မက္ဆီနဲ႔ေရာ္နယ္ဒို ဘယ္သူအေကာင္းဆုံးလဲေမးခြန္းကို ခပ္ရွင္းရွင္းေလးေျဖသြားတဲ့ေမာ္ဂန္

Photo Credit ; Sportbible

Photo Credit ; EA Sports

အေမရိကန္အမ်ိဳးသမီးအသင္းတုိက္စစ္မွဴး အဲလက္စ္ေမာ္ဂန္ဟာ ၂၀၁၅ ခုႏွစ္က ကမၻာ့အေကာင္းဆုံးကစားသမား ဘယ္သူျဖစ္မလဲဆုိတဲ့ေမးခြန္းကို ျပန္လည္ေျဖၾကားခ့ဲရာမွာ ေရာ္နယ္ဒိုကို ျငင္းဆန္ကာ ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီကို အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခဲ့ပါတယ္။ အသက္ ၃၀အရြယ္ရွိ ေမာ္ဂန္ဟာ အေမရိကန္မွာ ၂၀၁၆ ခုႏွစ္ထုတ္ FIFA 16 ဂိမ္းေခြရဲ႕ကာဗာမွာ မက္ဆီနဲ႔အတူ ပါ၀င္ခြင့္ရခ့ဲပါတယ္။ တျခားကစားသမားေတြ၊ နည္းျပေတြ၊ ေဘာလုံးေရးရာကၽြမ္းက်င္သူေတြလုိပဲ ေမာ္ဂန္ကိုလည္း အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီနဲ႔ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုတုိ႔နဲ႔ပတ္သက္လုိ႔ သူ႕အျမင္ကို မီဒီယာေတြက ေမးျမန္းခဲ့ပါတယ္။

Photo Credit ; EA Sports

အဲဒီအခါမွာ အေမရိကန္ဒုတိယအသင္းေခါင္းေဆာင္ ေမာ္ဂန္က ”ကၽြန္မကေတာ့ မက္ဆီကုိပဲေရြးခ်င္ပါတယ္။ သူက ကၽြန္မၾကည့္ဖူးသမွ် တျခားကစားသမားေတြထက္ အဆင့္ပိုျမင့္ပါတယ္။ သူက ေစာင့္ၾကည့္သူေတြကို စိတ္လႈပ္ရွားမႈအျပည့္ေပးစြမ္းႏိုင္တဲ့ကစားသမားမ်ိဳးပါ”လုိ႔ သူ႕အျမင္ကို ေျပာၾကားခဲ့ပါတယ္။

Photo Credit ; PA

အေမရိကန္အသင္းဟာ မၾကာေသးမီကမွ က်င္းပၿပီးစီးသြားတဲ့ ဖီဖာအမ်ိဳးသမီးကမၻာ့ဖလားၿပိဳင္ပြဲမွာ နယ္သာလန္ကို ၂-၀ဂိုးနဲ႔အႏိုင္ယူၿပီး ခ်န္ပီယံဆုကို ေအာင္ျမင္စြာကာကြယ္ႏိုင္ခဲ့ပါတယ္။ အေမရိကန္ၾကယ္ပြင့္ လင္ေဆးဟုိရန္က ေငြဖိနပ္ဆုရရွိခဲ့တဲ့ ေမာ္ဂန္အေနနဲ႔ အသင္းမွာ လူငယ္ကစားသမားေတြ ေပၚထြက္လာဖုိ႔အတြက္ ကူညီေပးေနေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

Photo Credit

”အဲလက္စ္ဟာ အသင္းမွာ လူငယ္ကစားသမားေတြ ပိုမိုထြက္ေပၚလာေအာင္ ကူညီေပးေနၿပီး ေလ့က်င့္ခန္းလုပ္တုိင္းမွာလည္း အၿမဲတမ္းသင္ၾကားေပးေလ့ရွိပါတယ္။ သူဟာ ကၽြန္မတုိ႔အသင္းရဲ႕ထိပ္တန္းကစားသမားတစ္ဦးျဖစ္ၿပီး ဂိုးေတြလည္း အမ်ားႀကီးသြင္းထားပါတယ္။ ဘယ္သူမွလည္း သူ႕ကို မရပ္တန္႔ႏိုင္ပါဘူး”လုိ႔ အသက္ ၂၅ႏွစ္အရြယ္ရွိ ကြင္းလယ္လူ ဟိုရန္က ေျပာပါတယ္။

Photo Credit ; Getty Images

ေမာ္ဂန္ဟာ အဂၤလန္အသင္းကို ၂-၁ ဂိုးနဲ႔အႏုိင္ရရွိခဲ့တဲ့ဆီမီးဖုိင္နယ္ပြဲမွာ အႏိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ လက္ဘက္ရည္ေသာက္တဲ့ပုံစံ ေအာင္ပြဲခံခဲ့လုိ႔ ေ၀ဖန္မႈေတြနဲ႔ရင္ဆုိင္ခဲ့ရေပမယ့္ သူကေတာ့ အဲဒီေအာင္ပြဲခံပုံက အဂၤလိပ္ေတြကို ရည္ညႊန္းတာမဟုတ္ေၾကာင္း ကာကြယ္ခဲ့ၿပီး လိုအပ္တာထက္ပိုမိုေ၀ဖန္ခံေနရတယ္လုိ႔ တုံ႔ျပန္ခဲ့ပါတယ္။

Photo Credit ; Getty Images

Unicode

မက်ဆီနဲ့ရော်နယ်ဒို ဘယ်သူအကောင်းဆုံးလဲမေးခွန်းကို ခပ်ရှင်းရှင်းလေးဖြေသွားတဲ့မော်ဂန်

အမေရိကန်အမျိုးသမီးအသင်းတိုက်စစ်မှူး အဲလက်စ်မော်ဂန်ဟာ ၂၀၁၅ ခုနှစ်က ကမ္ဘာ့အကောင်းဆုံးကစားသမား ဘယ်သူဖြစ်မလဲဆိုတဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ရာမှာ ရော်နယ်ဒိုကို ငြင်းဆန်ကာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အသက် ၃၀အရွယ်ရှိ မော်ဂန်ဟာ အမေရိကန်မှာ ၂၀၁၆ ခုနှစ်ထုတ် FIFA 16 ဂိမ်းခွေရဲ့ကာဗာမှာ မက်ဆီနဲ့အတူ ပါဝင်ခွင့်ရခဲ့ပါတယ်။ တခြားကစားသမားတွေ၊ နည်းပြတွေ၊ ဘောလုံးရေးရာကျွမ်းကျင်သူတွေလိုပဲ မော်ဂန်ကိုလည်း အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုတို့နဲ့ပတ်သက်လို့ သူ့အမြင်ကို မီဒီယာတွေက မေးမြန်းခဲ့ပါတယ်။
အဲဒီအခါမှာ အမေရိကန်ဒုတိယအသင်းခေါင်းဆောင် မော်ဂန်က ”ကျွန်မကတော့ မက်ဆီကိုပဲရွေးချင်ပါတယ်။ သူက ကျွန်မကြည့်ဖူးသမျှ တခြားကစားသမားတွေထက် အဆင့်ပိုမြင့်ပါတယ်။ သူက စောင့်ကြည့်သူတွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးစွမ်းနိုင်တဲ့ကစားသမားမျိုးပါ”လို့ သူ့အမြင်ကို ပြောကြားခဲ့ပါတယ်။
အမေရိကန်အသင်းဟာ မကြာသေးမီကမှ ကျင်းပပြီးစီးသွားတဲ့ ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်ကို ၂-ဝဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံဆုကို အောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။ အမေရိကန်ကြယ်ပွင့် လင်ဆေးဟိုရန်က ငွေဖိနပ်ဆုရရှိခဲ့တဲ့ မော်ဂန်အနေနဲ့ အသင်းမှာ လူငယ်ကစားသမားတွေ ပေါ်ထွက်လာဖို့အတွက် ကူညီပေးနေကြောင်း ချီးကျူးခဲ့ပါတယ်။
”အဲလက်စ်ဟာ အသင်းမှာ လူငယ်ကစားသမားတွေ ပိုမိုထွက်ပေါ်လာအောင် ကူညီပေးနေပြီး လေ့ကျင့်ခန်းလုပ်တိုင်းမှာလည်း အမြဲတမ်းသင်ကြားပေးလေ့ရှိပါတယ်။ သူဟာ ကျွန်မတို့အသင်းရဲ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး ဂိုးတွေလည်း အများကြီးသွင်းထားပါတယ်။ ဘယ်သူမှလည်း သူ့ကို မရပ်တန့်နိုင်ပါဘူး”လို့ အသက် ၂၅နှစ်အရွယ်ရှိ ကွင်းလယ်လူ ဟိုရန်က ပြောပါတယ်။
မော်ဂန်ဟာ အင်္ဂလန်အသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ဆီမီးဖိုင်နယ်ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် လက်ဘက်ရည်သောက်တဲ့ပုံစံ အောင်ပွဲခံခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် သူကတော့ အဲဒီအောင်ပွဲခံပုံက အင်္ဂလိပ်တွေကို ရည်ညွှန်းတာမဟုတ်ကြောင်း ကာကွယ်ခဲ့ပြီး လိုအပ်တာထက်ပိုမိုဝေဖန်ခံနေရတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။