မက်ဆီကိုခေါ်မှာလားဆိုတဲ့ ကိစ္စအပေါ် ဂွာဒီယိုလာရဲ့ တိကျတဲ့ အဖြေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ သူတို့အသင်းဟာ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

မန်စီးတီးရဲ့ နောက်ထပ် ပစ်မှတ်က ဟယ်ရီကိန်း ဖြစ်လာဖို့ ရှိနေပေမယ့် မက်ဆီနဲ့ ဘာစီလိုနာ လမ်းခွဲသတင်း ထွက်လာတာက ဂွာဒီယိုလာရဲ့ ဦးစားပေးပစ်မှတ် အပြောင်းအလဲ ဖြစ်လာမလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဂွာဒီယိုလာက ” ဂျက် ဂရီလစ်အတွက် ပေါင် သန်း ၄၀ သုံးခဲ့ပါတယ်။

ပေါင် သန်း ၆၀ က ကျွန်တော်တို့ ကစားသမားရောင်းထားတဲ့ ငွေကြေးတွေပါ။

အဲလိုနဲ့ သန်း ၁၀၀ သုံးခဲ့တာဖြစ်ပါတယ်။ ဂျက်က နံပါတ် ၁၀ ဝတ်ဆင်ပါလိမ့်မယ်။

မက်ဆီက ဘာစီလိုနာမှာ ဆက်ရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။

အခုချိန်မှာတော့ မက်ဆီကို ခေါ်ယူဖို့ ကျွန်တော်တို့ မစဉ်းစားပါဘူး။”

“မက်ဆီက ဘာစီလိုနာနဲ့ အဆုံးသတ်သွားပြီထင်ပါတယ်။

အဲဒါက လူတိုင်းကို အံ့သြသင့်စေပါတယ်။

အခုတော့ ဥက္ကဋ္ဌ လာပေါ်တာက ရှင်းရှင်းလင်းလင်း လုပ်ခဲ့ပြီဖြစ်ပါတယ်။”

“ကျွန်တော်ပြောနိုင်တာက ဘာစီလိုနာအသင်း အောင်မြင်နိုင်ဖို့ ကူညီပေးခဲ့တာအတွက် မက်ဆီကို ကျေးဇူးတင်ပါတယ်။

အနာဂတ်မှာလည်း သူကံကောင်းပါစေလို့ ဆုတောင်းပေးနေမှာပါ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဇူလိုင်လ ၁ရက်နေ့က တည်းကစာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဆီကိုေခၚမွာလားဆိုတဲ့ ကိစၥအေပၚ ဂြာဒီယိုလာရဲ႕ တိက်တဲ့ အေျဖ

မန္ စီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ဂြာဒီယိုလာ ကေတာ့ သူတို႔အသင္းဟာ ဘာစီလိုနာအသင္း ကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ ရထားတဲ့ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီကို ေခၚယူဖို႔ ႀကိဳးစားသြားမွာ မဟုတ္ေၾကာင္း အတည္ျပဳ ေျပာၾကားသြားပါတယ္။

မန္စီးတီးရဲ႕ ေနာက္ထပ္ ပစ္မွတ္က ဟယ္ရီကိန္း ျဖစ္လာဖို႔ ရွိေနေပမယ့္ မက္ဆီနဲ႔ ဘာစီလိုနာ လမ္းခြဲသတင္း ထြက္လာတာက ဂြာဒီယိုလာရဲ႕ ဦးစားေပးပစ္မွတ္ အေျပာင္းအလဲ ျဖစ္လာမလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။

ဂြာဒီယိုလာက ” ဂ်က္ ဂရီလစ္အတြက္ ေပါင္ သန္း ၄၀ သုံးခဲ့ပါတယ္။ ေပါင္ သန္း ၆၀ က ကြၽန္ေတာ္တို႔ ကစားသမားေရာင္းထားတဲ့ ေငြေၾကးေတြပါ။ အဲလိုနဲ႔ သန္း ၁၀၀ သုံးခဲ့တာျဖစ္ပါတယ္။ ဂ်က္က နံပါတ္ ၁၀ ဝတ္ဆင္ပါလိမ့္မယ္။ မက္ဆီက ဘာစီလိုနာမွာ ဆက္ရွိေနမယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ မက္ဆီကို ေခၚယူဖို႔ ကြၽန္ေတာ္တို႔ မစဥ္းစားပါဘူး။”

“မက္ဆီက ဘာစီလိုနာနဲ႔ အဆုံးသတ္သြားၿပီထင္ပါတယ္။ အဲဒါက လူတိုင္းကို အံ့ၾသသင့္ေစပါတယ္။ အခုေတာ့ ဥကၠ႒ လာေပၚတာက ရွင္းရွင္းလင္းလင္း လုပ္ခဲ့ၿပီျဖစ္ပါတယ္။ ကြၽန္ေတာ္ေျပာႏိုင္တာက ဘာစီလိုနာအသင္း ​ေအာင္ျမင္ႏိုင္ဖို႔ ကူညီေပးခဲ့တာအတြက္ မက္ဆီကို ေက်းဇူးတင္ပါတယ္။ အနာဂတ္မွာလည္း သူကံေကာင္းပါေစလို႔ ဆုေတာင္းေပးေနမွာပါ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၃၄ႏွစ္ အ႐ြယ္ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဘာစီလိုနာအသင္းနဲ႔ ဇူလိုင္လ ၁ရက္ေန႔က တည္းကစာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။