

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက နောက်ခံလူမက်ဂွိုင်းယားကို ကလပ်ရဲ့အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပြီလို့ အတည်ပြလိုက်ပါတယ်။ သူဟာပြီးခဲ့တဲ့ နွေရာသီကမှ လက်စတာကနေရောက်ရှိလာသူဖြစ်ပြီး မန်ယူနဲ့လက်တွဲတာ ၆ လဘဲရှိသေးပေမယ့် အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့တာပါ။
လက်ရှိအသင်းခေါင်းဆောင် အက်ရှ်လေယန်းဟာ အင်တာကိုပြောင်းခွင့်ရဖို့အတွက် ကလပ်အပေါ်ပုန်ကန်နေလို့ သူ့ကိုအသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားလိုက်တာလို့လည်းဆိုပါတယ်။ မက်ဂွိုင်းယားဟာ မကြာသေးခင်က မန်ယူရဲ့လက်ထောက်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ မက်ဂွိုင်းယားရဲ့ခြေစွမ်းကိုချီးကျူ းခဲ့တဲ့အပြင် အသင်းကိုဦးဆောင်နိုင်မှု၊ လိုအပ်လာရင်ညွှန်ကြားနိုင်စွမ်းရှိမှု တို့ကိုဂုဏ်ယူခဲ့ပြီး အခုလိုအမြဲတမ်းအသင်းခေါင်းဆောင်ခန့်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ မီဒီယာတွေကတော့ ဆိုးလ်ရှားဟာ ဒီအင်္ဂလန်လက်ရွေးစင်ကို အသင်းမှာရေရှည်ဆက်ရှိနေဖို့လည်း ရည်ရွယ်တာဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

ဆိုးလ်ရှားက”ဆိုးလ်ရှားဟာ အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ခဲ့သလို ဆက်လက်ပြီးလည်း ဝတ်ဆင်မှာပါ။ သူဟာဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး သူ့ရဲ့ဦးဆောင်နိုင်မှုစွမ်းရည်ကိုလည်း ကျွန်တော်ကျေနပ်လို့ အသင်းခေါင်းဆောင်ဖြစ်သွားပါပြီ” လို့ပြောသွားပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အက်ရှ်လေယန်းဟာ ဒီရာသီအစမှာ အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခံခဲ့ရပေမယ့် အင်တာကိုပြောင်းဖို့နီးစပ်နေလို့ သူ့နေရာမှာ မက်ဂွိုင်းယားနဲ့အစားထိုးလိုက်တာဖြစ်ပါတယ်။ မန်ယူရဲ့လက်ထောက်အသင်းခေါင်းဆောင်တွေအဖြစ် ဒီဂီယာနဲ့ရက်ရှ်ဖို့ဒ်တို့ ဆက်လက်ပါဝင်နေတယ်လို့ သိရပါတယ်။

Zawgyi
မက္ဂြိဳင္းယားကိုၿမဲတမ္းအသင္းေခါင္းေဆာင္ျဖစ္ၿပီလို႔ ဆိုးလ္ရွားအတည္ျပဳ
မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ေနာက္ခံလူမက္ဂြိဳင္းယားကို ကလပ္ရဲ႕အၿမဲတမ္းအသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္လိုက္ၿပီလို႔ အတည္ျပလိုက္ပါတယ္။ သူဟာၿပီးခဲ့တဲ႔ ေႏြရာသီကမွ လက္စတာကေနေရာက္ရွိလာသူျဖစ္ၿပီး မန္ယူနဲ႔လက္တြဲတာ ၆ လဘဲရွိေသးေပမယ္႔ အသင္းေခါင္းေဆာင္ရာထူးကို ဆက္ခံခဲ့တာပါ။
လက္ရွိအသင္းေခါင္းေဆာင္ အက္ရွ္ေလယန္းဟာ အင္တာကိုေျပာင္းခြင့္ရဖို႔အတြက္ ကလပ္အေပၚပုန္ကန္ေနလို႔ သူ႔ကိုအသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားလိုက္တာလို႔လည္းဆိုပါတယ္။ မက္ဂြိဳင္းယားဟာ မၾကာေသးခင္က မန္ယူရဲ႕လက္ေထာက္အသင္းေခါင္းေဆာင္အျဖစ္ ခန္႔အပ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။
ဆိုးလ္ရွားဟာ မက္ဂြိဳင္းယားရဲ႕ေျခစြမ္းကိုခ်ီးက်ဴ းခဲ့တဲ႔အျပင္ အသင္းကိုဦးေဆာင္ႏိုင္မႈ၊ လိုအပ္လာရင္ညႊန္ၾကားႏိုင္စြမ္းရွိမႈ တို႔ကိုဂုဏ္ယူခဲ့ၿပီး အခုလိုအၿမဲတမ္းအသင္းေခါင္းေဆာင္ခန္႔ဖို႔ စီစဥ္လိုက္တာျဖစ္ပါတယ္။ မီဒီယာေတြကေတာ႔ ဆိုးလ္ရွားဟာ ဒီအဂၤလန္လက္ေရြးစင္ကို အသင္းမွာေရရွည္ဆက္ရွိေနဖို႔လည္း ရည္ရြယ္တာျဖစ္တယ္လို႔ ေဖာ္ျပၾကပါတယ္။
ဆိုးလ္ရွားက”ဆိုးလ္ရွားဟာ အသင္းေခါင္းေဆာင္လက္ပတ္ကို၀တ္ဆင္ခဲ့သလို ဆက္လက္ၿပီးလည္း ၀တ္ဆင္မွာပါ။ သူဟာဒီအဖြဲ႔ရဲ႕ေခါင္းေဆာင္ျဖစ္ၿပီး သူ႔ရဲ႕ဦးေဆာင္ႏိုင္မႈစြမ္းရည္ကိုလည္း ကၽြန္ေတာ္ေက်နပ္လို႔ အသင္းေခါင္းေဆာင္ျဖစ္သြားပါၿပီ” လို႔ေျပာသြားပါတယ္။
အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ႔ အက္ရွ္ေလယန္းဟာ ဒီရာသီအစမွာ အသင္းေခါင္းေဆာင္အျဖစ္ခန္႔အပ္ခံခဲ့ရေပမယ္႔ အင္တာကိုေျပာင္းဖို႔နီးစပ္ေနလို႔ သူ႔ေနရာမွာ မက္ဂြိဳင္းယားနဲ႔အစားထိုးလိုက္တာျဖစ္ပါတယ္။ မန္ယူရဲ႕လက္ေထာက္အသင္းေခါင္းေဆာင္ေတြအျဖစ္ ဒီဂီယာနဲ႔ရက္ရွ္ဖို႔ဒ္တို႔ ဆက္လက္ပါ၀င္ေနတယ္လို႔ သိရပါတယ္။