းက မက်ဆီရဲ့အပြောင်းအရွှေ့အတွက် ကြိုးပမ်းမှုစတင်ပြုလုပ်လာတာကြောင့် အက်သလက်တီကိုအသင်းဆီ မက်ဆီကို ခေါ်ယူချင်နေတဲ့ ဆီမြွန်နီရဲ့အိပ်မက်ဟာလည်း အဆုံးသတ်ခဲ့ရပါတယ်။

ဆီမြွန်နီက “မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်ခြေက အရမ်းနည်းလွန်းပြီး ကျွန်တော်တို့ ကမ်းလှမ်းမှုပြုလုပ်ဖို့စတင်ပြင်ဆင်နေတုန်းမှာပဲ မျှော်လ့င်ချက်က အဆုံးသတ်ခဲ့ရပါတယ်။

မက်ဆီကို ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုက (၃)နာရီလောက်သာကြာခဲ့ပြီး အဲဒီအချိန်မှာ PSG အသင်းက မက်ဆီကို အသည်းအသန်းကြိုးပမ်းခဲ့တာကြောင့် ကျွန်တော်တို့ လက်လျှော့ခဲ့ရတာပဲဖြစ်ပါတယ်”လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။

မက်ဆီနဲ့ဆွာရက်ဇ်တို့ဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိအတူတွဲဖက်ကစားခဲ့ပြီး ၂၀၂၀၊ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ဆွာရက်ဇ်တို့ လမ်းခွဲလိုက်ချိန်နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ကြား အဆက်အသွယ်မပြတ်ခဲ့ပါဘူး။

ဆွာရက်ဇ်ကို လက်လွှတ်လိုက်ချိန်တုန်းက မက်ဆီဟာ ဒေါသပေါက်ကွဲခဲ့ပြီး အသင်းရဲ့လုပ်ရပ်အပေါ်လူသိရှင်ကြားဝေဖန်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မက္ဆီကို ေခၚယူႏိုင္ဖို႔ ဆြာရက္ဇ္ကေနတစ္ဆင့္ ႀကိဳးပမ္းခိုင္းခဲ့ဖူးတယ္လို႔ ဆီႁမြန္နီဝန္ခံ

အက္သလက္တီကိုအသင္းနည္းျပဆီႁမြန္နီက ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ဘာစီလိုနာနဲ႔မက္ဆီတို႔ ႐ုတ္တရက္လမ္းခြဲလိုက္ခ်ိန္မွာ မက္ဆီကိုေခၚယူႏိုင္ဖို႔အတြက္ သူ႔ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္သူ ဆြာရက္ဇ္ကေနတစ္ဆင့္ႀကိဳးပမ္းခဲ့ဖူးတယ္လို႔ ဖြင့္ဟေျပာဆိုလိုက္ပါတယ္။ ဘာစီလိုနာအသင္းဟာ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ သူ႔ရဲ႕လစာေငြကိုမေပးႏိုင္တာေၾကာင့္ စာခ်ဳပ္ကိစၥအဆင္မေျပျဖစ္ခဲ့ၿပီး ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းဆီ မထင္မွတ္ဘဲေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ PSG အသင္းကို မက္ဆီမေျပာင္းေ႐ႊ႕ခင္ ဆီႁမြန္နီဟာ ဆြာရက္ဇ္နဲ႔မက္ဆီတို႔ရဲ႕ ခင္မင္ရင္းႏွီးမႈကိုအသုံးခ်ၿပီးေတာ့ အက္သလက္တီကိုအသင္းဆီ မက္ဆီေျပာင္းေ႐ႊ႕ေအာင္လို႔ ႀကိဳးပမ္းခဲ့တာပါ။

အာဂ်င္တီးနားအားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ Ole နဲ႔ အင္တာဗ်ဴးမွာ ဆီႁမြန္နီက “အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ခင္ဗ်ားတို႔ကို ကြၽန္ေတာ္အေသးစိတ္ေျပာျပပါ့မယ္။ ဘာစီလိုနာကေန မက္ဆီ ထြက္ေတာ့မယ္ဆိုတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ ဆြာရက္ဇ္ဆီ ဖုန္းဆက္ခဲ့ပါတယ္။ မက္ဆီကိုေတာ့ အဲဒီအခ်ိန္ကအေနအထားအရ နားလည္မႈရွိရွိနဲ႔ ကြၽန္ေတာ္တို႔ မဆက္သြယ္ခဲ့ပါဘူး။ ဒါေပမဲ့ ဆြာရက္ဇ္ဆီ ဖုန္းဆက္ၿပီးေတာ့ မက္ဆီရဲ႕အေျခအေနဘယ္လိုရွိလဲ၊ သူ အက္သလက္တီကိုအသင္းမွာကစားဖို႔ ဆႏၵရွိလား ဒါမွမဟုတ္ မက္ဆီကိုေခၚယူႏိုင္ဖို႔ ျဖစ္ႏိုင္ေျခနည္းနည္းမ်ားရွိမလားဆိုၿပီးေတာ့ ေမးျမန္ခဲ့တာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့လည္း အဲဒီအခ်ိန္မွာ PSG အသင္းက မက္ဆီရဲ႕အေျပာင္းအေ႐ႊ႕အတြက္ ႀကိဳးပမ္းမႈစတင္ျပဳလုပ္လာတာေၾကာင့္ အက္သလက္တီကိုအသင္းဆီ မက္ဆီကို ေခၚယူခ်င္ေနတဲ့ ဆီႁမြန္နီရဲ႕အိပ္မက္ဟာလည္း အဆုံးသတ္ခဲ့ရပါတယ္။ ဆီႁမြန္နီက “မက္ဆီကို ေခၚယူႏိုင္ဖို႔အတြက္ ျဖစ္ႏိုင္ေျခက အရမ္းနည္းလြန္းၿပီး ကြၽန္ေတာ္တို႔ ကမ္းလွမ္းမႈျပဳလုပ္ဖို႔စတင္ျပင္ဆင္ေနတုန္းမွာပဲ ေမွ်ာ္လ့င္ခ်က္က အဆုံးသတ္ခဲ့ရပါတယ္။ မက္ဆီကို ေခၚယူႏိုင္ဖို႔ ကြၽန္ေတာ္တို႔ရဲ႕ႀကိဳးပမ္းမႈက (၃)နာရီေလာက္သာၾကာခဲ့ၿပီး အဲဒီအခ်ိန္မွာ PSG အသင္းက မက္ဆီကို အသည္းအသန္းႀကိဳးပမ္းခဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ လက္ေလွ်ာ့ခဲ့ရတာပဲျဖစ္ပါတယ္”လို႔ ဆက္လက္ေျပာဆိုခဲ့ပါတယ္။

မက္ဆီနဲ႔ဆြာရက္ဇ္တို႔ဟာ ဘာစီလိုနာအသင္းမွာ ၂၀၁၄ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိအတူတြဲဖက္ကစားခဲ့ၿပီး ၂၀၂၀၊ ေႏြရာသီမွာ ဘာစီလိုနာအသင္းနဲ႔ဆြာရက္ဇ္တို႔ လမ္းခြဲလိုက္ခ်ိန္ေနာက္ပိုင္းမွာလည္း သူတို႔ႏွစ္ေယာက္ၾကား အဆက္အသြယ္မျပတ္ခဲ့ပါဘူး။ ဆြာရက္ဇ္ကို လက္လႊတ္လိုက္ခ်ိန္တုန္းက မက္ဆီဟာ ေဒါသေပါက္ကြဲခဲ့ၿပီး အသင္းရဲ႕လုပ္ရပ္အေပၚလူသိရွင္ၾကားေဝဖန္မႈေတြျပဳလုပ္ခဲ့ပါေသးတယ္။