မက္ဆီက သူ႔ကိုပိုေကာငး္တဲ့ကစားသမားျဖစ္ေစတယ္လုိ႔ေျပာလိုက္တဲ့စီေရာ္နယ္ဒို

photo-FIFA

photo-goal

စီေရာ္နယ္ဒိုဟာ မက္ဆီနဲ႔သူ႔ၾကားက ႀကီးက်ယ္တဲ့ၿပိဳင္ဆိုင္မႈကို ခ်ီးက်ဴးလုိက္ၿပီး မက္ဆီက သူ႔ကိုပိုေကာင္းတဲ့ကစားသမားျဖစ္ေစခဲ့တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ အဲဒီဂ်ဴဗင္တပ္တုိက္စစ္မႈးဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ ဘယ္သူက ကမာၻ႔အေကာင္းဆုံးလဲဆိုတာနဲ႔ပတ္သက္လို႔ မက္ဆီနဲ႔ အျပင္းအထန္တိုက္ပြဲ၀င္ခဲ့ရတာပါ။ လက္ရွိမွာလည္း သူတို႔ႏွစ္ေယာက္ဟာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballond’Or ဆုကို ၅ ႀကိမ္စီရရွိထားၾကပါတယ္။

photo-gettyimages

”မက္ဆီက ကၽြန္ေတာ့္ကို ပိုေကာင္းတဲ့ကစားသမားျဖစ္ေစခဲ့တယ္ဆိုတာ သံသယရွိစရာမလိုပါဘူး။ အျပန္အလွန္လည္း ျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္ဆုဖလားေတြရရွိခ်ိန္မွာ အဲဒါက သူ႔ကိုနာက်င္ေစမွာပါ။ သူရတဲ့အခ်ိန္ဆုိရင္လည္း ကၽြန္ေတာ့္အတြက္ အဲဒီလိုပါပဲ။ မက္ဆီျဖတ္သန္းခဲ့တဲ့ကစားသမားဘ၀ကို ကၽြန္ေတာ္တကယ္ေလးစားပါတယ္။ သူ႕ဘက္ကလည္း စပိန္ကေန ကၽြန္ေတာ္ထြက္ခြာေတာ့ ဘယ္ေလာက္စိတ္ပ်က္ရေၾကာင္း ေျပာထားၿပီးသားပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတန္ဖိုးထားတဲ့ၿပိဳင္ဆိုင္မႈတစ္ခုျဖစ္ခဲ့တာပါ”လို႔ စီေရာ္နယ္ဒိုက ေျပာၾကားခဲ့တာပါ။

photo-gettyimages

ဒါ့အျပင္ စီေရာ္နယ္ဒိုက သူတု႔ိႏွစ္ေယာက္စလုံးကစားသမားဘ၀က နားခ်ိန္ေရာက္ရင္ သူတုိ႔ၾကားကဆက္ဆံေရးဟာ ပြင့္လန္းလာႏိုင္တယ္လို႔ ျမင္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္။ ”ကၽြန္ေတာ့္မွာ မက္ဆီနဲ႔ အရမ္းကိုေကာင္းတဲ့ပေရာ္ဖက္ရွင္နယ္ဆက္ဆံေရးတစ္ခုရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဟာ ၁၅ ႏွစ္တိုင္ တူညီတဲ့အခိုက္အတန္႔ေတြကို မွ်ေ၀ခဲ့ၾကလို႔႔ပါ။ ကၽြန္ေတာ္တို႔တစ္ခါမွ ညစာအတူမစားဖူးပါဘူး။ ဒါေပမဲ့ အနာဂါတ္မွာ ကၽြန္ေတာ္တုိ႔ဘာေၾကာင့္မလုပ္ႏိုင္ရမွာလဲ။ အဲဒါဟာ ျပသနာတစ္ရပ္လို႔ ကၽြန္ေတာ္မျမင္ပါဘူး”လို႔ စီေရာ္နယ္ဒိုက ဆက္လက္ေျပာၾကားခဲ့တာပါ။

[Unicode]

စီရော်နယ်ဒိုဟာ မက်ဆီနဲ့သူ့ကြားက ကြီးကျယ်တဲ့ပြိုင်ဆိုင်မှုကို ချီးကျူးလိုက်ပြီး မက်ဆီက သူ့ကိုပိုကောင်းတဲ့ကစားသမားဖြစ်စေခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီဂျူဗင်တပ်တိုက်စစ်မှုးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဘယ်သူက ကမ္ဘာ့အကောင်းဆုံးလဲဆိုတာနဲ့ပတ်သက်လို့ မက်ဆီနဲ့ အပြင်းအထန်တိုက်ပွဲဝင်ခဲ့ရတာပါ။ လက်ရှိမှာလည်း သူတို့နှစ်ယောက်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballond’Or ဆုကို ၅ ကြိမ်စီရရှိထားကြပါတယ်။

”မက်ဆီက ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားဖြစ်စေခဲ့တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အပြန်အလှန်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ဆုဖလားတွေရရှိချိန်မှာ အဲဒါက သူ့ကိုနာကျင်စေမှာပါ။ သူရတဲ့အချိန်ဆိုရင်လည်း ကျွန်တော့်အတွက် အဲဒီလိုပါပဲ။ မက်ဆီဖြတ်သန်းခဲ့တဲ့ကစားသမားဘဝကို ကျွန်တော်တကယ်လေးစားပါတယ်။ သူ့ဘက်ကလည်း စပိန်ကနေ ကျွန်တော်ထွက်ခွာတော့ ဘယ်လောက်စိတ်ပျက်ရကြောင်း ပြောထားပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ သူတန်ဖိုးထားတဲ့ပြိုင်ဆိုင်မှုတစ်ခုဖြစ်ခဲ့တာပါ”လို့ စီရော်နယ်ဒိုက ပြောကြားခဲ့တာပါ။

ဒါ့အပြင် စီရော်နယ်ဒိုက သူတု့ိနှစ်ယောက်စလုံးကစားသမားဘဝက နားချိန်ရောက်ရင် သူတို့ကြားကဆက်ဆံရေးဟာ ပွင့်လန်းလာနိုင်တယ်လို့ မြင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ”ကျွန်တော့်မှာ မက်ဆီနဲ့ အရမ်းကိုကောင်းတဲ့ပရော်ဖက်ရှင်နယ်ဆက်ဆံရေးတစ်ခုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ၁၅ နှစ်တိုင် တူညီတဲ့အခိုက်အတန့်တွေကို မျှဝေခဲ့ကြလို့ပါ။ ကျွန်တော်တို့တစ်ခါမှ ညစာအတူမစားဖူးပါဘူး။ ဒါပေမဲ့ အနာဂါတ်မှာ ကျွန်တော်တို့ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ အဲဒါဟာ ပြသနာတစ်ရပ်လို့ ကျွန်တော်မမြင်ပါဘူး”လို့ စီရော်နယ်ဒိုက ဆက်လက်ပြောကြားခဲ့တာပါ။