မက်ဆီအတွက် ယူရိုသန်း၁၀၀ အပြင် ကစားသမားသုံးဦးအထိ အလိုက်ပေးကမ်းလှမ်းမယ်ဆိုတဲ့ မန်ချက်စတာစီးတီးအသင်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်ထားတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် မန်စီးတီးအသင်းဟာ ဘာစီလိုနာ အသင်းဆီကို အံသြသင့်ဖွင့် တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်မယ် လို့ သိရှိရပါတယ်။
မက်ဆီကို ခေါ်ယူလိုတဲ့အသင်းတွေများစွာထဲမှာ  နည်းပြဂွါဒီယိုလာနဲ့ပုဂ္ဂိုလ်ရေးခင်မင်မှုတွေ ကြောင့် မန်စီးတီးအသင်း ဟာ မက်ဆီကို ခေါ်ယူနိုင်မယ့်အသင်းအဖြစ်လည် ရေပန်းစားနေခဲ့တာပါ။ ယခုအချိန်မှာ မက်ဆီကို ခေါ်ယူနိုင်ဖို့ အတွက် ဘာစီလိုနာ အသင်းရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သတ်တဲ့ သဘောထား တစ်ခုတည်းသာ လိုအပ်တော့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် အသင်းပုံရိပ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်မှာသာမက ကမ္ဘာ့ဈေးကွက်မှာပါ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းထက် ပိုမိုကျော်ကြားလာနိုင်ပါတယ်။ နူးကမ့်ကနေ ထွက်ခွာမယ်လို့ ဘာစီလိုနာကို မက်ဆီကအကြောင်းကြားခဲ့ပြီးနောက် မန်စီးတီးက အသင်းထံခေါ်ယူနိုင်ဖို့ လှုပ်ရှားမှုတွေစတင်ခဲ့ပါတယ်။  မန်စီးတီးအသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ ဘာစီလိုနာမြို့ကို ခရီးထွက်လာနေပြီး ဘြာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်တော့မယ် လို့ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့သတင်းတွေမှာ ဖေယ်ပြနေကြပါတယ်။
ဘာစီလိုနာအသင်းဘက် ကတော့ သူတို့အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်နေတဲ့ လီယွန်နယ် မက်ဆီကို အလွယ်တကူထွက်ခွာခွင့်ပေးမှာမဟုတ်ဘဲ ပြောင်းရွှေ့ကြေးများများစားစားရအောင် ကြိုးစားဖို့လည်းရှိနေပါတယ်။ မက်ဆီကိုယ်တိုင် က ဘာစီလိုနာအသင်းမှာ ဆက်လက် ကစားဖို့ အတွက် ဆန္ဒမရှိတော့တာကြောင့် မက်ဆီကို မဖြစ်မနေ ရောင်းထုတ်သွားရဖွယ် ရှိပါတယ်။ ြပောင်းရွှေ့ကြေး ယူရို၂၂၂သန်းနဲ့ အထက် ရမှသာ ဘာစီလိုနာအသင်းက မက်ဆီကို ရောင်းချ နိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာအပြီးမှာ မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို မချိုးဖောက်နိုင်စေမယ့် နည်းလမ်းကို ရှာကြံနေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဘဏ္ဍာရေးစည်းမျဉ်းတွေကိုချိုးဖောက်ခဲ့တယ်ဆိုပြီး uefa ရဲ့တရားစွဲဆိုခြင်းခံခဲ့ရတာကြောင့် အပြောင်းအရွှေ့ဈေးကွက်မှာ သတိထားပြီးလုပ်ဆောင်နေတဲ့ မန်စီးတီးအသင်းဟာ ယခုအခါမှာ အသင်းရဲ့အဓိကကစားသမား ၂ဦးကိုပါ ထည့်သွင်းထားခဲ့ပြီး စုစုပေါင်း ကစားသမား ၃ဦးအထိ အလိုက်ပေးသွားမယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။
စပိန်သတင်းစာ Sport က ဖော်ပြခဲ့တာက မန်စီးတီးအသင်း ဟာ ဘာစီလိုနာအသင်း တောင်းဆိုတဲ့ ငွေကြေး ပမာဏကို ပေးချေနိုင်ခြင်း မရှိပေမယ့် အဆိုပါ ငွေကြေး ပမာဏ ပြည့်မှီအောင် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း + တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား ဘာနာဒိုဆေးလ်ဗားနဲ့ လူငယ် နောက်ခံလူ ဂါစီယာတို့ ကို အလိုက်ပေး ကမ်းလှမ်းမယ် လို့ သိရပါတယ်။ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက လက်ခံလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။
ဂါဘရီရယ်ဂျီးဆပ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ အဲရစ်ဂါစီယာတို့ကို ထည့်သွင်းကမ်းလှမ်းသွားမှာဖြစ်ပြီး အဆိုပါကစားသမားတွေရဲ့တန်ဖိုးကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုပါက မက်ဆီအတွက် မန်စီးတီးက ယူရိုသန်း ၃ဝဝ ထက်မနည်း ရှိပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့ ယူရိုသန်း ၇၀၀ တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ်ချုပ်ဆိုထားသူလည်းဖြစ်တာကြောင့် ဒီကမ်းလှမ်းမှုဟာ အသင်းနှစ်သင်းစလုံးအတွက် win-win ဖြစ်မယ့် ကမ်းလှမ်းမှုတစ်ခုလို့ ကစားသမားအပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။
zawgyi