မက္ဆီနဲ႔သူ႕ၾကား ကြဲျပားျခားနားမႈကို ဖြင့္ဟလုိက္တဲ့ေရာ္နယ္ဒို

Photo Credit

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုက သူနဲ႔ ဘာစီလုိနာအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီတုိ႔ၾကား အဓိကကြဲျပားျခားနားခ်က္ကို ဖြင့္ဟသြားရာ ခ်န္ပီယံလိဂ္ဖလားကို မတူညီတဲ့ကလပ္ေတြနဲ႔ ရယူႏိုင္ခဲ့တာက အဓိကကြာျခားခ်က္ျဖစ္ေၾကာင္း ဆုိပါတယ္။

Photo Credit ; Getty Images

အသက္ ၃၃ႏွစ္အရြယ္ရွိ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ The Making Of လုိ႔အမည္ေပးထားတဲ့ DAZN မွတ္တမ္းမွာ ပါ၀င္ခဲ့ၿပီး အဲဒီမွာ လက္ရွိကမၻာ့အေကာင္းဆုံးကစားသမားအျဖစ္ အားၿပိဳင္ေနတယ္လု႔ိ ပရိသတ္ေတြသတ္မွတ္ခံထားရတဲ့ မက္ဆီနဲ႔ သူ႕ၾကား ကြဲျပားျခားနားခ်က္ကို ေျပာသြားတာပါ။

Photo Credit ; Getty Images

၂၀၁၈ ေႏြရာသီက ရီးရဲလ္ကေန ဂ်ဴဗင္တပ္စ္ကို အံ့အားသင့္ဖြယ္ေျပာင္းေရႊ႕ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ကစားသမားဘ၀တစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလား ၅ႀကိမ္ရရွိထားရာမွာ ၂၀၀၈ ခုႏွစ္က ယူႏုိက္တက္နဲ႔အတူ ပထမဆုံးအႀကိမ္ရရွိခဲ့ၿပီး အဲဒီေနာက္ အသင္းေဟာင္းရီးရဲလ္နဲ႔အတူ ၄ႀကိမ္အထိရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

ေနာက္ၿပီး ေရာ္နယ္ဒိုဟာ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ခ်န္ပီယံလိဂ္ဖလားကို ၃ႀကိမ္ဆက္ရရွိခဲ့ၿပီး သူ႕လုိပဲ Ballon d’Or ဆု ၅ႀကိမ္ရရိွထားတဲ့ မက္ဆီကေတာ့ ဘာစီလုိနာတစ္သင္းတည္းမွာပဲ ခ်န္ပီယံလိဂ္ဖလား ၄ႀကိမ္ရရွိထားပါတယ္။

Photo Credit ; Getty Images

”မက္ဆီနဲ႔ကၽြန္ေတာ့္ၾကား ကြာျခားခ်က္ကေတာ့ ကၽြန္ေတာ္က အသင္းအမ်ားအျပားေျပာင္းလဲကစားခဲ့ၿပီး မတူညီတဲ့အသင္းေတြနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့တဲ့အခ်က္ပါပဲ။ ေနာက္ၿပီး ကၽြန္ေတာ္ဟာ ခ်န္ပီယံလိဂ္ဂိုးသြင္းဘုရင္အျဖစ္ ၆ရာသီဆက္ ရပ္တည္ႏိုင္ခဲ့ပါတယ္”

Photo Credit ; Getty Images

”ခ်န္ပီယံလိဂ္ဖလား ၅ႀကိမ္ရရွိတဲ့ကစားသမားကလည္း သိပ္မရွိလုိ႔ ကၽြန္ေတာ့္အေနနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြနဲ႔အတူ ကုိယ့္ရဲ႕အမွတ္တံဆိပ္ကို ရွာေဖြႏိုင္တယ္လုိ႔ ခံစားေနရတာပါ။ မက္ဆီကလည္း Ballon d’Or ဆုရရွိခ့ဲ႐ုံသာမက ကၽြန္ေတာ့္လုိပဲ တစ္ႏွစ္ၿပီးတစ္ႏွစ္ တုိးတက္လာလုိ႔ သိပ္ကိုအံ့အားသင့္စရာေကာင္းတဲ့ကစားသမားပါ”

Photo Credit

”ကၽြန္ေတာ့္အေနနဲ႔ မနက္အိပ္ယာကႏိုးလာတာနဲ႔ ေအာင္ျမင္မႈေတြ ဒီထက္ပိုရဖုိ႔ ေလ့က်င့္ေရးကြင္းမွာ ႀကိဳးစားေလ့က်င့္မယ္ဆုိတဲ့အုိင္ဒီယာနဲ႔ ႏိုးလာတာပါ။ အဲဒီမွာ ေငြေၾကးအေၾကာင္းမပါပါဘူး။ ဘုရားသခင္ကိုလည္း ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့္မွာ ေငြမရွားခဲ့ပါဘူး။ ဒီေတာ့ ကၽြန္ေတာ္လည္း ေဘာလုံးသမုိင္းမွာ ေနရာတစ္ေနရာရဖို႔ ႀကိဳးစားႏိုင္တာပါ”လုိ႔ ေရာ္နယ္ဒိုက ေျပာပါတယ္။

Photo Credit

Unicode

မက်ဆီနဲ့သူ့ကြား ကွဲပြားခြားနားမှုကို ဖွင့်ဟလိုက်တဲ့ရော်နယ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက သူနဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီတို့ကြား အဓိကကွဲပြားခြားနားချက်ကို ဖွင့်ဟသွားရာ ချန်ပီယံလိဂ်ဖလားကို မတူညီတဲ့ကလပ်တွေနဲ့ ရယူနိုင်ခဲ့တာက အဓိကကွာခြားချက်ဖြစ်ကြောင်း ဆိုပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ The Making Of လို့အမည်ပေးထားတဲ့ DAZN မှတ်တမ်းမှာ ပါဝင်ခဲ့ပြီး အဲဒီမှာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် အားပြိုင်နေတယ်လု့ိ ပရိသတ်တွေသတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ သူ့ကြား ကွဲပြားခြားနားချက်ကို ပြောသွားတာပါ။
၂၀၁၈ နွေရာသီက ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလား ၅ကြိမ်ရရှိထားရာမှာ ၂၀၀၈ ခုနှစ်က ယူနိုက်တက်နဲ့အတူ ပထမဆုံးအကြိမ်ရရှိခဲ့ပြီး အဲဒီနောက် အသင်းဟောင်းရီးရဲလ်နဲ့အတူ ၄ကြိမ်အထိရရှိခဲ့ပါတယ်။
နောက်ပြီး ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ချန်ပီယံလိဂ်ဖလားကို ၃ကြိမ်ဆက်ရရှိခဲ့ပြီး သူ့လိုပဲ Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့ မက်ဆီကတော့ ဘာစီလိုနာတစ်သင်းတည်းမှာပဲ ချန်ပီယံလိဂ်ဖလား ၄ကြိမ်ရရှိထားပါတယ်။
”မက်ဆီနဲ့ကျွန်တော့်ကြား ကွာခြားချက်ကတော့ ကျွန်တော်က အသင်းအများအပြားပြောင်းလဲကစားခဲ့ပြီး မတူညီတဲ့အသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့အချက်ပါပဲ။ နောက်ပြီး ကျွန်တော်ဟာ ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်အဖြစ် ၆ရာသီဆက် ရပ်တည်နိုင်ခဲ့ပါတယ်”
”ချန်ပီယံလိဂ်ဖလား ၅ကြိမ်ရရှိတဲ့ကစားသမားကလည်း သိပ်မရှိလို့ ကျွန်တော့်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့အတူ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို ရှာဖွေနိုင်တယ်လို့ ခံစားနေရတာပါ။ မက်ဆီကလည်း Ballon d’Or ဆုရရှိခဲ့ရုံသာမက ကျွန်တော့်လိုပဲ တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာလို့ သိပ်ကိုအံ့အားသင့်စရာကောင်းတဲ့ကစားသမားပါ”
”ကျွန်တော့်အနေနဲ့ မနက်အိပ်ယာကနိုးလာတာနဲ့ အောင်မြင်မှုတွေ ဒီထက်ပိုရဖို့ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားလေ့ကျင့်မယ်ဆိုတဲ့အိုင်ဒီယာနဲ့ နိုးလာတာပါ။ အဲဒီမှာ ငွေကြေးအကြောင်းမပါပါဘူး။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ ငွေမရှားခဲ့ပါဘူး။ ဒီတော့ ကျွန်တော်လည်း ဘောလုံးသမိုင်းမှာ နေရာတစ်နေရာရဖို့ ကြိုးစားနိုင်တာပါ”လို့ ရော်နယ်ဒိုက ပြောပါတယ်။