မက္ဆီေပးတဲ့အေဆာင္လက္ဖြဲ႕ေၾကာင့္ ဂိုးသြင္းႏိုင္ခဲ့ျခင္းျဖစ္သည္ဟု ဒိုင္ဘာလာဖြင့္ဟ

ကိုပါအေမရိကဖလားၿပိဳင္ပြဲ တတိယေနရာလုပြဲမွာ ဂိုးသြင္းယူႏိုိင္ခဲ့တာဟာ မက္ဆီေပးတဲ့ အေဆာင္ေၾကာင့္ျဖစ္တယ္လုိ႔ အာဂ်င္တီးနားနဲ႔ ဂ်ဴဗင္တပ္ေတာင္ပံကစားသမား ဒိုင္ဘာလာက ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး အဲဒီအတြက္ ေက်းဇူးတင္စကားေျပာၾကားလိုက္ပါတယ္။

ဒိုင္ဘာလာဟာ ခ်ီလီကို 2-1 ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲ တတိယေနရာလုပြဲမွာ အာဂ်င္တီးနားအတြက္ ဒုတိယဂိုးကို ပြဲခ်ိန္ 22 မိနစ္မွာ သြင္းယူေပးႏုိင္ခဲ့တာျဖစ္ၿပီး အဲဒီဂိုးဟာ သူ႔ရဲ႕ ကိုပါအေမရိကၿပိဳင္ပြဲသြင္းဂိုး ပထမဆံုးဂိုးလည္းျဖစ္ပါတယ္။

ကိုပါအေမရိကၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းအတြက္ ပထဆံုးဂိုးသြင္းယူႏုိင္ခဲ့တာဟာ အသင္းေဖာ္ မက္ဆီေပးတဲ့ အေဆာင္လက္ဖြဲ႕ေၾကာင့္ျဖစ္တယ္လုိ႔ ထုတ္ေဖာ္ေျပာျပသြားခဲ့တာပါ။

“ ပြဲမစခင္မွာ မက္ဆီက က်ေတာ့္ကို အနီေရာင္ ဖဲႀကိဳအေဆာင္ေလးေပးတယ္။ အဲဒီအေဆာင္ေၾကာင့္ပဲ ကံေကာင္းၿပီး က်ေတာ့္ရဲ႕ ပထမဆံုးသြင္းဂိုးကိုသြင္းယူႏုိင္ခဲ့တာပါ။ မက္ဆီရဲ႕ အေဆာင္လက္ဖြဲ႕က ေတာ္ေတာ္ေလး အလုပ္ျဖစ္ပါတယ္” လုိ႔ ဒိုင္ဘာလာက ဆုိပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ကစားေဖာ္ေတြကို အေဆာင္လက္ဖြဲ႕ေတြ ေ၀ဌေပးတာဟာ ပထမဆံုးအႀကိမ္မဟုတ္ဘဲ ၿပီးခဲ့တဲ့ ေဘာလံုးရာသီကလည္း ဘာစီလုိနာအသင္းေဖာ္ ေကာ္တင္ဟိုကို သူ႔ရဲ႕ အေဆာင္လက္ဖြဲ႕ေတြ ေပးခဲ့ဖူးပါတယ္။

ဒိုင္ဘာလာကို သူ႔ရဲ႕ အေဆာင္လက္ဖြဲ႕ေပးလိုက္လို႔ ဒိုင္ဘာလာ ကံေကာင္းၿပီး ဂိုးေပါက္ရွာေတြ႕ခဲ့ေပမယ့္ မက္ဆီကိုယ္တုိင္ကေတာ့ ကံမေကာင္းခဲ့ပါဘူး။ ပြဲခ်ိန္ 37 မိနစ္မွာ ခ်ီလီကြင္းလယ္လူ မီဒဲလ္နဲ႔ ေဘာလံုလုရင္း အခ်င္းမ်ားခဲ့တာေၾကာင့္ တိုက္ရိုက္အနီကတ္ျပၿပီး ထုတ္ပယ္ျခင္းခံခဲ့ရသလို ကိုပါအေမရိကၿပိဳင္ပြဲက်င္းပပံုကို ေ၀ဖန္ခဲ့တာေၾကာင့္လည္း 2 ႏွစ္ ပြဲပယ္ခံရမယ့္ အေရးနဲ႔ရင္ဆုိင္ေနရပါတယ္။

[Unicode]

မက်ဆီပေးတဲ့အဆောင်လက်ဖွဲ့ကြောင့် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒိုင်ဘာလာဖွင့်ဟ
=================================

ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဟာ မက်ဆီပေးတဲ့ အဆောင်ကြောင့်ဖြစ်တယ်လို့ အာဂျင်တီးနားနဲ့ ဂျူဗင်တပ်တောင်ပံကစားသမား ဒိုင်ဘာလာက ထုတ်ဖော်ပြောကြားလိုက်ပြီး အဲဒီအတွက် ကျေးဇူးတင်စကားပြောကြားလိုက်ပါတယ်။

ဒိုင်ဘာလာဟာ ချီလီကို 2-1 ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ အာဂျင်တီးနားအတွက် ဒုတိယဂိုးကို ပွဲချိန် 22 မိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီဂိုးဟာ သူ့ရဲ့ ကိုပါအမေရိကပြိုင်ပွဲသွင်းဂိုး ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပထဆုံးဂိုးသွင်းယူနိုင်ခဲ့တာဟာ အသင်းဖော် မက်ဆီပေးတဲ့ အဆောင်လက်ဖွဲ့ကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောပြသွားခဲ့တာပါ။

“ ပွဲမစခင်မှာ မက်ဆီက ကျတော့်ကို အနီရောင် ဖဲကြိုအဆောင်လေးပေးတယ်။ အဲဒီအဆောင်ကြောင့်ပဲ ကံကောင်းပြီး ကျတော့်ရဲ့ ပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။ မက်ဆီရဲ့ အဆောင်လက်ဖွဲ့က တော်တော်လေး အလုပ်ဖြစ်ပါတယ်” လို့ ဒိုင်ဘာလာက ဆိုပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ကစားဖော်တွေကို အဆောင်လက်ဖွဲ့တွေ ဝေဌပေးတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဘာစီလိုနာအသင်းဖော် ကော်တင်ဟိုကို သူ့ရဲ့ အဆောင်လက်ဖွဲ့တွေ ပေးခဲ့ဖူးပါတယ်။

ဒိုင်ဘာလာကို သူ့ရဲ့ အဆောင်လက်ဖွဲ့ပေးလိုက်လို့ ဒိုင်ဘာလာ ကံကောင်းပြီး ဂိုးပေါက်ရှာတွေ့ခဲ့ပေမယ့် မက်ဆီကိုယ်တိုင်ကတော့ ကံမကောင်းခဲ့ပါဘူး။ ပွဲချိန် 37 မိနစ်မှာ ချီလီကွင်းလယ်လူ မီဒဲလ်နဲ့ ဘောလုံလုရင်း အချင်းများခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခြင်းခံခဲ့ရသလို ကိုပါအမေရိကပြိုင်ပွဲကျင်းပပုံကို ဝေဖန်ခဲ့တာကြောင့်လည်း 2 နှစ် ပွဲပယ်ခံရမယ့် အရေးနဲ့ရင်ဆိုင်နေရပါတယ်။