မက်ဂွဲယားကို “ သောက် ပါးစပ်ပိတ်ထား” လို့ ရက်ဖို့ဒ် တုံ့ပြန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခရစ္စတယ် ပဲလေ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ( ၀ – ၀ ) ရလာဒ်ပိုင်ဆိုင်ခဲ့ပြီး လူးဝစ် ဗန်ဟားလက်ထက်နောက်ပိုင်း ပထမဆုံးအကြိမ် ( ၃ ) ပွဲဆက် ဂိုးမရှိသ‌ရေရလာဒ် ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် ( ၆၉ ) မိနစ်မှာ မက်ဂွဲယားက မားကတ်ရက်ဖို့ဒ်ဆီ ဘောလုံးပေးပို့ဖို့ ကြိုးစားချိန် တိုက်စစ်မှူးက လူကျွံနေခဲ့ပါတယ်။

ဒါကြောင့် မက်ဂွဲယားက “ ဟျောင့် အထဲမှာနေ” လို့ ပြောဆိုခဲ့ရာမှာ ရက်ဖို့ဒ်က “ သောက် ပါးစပ်ပိတ်ထား။” လို့ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ Sky Sports ရဲ့ ကင်မရာတွေကနေ တွေ့မြင်ခဲ့ရပါတယ်။ မားကတ်ရက်ဖို့ဒ်ဟာ ပထမပိုင်းမှာ ဦးဆောင်ဂိုးရရှိဖို့ အကောင်းဆုံးအခွင့်အရေးပိုင်ဆိုင်ခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယခုပွဲစဉ် သရေရလာဒ်ကြောင့် ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပေမယ့် အဆင့် ( ၁ ) နေရာက မန်စီးတီးအသင်းနဲ့ ( ၁၄ ) မှတ် ကွာဟသွားခဲ့ပါတယ်။ ဆိုးရှားက အဆိုပါ ပွဲစဉ်အပြီး ဘီဘီစီ ၊ အားကစားဌာနနဲ့ တွေ့ဆုံရာမှာ အသင်းရဲ့ ခြေစွမ်းအပေါ် စိတ်ပျက်မိကြောင်း ဝန်ခံ‌ပြောကြားခဲ့ပါတယ်။

“ ဒီနေ့ပွဲစဉ်က ကောင်းမွန်ခြင်းမရှိခဲ့တာ ခင်ဗျားတို့လည်းသိပါတယ်။ အမှတ်ပေးဇယားထိပ်ကို ရောက်ချင်ရင် နိုင်ပွဲတွေရရှိဖို့ လိုအပ်ပါတယ်။ ရရှိအောင်လည်း ဖန်တီးဖို့ လိုအပ်ပါတယ်။ tackles တွေ အောင်မြင်ဖို့လိုအပ်သလို ဘောလုံးပေးပို့မှုတွေလည်း ပိုကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အမှားတွေ တောက်လျှောက်ပြုလုပ်‌နေခဲ့ပါတယ်။”

“ အသင်းမှာ ကစားအားပျောက်ဆုံးနေပြီး ခဏတာပဲ တွေ့ရပါတယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးညတစ်ည မဟုတ်တာ သေချာပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မက္ဂြဲယားကို “ ေသာက္ ပါးစပ္ပိတ္ထား” လို႔ ရက္ဖို႔ဒ္ တုံ႔ျပန္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ခရစၥတယ္ ပဲေလ့အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ( ၀ – ၀ ) ရလာဒ္ပိုင္ဆိုင္ခဲ့ၿပီး လူးဝစ္ ဗန္ဟားလက္ထက္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ( ၃ ) ပြဲဆက္ ဂိုးမရွိသ‌ေရရလာဒ္ ထြက္ေပၚခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္ ( ၆၉ ) မိနစ္မွာ မက္ဂြဲယားက မားကတ္ရက္ဖို႔ဒ္ဆီ ေဘာလုံးေပးပို႔ဖို႔ ႀကိဳးစားခ်ိန္ တိုက္စစ္မႉးက လူကြၽံေနခဲ့ပါတယ္။

ဒါေၾကာင့္ မက္ဂြဲယားက “ ေဟ်ာင့္ အထဲမွာေန” လို႔ ေျပာဆိုခဲ့ရာမွာ ရက္ဖို႔ဒ္က “ ေသာက္ ပါးစပ္ပိတ္ထား” လို ့ျပန္လည္တုံ႔ျပန္ခဲ့တယ္လို႔ Sky Sports ရဲ႕ ကင္မရာေတြကေန ေတြ႕ျမင္ခဲ့ရပါတယ္။ မားကတ္ရက္ဖို႔ဒ္ဟာ ပထမပိုင္းမွာ ဦးေဆာင္ဂိုးရရွိဖို႔ အေကာင္းဆုံးအခြင့္အေရးပိုင္ဆိုင္ခဲ့ေပမယ့္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ယခုပြဲစဥ္ သေရရလာဒ္ေၾကာင့္ ဒုတိယေနရာမွာ ဆက္လက္ရပ္တည္ေနေပမယ့္ အဆင့္ ( ၁ ) ေနရာက မန္စီးတီးအသင္းနဲ႔ ( ၁၄ ) မွတ္ ကြာဟသြားခဲ့ပါတယ္။ ဆိုးရွားက အဆိုပါ ပြဲစဥ္အၿပီး ဘီဘီစီ ၊ အားကစားဌာနနဲ႔ ေတြ႕ဆုံရာမွာ အသင္းရဲ႕ ေျခစြမ္းအေပၚ စိတ္ပ်က္မိေၾကာင္း ဝန္ခံ‌ေျပာၾကားခဲ့ပါတယ္။

“ ဒီေန႔ပြဲစဥ္က ေကာင္းမြန္ျခင္းမရွိခဲ့တာ ခင္ဗ်ားတို႔လည္းသိပါတယ္။ အမွတ္ေပးဇယားထိပ္ကို ေရာက္ခ်င္ရင္ ႏိုင္ပြဲေတြရရွိဖို႔ လိုအပ္ပါတယ္။ ရရွိေအာင္လည္း ဖန္တီးဖို႔ လိုအပ္ပါတယ္။ tackles ေတြ ေအာင္ျမင္ဖို႔လိုအပ္သလို ေဘာလုံးေပးပို႔မႈေတြလည္း ပိုေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔က အမွားေတြ ေတာက္ေလွ်ာက္ျပဳလုပ္‌ေနခဲ့ပါတယ္။” “ အသင္းမွာ ကစားအားေပ်ာက္ဆုံးေနၿပီး ခဏတာပဲ ေတြ႕ရပါတယ္။ ကြၽန္ေတာ္တို႔အတြက္ အေကာင္းဆုံးညတစ္ည မဟုတ္တာ ေသခ်ာပါတယ္။”