မက်ဂွိုင်းယား အထုတ်ခံရသင့်တယ်လို့ လမ်းပတ်ပြော

Photo- Internet
Photo- Internet

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က မန်ယူကို ဝ-၂ နဲ့ရှုံးခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ မက်ဂွိုင်းယား အထုတ်ခံရသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဟာ ဇူးမားနဲ့ ဂီရော့ဒ်တို့ရဲ့ဂိုးတွေကို ဒိုင်လူကြီးက VAR ကြည့်ပြီးပယ်ဖျက်ခဲ့လို့ နစ်နာမှုတွေရှိခဲ့ပါတယ်။

ဒီပွဲမှာ ဘောလုံးဖျက်ထုတ်လိုက်တဲ့ မက်ဂွိုင်းယားဟာ ချဲလ်ဆီးတိုက်စစ်မှူ း ဘတ်ရှူ ယီရဲ့တွန်းတာခံလိုက်တဲ့အတွက် အကျမတော်ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ မက်ဂွိုင်းယားက ခြေထောက်တစ်ဖက်နဲ့ ဘတ်ရှူ ယီရဲဝမ်းဗိုက်ကိုကန်ခဲ့ပါသေးတယ်။ ဒါပေမယ့် VAR ပြန်ကြည့်ပြီးနောက်မှာတော့ မက်ဂွိုင်းယားရဲ့လုပ်ရပ်ဟာ ပြင်းထန်တဲ့ကျူ းလွန်မှုမဟုတ်ဘူးလို့ ဆုံးဖြတ်ပြီး ထုတ်ပယ်ခဲ့ခြင်းမရှိပါဘူး။

Photo- Internet

ဒီပွဲမှာ ဇူးမားက မာရှယ်ရဲ့ဦးဆောင်ဂိုးအတွက်ချေပခဲ့သေးပေမယ့် အဲဒီအချိန်မှာ အက်ဇ်ပီလီကူတာက ဘရန်ဒန်ဝီလျံကိုတွန်းတယ်ဆိုပြီး VAR နဲ့ပယ်ဖျက်ခံခဲ့ရသလို ဂီရော့ဒ်ရဲ့ချေပဂိုးကလည်း ခြေထောက်လူကျွံနေတယ်ဆိုပြီး ဆက်လက်ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း လမ်းပတ်က ပွဲအပြီးမှာဒေါသတကြီးဝေဖန်သွားတာဖြစ်ပါတယ်။

Photo- Internet

သူက”မက်ဂွိုင်းယား အထုတ်ခံရသင့်တယ်ဆိုတာ သိပ်ရှင်းပါတယ်။ဒါဟာပွဲအဖြေကိုပြောင်းလဲသွားစေခဲ့တာ အသိသာကြီးပါဘဲ။ အက်ဇ်ပီလီကူတာက ဘရန်ဒန်ဝီလျံကိုတွန်းခဲ့တယ်ဆိုပေမယ့် သူ့ကိုလည်း ဖရက်ဒ်ကအရင်တွန်းခဲ့တာပါ။ ဒါကြောင့် ဇူးမားရဲ့ဂိုးကိုလည်းပေးသင့်ပါတယ်။

Photo- Internet

ဂီရော့ဒ်ဆိုရင်လည်း ခြေဖျားထိပ်လေးလောက်လူကျွံခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ဂိုးကိုလည်းပေးသင့်ပါတယ်။ ဒိုင်လူကြီးက ကွင်းထဲကမော်နီတာကိုဘာကြောင့် ပြန်မကြည့်ခဲ့သလဲဆိုတာ ကျွန်တော်မသိပါဘူး။ အမှန်ဆိုရင် ဒါကိုပြန်ကြည့်ပြီးမှ ဆုံးဖြတ်သင့်တာပါ ” လို့ပြောသွားပါတယ်။ဒီရှုံးပွဲကြောင့် ချဲလ်ဆီးဟာ အဆင့် ၄ နေရာမှာဆက်ရှိနေပေမယ့် ဒီနေရာကိုဆက်ထိန်းဖို့ ဖိအားများသွားခဲ့ပြီဖြစ်ပါတယ်။

Photo- Internet

Zawgyi

မက္ဂြိဳင္းယား အထုတ္ခံရသင့္တယ္လို႔ လမ္းပတ္ေျပာ

ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔လမ္းပတ္က မန္ယူကို ၀-၂ နဲ႔ရႈံးခဲ့တဲ႔ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ မက္ဂြိဳင္းယား အထုတ္ခံရသင့္တယ္လို႔ ေျပာလိုက္ပါတယ္။ ဒီပြဲမွာ ခ်ဲလ္ဆီးဟာ ဇူးမားနဲ႔ ဂီေရာ႔ဒ္တို႔ရဲ႕ဂိုးေတြကို ဒိုင္လူႀကီးက VAR ၾကည့္ၿပီးပယ္ဖ်က္ခဲ့လို႔ နစ္နာမႈေတြရွိခဲ့ပါတယ္။

ဒီပြဲမွာ ေဘာလုံးဖ်က္ထုတ္လိုက္တဲ႔ မက္ဂြိဳင္းယားဟာ ခ်ဲလ္ဆီးတိုက္စစ္မွဴ း ဘတ္ရွဴ ယီရဲ႕တြန္းတာခံလိုက္တဲ႔အတြက္ အက်မေတာ္ျဖစ္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ မက္ဂြိဳင္းယားက ေျခေထာက္တစ္ဖက္နဲ႔ ဘတ္ရွဴ ယီရဲ၀မး္ဗိုက္ကိုကန္ခဲ့ပါေသးတယ္။ ဒါေပမယ္႔ VAR ျပန္ၾကည့္ၿပီးေနာက္မွာေတာ႔ မက္ဂြိဳင္းယားရဲ႕လုပ္ရပ္ဟာ ျပင္းထန္တဲ႔က်ဴ းလြန္မႈမဟုတ္ဘူးလို႔ ဆုံးျဖတ္ၿပီး ထုတ္ပယ္ခဲ့ျခင္းမရွိပါဘူး။

ဒီပြဲမွာ ဇူးမားက မာရွယ္ရဲ႕ဦးေဆာင္ဂိုးအတြက္ေခ်ပခဲ့ေသးေပမယ္႔ အဲဒီအခ်ိန္မွာ အက္ဇ္ပီလီကူတာက ဘရန္ဒန္၀ီလ်ံကိုတြန္းတယ္ဆိုၿပီး VAR နဲ႔ပယ္ဖ်က္ခံခဲ့ရသလို ဂီေရာ႔ဒ္ရဲ႕ေခ်ပဂိုးကလည္း ေျခေထာက္လူက်ြံေနတယ္ဆိုၿပီး ဆက္လက္ပယ္ဖ်က္ခံခဲ့ရပါတယ္။ ဒါေၾကာင့္လည္း လမ္းပတ္က ပြဲအၿပီးမွာေဒါသတႀကီးေ၀ဖန္သြားတာျဖစ္ပါတယ္။

သူက”မက္ဂြိဳင္းယား အထုတ္ခံရသင့္တယ္ဆိုတာ သိပ္ရွင္းပါတယ္။ဒါဟာပြဲအေျဖကိုေျပာင္းလဲသြားေစခဲ့တာ အသိသာႀကီးပါဘဲ။ အက္ဇ္ပီလီကူတာက ဘရန္ဒန္၀ီလ်ံကိုတြန္းခဲ့တယ္ဆိုေပမယ္႔ သူ႔ကိုလည္း ဖရက္ဒ္ကအရင္တြန္းခဲ့တာပါ။ ဒါေၾကာင့္ ဇူးမားရဲ႕ဂိုးကိုလည္းေပးသင့္ပါတယ္။

ဂီေရာ႔ဒ္ဆိုရင္လည္း ေျခဖ်ားထိပ္ေလးေလာက္လူက်ြံခဲ့တာပါ။ ဒါေၾကာင့္ သူ႔ရဲ႕ဂိုးကိုလည္းေပးသင့္ပါတယ္။ ဒိုင္လူႀကီးက ကြင္းထဲကေမာ္နီတာကိုဘာေၾကာင့္ ျပန္မၾကည့္ခဲ့သလဲဆိုတာ ကၽြန္ေတာ္မသိပါဘူး။ အမွန္ဆိုရင္ ဒါကိုျပန္ၾကည့္ၿပီးမွ ဆုံးျဖတ္သင့္တာပါ ” လို႔ေျပာသြားပါတယ္။ဒီရႈံးပြဲေၾကာင့္ ခ်ဲလ္ဆီးဟာ အဆင့္ ၄ ေနရာမွာဆက္ရွိေနေပမယ္႔ ဒီေနရာကိုဆက္ထိန္းဖို႔ ဖိအားမ်ားသြားခဲ့ၿပီျဖစ္ပါတယ္။