မက္ဆီ၊ဆြာရက္ဇ္နဲ႔ဒမ္ဘီလီတု႔ိမပါဘဲနဲ႔ ေလ့က်င့္ေနရတဲ့ဘာစီလိုနာ

photo-gettyimages

photo-barcelona instagram

ဘာစီလိုနာရဲ႕တုိက္စစ္ပိုင္းဒဏ္ရာျပသနာက အေတ္ာေလးကိုႀကီးမားေနပါတယ္။ အခုလည္း သူတု႔ိဟာ ပြဲထြက္တိုက္စစ္ကစားသမားေတြထဲက မက္ဆီ၊ဆြာရက္ဇ္နဲ႔ဒမ္ဘီလီတို႔မပါဘဲနဲ႔ ေလ့က်င့္မႈေတြျပဳလုပ္ေနရပါတယ္။ လက္ရွိဘာစီလိုနာတုိက္စစ္မွာ စီနီယာကစားသမားေတြထဲက ႀကံ႕ခိုင္မႈျပည့္ေနတာဆုိလို႔ ဂရစ္ဇ္မန္းတစ္ေယာက္တည္းသာ ရွိပါတယ္။

photo-AP

မက္ဆီဆုိ ကိုပါအေမရိကမွာ အာဂ်င္တီးနားအတြက္ကစားေပးခဲ့လို႔ က်န္ဘာစီလုိနာကစားသမားေတြထက္ အားလပ္ခ်ိန္ပိုရခဲ့ၿပီး အသငး္ကုိ ေနာက္က်စြာနဲ႔ျပန္ေရာက္လာခဲ့ပါတယ္။ ဒါေပမဲ့ ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္မွာတင္ ေျခသလုံးၾကြက္သားဒဏ္ရာရခဲ့လို႔ ရာသီႀကိဳကာလကေန အခုခ်ိန္ထိ ဘာစီလိုနာအတြက္ တစ္ပြဲမွမကစားေပးရေသးသလို လာလီဂါအဖြင့္ပြဲကိုလည္း လြဲေခာ်္ခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိလည္း မက္ဆီဟာ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းမဆင္းႏို္င္ေသးပါဘူး။

photo-gettyimages

ဆြာရက္ဇ္ကေတာ့ ဘီလ္ဘာအိုနဲလာလီဂါအဖြင့္ပြဲစဥ္မွာ ေျခသလံုးဒဏ္ရာရခဲ့တာျဖစ္ၿပီး အဲဒီဒဏ္ရာေၾကာင့္ ဘယ္ေလာက္နားရမယ္အတိအက်မသိရေပမယ့္ ၂ ပတ္၊၃ ပတ္ေလာက္ေတာ့ နားရဖို႔ရွိပါတယ္။ ဘာစီလိုနာတုိက္စစ္မွာ ေနာက္ဆုံးဒဏ္ရာရခဲ့တဲ့တိုက္စစ္ကစားသမားကေတာ့ ဒမ္ဘီလီျဖစ္ကာ သူကေတာ့ ၾကြက္သားျပသနာေၾကာင့္ ၅ ပတ္ေလာက္နားရဖို႔ ရွိပါတယ္။ ဒါေၾကာင့္လည္း လာမယ့္အပတ္ကစားမယ့္ ဘက္တစ္နဲ႔လာလီဂါပြဲအတြက္ နည္းျပဗယ္ဗာဒီမွာ တုိက္စစ္ပိုင္းနဲ႔ပတ္သက္လု႔ိ ေရြးခ်ယ္စရာနည္းပါးေနတာပါ။ လာလီဂါအဖြင့္ပြဲရႈံးထားတဲ့ဘာစီလိုနာအတြက္ တိုက္စစ္ပိုင္းဒဏ္ရာျပသနာေတြက ထုိးႏွက္ခ်က္ျဖစ္ေနပါတယ္။

[Unicode]

ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းဒဏ်ရာပြသနာက အတေ်ာလေးကိုကြီးမားနေပါတယ်။ အခုလည်း သူတု့ိဟာ ပွဲထွက်တိုက်စစ်ကစားသမားတွေထဲက မက်ဆီ၊ဆွာရက်ဇ်နဲ့ဒမ်ဘီလီတို့မပါဘဲနဲ့ လေ့ကျင့်မှုတွေပြုလုပ်နေရပါတယ်။ လက်ရှိဘာစီလိုနာတိုက်စစ်မှာ စီနီယာကစားသမားတွေထဲက ကြံ့ခိုင်မှုပြည့်နေတာဆိုလို့ ဂရစ်ဇ်မန်းတစ်ယောက်တည်းသာ ရှိပါတယ်။

မက်ဆီဆို ကိုပါအမေရိကမှာ အာဂျင်တီးနားအတွက်ကစားပေးခဲ့လို့ ကျန်ဘာစီလိုနာကစားသမားတွေထက် အားလပ်ချိန်ပိုရခဲ့ပြီး အသင်းကို နောက်ကျစွာနဲ့ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာတင် ခြေသလုံးကြွက်သားဒဏ်ရာရခဲ့လို့ ရာသီကြိုကာလကနေ အခုချိန်ထိ ဘာစီလိုနာအတွက် တစ်ပွဲမှမကစားပေးရသေးသလို လာလီဂါအဖွင့်ပွဲကိုလည်း လွဲခောျ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း မက်ဆီဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။

ဆွာရက်ဇ်ကတော့ ဘီလ်ဘာအိုနဲလာလီဂါအဖွင့်ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် ဘယ်လောက်နားရမယ်အတိအကျမသိရပေမယ့် ၂ ပတ်၊၃ ပတ်လောက်တော့ နားရဖို့ရှိပါတယ်။ ဘာစီလိုနာတိုက်စစ်မှာ နောက်ဆုံးဒဏ်ရာရခဲ့တဲ့တိုက်စစ်ကစားသမားကတော့ ဒမ်ဘီလီဖြစ်ကာ သူကတော့ ကြွက်သားပြသနာကြောင့် ၅ ပတ်လောက်နားရဖို့ ရှိပါတယ်။ ဒါကြောင့်လည်း လာမယ့်အပတ်ကစားမယ့် ဘက်တစ်နဲ့လာလီဂါပွဲအတွက် နည်းပြဗယ်ဗာဒီမှာ တိုက်စစ်ပိုင်းနဲ့ပတ်သက်လု့ိ ရွေးချယ်စရာနည်းပါးနေတာပါ။ လာလီဂါအဖွင့်ပွဲရှုံးထားတဲ့ဘာစီလိုနာအတွက် တိုက်စစ်ပိုင်းဒဏ်ရာပြသနာတွေက ထိုးနှက်ချက်ဖြစ်နေပါတယ်။