

ရိုးမားအသင်းနောက်ခံလူ ခရစ္စစမောလင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘရက်စီယာကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့အပြင် ကျန်တဲ့ ၂ ဂိုးကိုလည်း ကစားဖော်တွေဖြစ်တဲ့ မန်ချီနီနဲ့ ဒီဇက်ကို တို့သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တယ်လို့ သိရပါတယ်။
သူကရောမမြို့မှာအခုလိုခြေစွမ်းပြနေပေမယ့် မိုင်ပေါင်း ၁၂၀၀ ကွာဝေးတဲ့ အင်္ဂလန်က ယော့ခ်ရှိုင်းယားအရပ်မှာရှိတဲ့ သူ့မိခင်ကလပ် မန်ယူကတော့ခံစစ်ပိုင်းရုန်းကန်နေရပြီး ပေါင်သန်း ၈၀ နဲ့ခေါ်ထားတဲ့ မက်ဂွိုင်းယား ဟာလည်းစမာလင်းလောက်တောင် စွမ်းဆောင်နိုင်ခြင်းမရှိတာကိုတွေ့ရပါတယ်။ စမောလင်းရဲ့ကစားဖော်ဖြစ်ခဲ့တဲ့ ဖီးလ်ဂျုံးစ်ဆိုရင် ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ကလေးဆန်တဲ့အမှားကိုတောင် ကျူ းလွန်ခဲ့သူဖြစ်ပါတယ်။

အဲဒီပွဲမှာ မန်ယူဟာ လင်ဒီလော့ဖ်၊ မက်ဂွိုင်ယားနဲ့ ဖီးလ်ဂျုံးစ်ဆိုတဲ့ ဗဟိုခံစစ်မှူ း ၃ ဦးထားကစားခဲ့ပေမယ့် ခံစစ်ကရုန်းကန်ခဲ့ရပြီး ၃ ဂိုးတောင်ပေးခဲ့ရတာပါ။ စမောလင်းဟာ မက်ဂွိုင်းယားရောက်ရှိလာမှုကြောင့် ရိုးမားကိုအငှားပြောင်းရွှေ့သွားရသူဖြစ်ပြီး ရိုးမားဟာသူ့အတွက် အငှားခေါ်ယူကြေး ပေါင် ၂.၅ သန်းသာကုန်ကျခဲ့ပါတယ်။

ဒါပေမယ့် စမောလင်းဟာ အခုဆိုရင် ရိုးမားရဲ့ခံစစ်မှာ မရှိမဖြစ်နောက်ခံလူတစ်ဦးဖြစ်နေပြီး နာပိုလီနဲ့ပွဲက ဂိုးလိုင်းပေါ်ကနေဖျက်ထုတ်ခဲ့တဲ့ သူ့စွမ်းဆောင်ရည်၊ ဘရက်စီယာနဲ့ ပွဲကစွမ်းဆောင်ရည်သာမက ခံစစ်မှာတည်ငြိမ်စွာခြေစွမ်းပြနေတာတွေကြောင့် အရမ်းကိုချီးကျူ းခံနေရပါတယ်။ ဒီလိုခြေစွမ်းပြနေလို့လည်း မက်ဂွိုင်းယားထက် ပိုကောင်းတဲ့မှတ်တမ်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒီရာသီမှာ မိနစ် ၉၀ အတွင်းမှတ်တမ်းတွေကိုပျမ်းမျှတွက်ကြည့်မယ်ဆိုရင် ခေါင်းတိုက်ရှင်းထုတ်မှုမှာ စမောင်းက ၃ ကြိမ်၊ မက်ဂွိုင်းယားက ၂.၆၉ ကြိမ်၊ ယှဉ်ပြိုင်ဖျက်ထုတ်မှု အနိုင်ရရှိမှုမှာ စမောလင်းက ဝ.၆၇ နဲ့ မက်ဂွိုင်းယားက ဝ.၃၈ကြိမ်၊ ပေးဂိုးမရှိမှုမှာ စမောလင်းက ဝ.၄၄ကြိမ်၊ မက်ဂွိုင်းယားက ဝ.၁၅၊ လေထဲကဘောလုံးတွေကိုယှဉ်လုရာမှာလည်း စမောလင်းရဲ့အနိုင်ရရှိမှုက ၄.၅၆ နဲ့ မက်ဂွိုင်းယားက ၄.၀၈၊ အခွင့်အရေးဖန်တီးမှုမှာ စမောလင်းက ဝ.၃၃ ၊ မက်ဂွိုင်းယားက ဝ.၈၅၊ ကြားဖြတ်ဟန့်တားနိုင်မှုမှာ စမောလင်းက ၁.၈၉၊ မက်ဂွိုင်းယားက ၁.၅၄ စီရှိခဲ့ပါတယ်။

Zawgyi
မက္ဂြိဳင္းယားထက္ စြမ္းေဆာင္ရည္ပိုျမင့္မားေနတဲ႔ ရိုးမားက စေမာလင္း
ရိုးမားအသင္းေနာက္ခံလူ ခရစၥစေမာလင္းဟာ ၿပီးခဲ့တဲ႔တစ္ပတ္က ဘရက္စီယာကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲမွာ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ႔အျပင္ က်န္တဲ႔ ၂ ဂိုးကိုလည္း ကစားေဖာ္ေတြျဖစ္တဲ႔ မန္ခ်ီနီနဲ႔ ဒီဇက္ကို တို႔သြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့တယ္လို႔ သိရပါတယ္။
သူကေရာမၿမိဳ႕မွာအခုလိုေျခစြမ္းျပေနေပမယ္႔ မိုင္ေပါင္း ၁၂၀၀ ကြာေ၀းတဲ႔ အဂၤလန္က ေယာ႔ခ္ရႈိင္းယားအရပ္မွာရွိတဲ႔ သူ႔မိခင္ကလပ္ မန္ယူကေတာ႔ခံစစ္ပိုင္းရုန္းကန္ေနရၿပီး ေပါင္သန္း ၈၀ နဲ႔ေခၚထားတဲ႔ မက္ဂြိဳင္းယား ဟာလည္းစမာလင္းေလာက္ေတာင္ စြမ္းေဆာင္ႏိုင္ျခင္းမရွိတာကိုေတြ႔ရပါတယ္။ စေမာလင္းရဲ႕ကစားေဖာ္ျဖစ္ခဲ့တဲ႔ ဖီးလ္ဂ်ဳံးစ္ဆိုရင္ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲမွာ ကေလးဆန္တဲ႔အမွားကိုေတာင္ က်ဴ းလြန္ခဲ့သူျဖစ္ပါတယ္။
အဲဒီပြဲမွာ မန္ယူဟာ လင္ဒီေလာ႔ဖ္၊ မက္ဂြိဳင္ယားနဲ႔ ဖီးလ္ဂ်ဳံးစ္ဆိုတဲ႔ ဗဟိုခံစစ္မွဴ း ၃ ဦးထားကစားခဲ့ေပမယ္႔ ခံစစ္ကရုန္းကန္ခဲ့ရၿပီး ၃ ဂိုးေတာင္ေပးခဲ့ရတာပါ။ စေမာလင္းဟာ မက္ဂြိဳင္းယားေရာက္ရွိလာမႈေၾကာင့္ ရိုးမားကိုအငွားေျပာင္းေရႊ႕သြားရသူျဖစ္ၿပီး ရိုးမားဟာသူ႔အတြက္ အငွားေခၚယူေၾကး ေပါင္ ၂.၅ သန္းသာကုန္က်ခဲ့ပါတယ္။
ဒါေပမယ္႔ စေမာလင္းဟာ အခုဆိုရင္ ရိုးမားရဲ႕ခံစစ္မွာ မရွိမျဖစ္ေနာက္ခံလူတစ္ဦးျဖစ္ေနၿပီး နာပိုလီနဲ႔ပြဲက ဂိုးလိုင္းေပၚကေနဖ်က္ထုတ္ခဲ့တဲ႔ သူ႔စြမ္းေဆာင္ရည္၊ ဘရက္စီယာနဲ႔ ပြဲကစြမ္းေဆာင္ရည္သာမက ခံစစ္မွာတည္ၿငိမ္စြာေျခစြမ္းျပေနတာေတြေၾကာင့္ အရမး္ကိုခ်ီးက်ဴ းခံေနရပါတယ္။ ဒီလိုေျခစြမ္းျပေနလို႔လည္း မက္ဂြိဳင္းယားထက္ ပိုေကာင္းတဲ႔မွတ္တမ္းကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။
ဒီရာသီမွာ မိနစ္ ၉၀ အတြင္းမွတ္တမ္းေတြကိုပ်မ္းမွ်တြက္ၾကည့္မယ္ဆိုရင္ ေခါင္းတိုက္ရွင္းထုတ္မႈမွာ စေမာင္းက ၃ ႀကိမ္၊ မက္ဂြိဳင္းယားက ၂.၆၉ ႀကိမ္၊ ယွဥ္ၿပိဳင္ဖ်က္ထုတ္မႈ အနိုင္ရရွိမႈမွာ စေမာလင္းက ၀.၆၇ နဲ႔ မက္ဂြိဳင္းယားက ၀.၃၈ႀကိမ္၊ ေပးဂိုးမရွိမႈမွာ စေမာလင္းက ၀.၄၄ႀကိမ္၊ မက္ဂြိဳင္းယားက ၀.၁၅၊ ေလထဲကေဘာလုံးေတြကိုယွဥ္လုရာမွာလည္း စေမာလင္းရဲ႕အႏိုင္ရရွိမႈက ၄.၅၆ နဲ႔ မက္ဂြိဳင္းယားက ၄.၀၈၊ အခြင့္အေရးဖန္တီးမႈမွာ စေမာလင္းက ၀.၃၃ ၊ မက္ဂြိဳင္းယားက ၀.၈၅၊ ၾကားျဖတ္ဟန္႔တားႏိုင္မႈမွာ စေမာလင္းက ၁.၈၉၊ မက္ဂြိဳင္းယားက ၁.၅၄ စီရွိခဲ့ပါတယ္။