မက္ဆီကို ၿပိဳင္ဘက္အျဖစ္ ရင္ဆုိင္ခြင့္ရဖို႔ ဆုေတာင္းခဲ့တယ္လုိ႔ ဂီတာေဖးနည္းျပဖြင့္ဟ

Photo Credit

Photo Credit

ယေန႔ညမွာ ကစားမယ့္ ဂီတာေဖးအသင္းနဲ႔ ဘာစီလုိနာအသင္းတုိ႔ အားၿပိဳင္မႈမွာ မက္ဆီမပါတဲ့ ဘာစီလိုနာကအားေပ်ာ့ေနမွာ မွန္ေပမယ့္ ဂီတာေဖးနည္းျပဂ်ိဳေဆးေဘာ္ဒါလက္စ္ကေတာ့ တိုက္စစ္မွဴး မက္ဆီကို ႀက့ံခိုင္မႈျပည့္ဝအျပည့္နဲ႔ပါဝင္ကစားႏိုင္ဖို႔ ဆုေတာင္းခဲ့ေၾကာင္း ၀န္ခံလုိက္ပါတယ္။

Photo Credit ; AFP / Getty Images

မက္ဆီမပါဝင္တဲ့ ဘာစီလိုနာအသင္းရဲ႕ရာသီအစကခက္ခဲခဲ့ရၿပီး အာဂ်င္တိုင္းသားက ထပ္မံဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ ဒီညမွာကစားမယ့္ ဂီတာေဖးနဲ႔ပြဲစဥ္ကိုလြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

Photo Credit

ေဘာ္ဒါလက္စ္က “သူက ကမၻာ့အေကာင္းဆံုးကစားသမားဆိုတာ ကၽြန္ေတာ္တုိ႔အားလံုးသိၾကပါတယ္။ သူမပါဝင္ႏိုင္တာက ဘာစီလိုနာအတြက္ေရာ၊ ေဘာလံုးေလာကအတြက္ေရာ၊ ကၽြန္ေတာ္တို႔ရဲ႕လိဂ္ၿပိဳင္ပြဲအတြက္ပါ ႀကီးမားတဲ့ ဆံုး႐ံႈးမႈပါပဲ”

Photo Credit

”ဘာစီလုိနာက အင္အားႀကီးတဲ့အသင္းတစ္သင္း ျဖစ္ေနတုန္းဆိုတာ သက္ေသျပထားဆဲပါပဲ။ သူတို႔က တျခားအသင္းေတြကို အႏိုင္ယူႏိုင္ပါတယ္၊ မက္ဆီပါဝင္ကစားႏိုင္မလားဆိုတာ ကၽြန္ေတာ္တို႔ မသိပါဘူး၊ ဒါေပမဲ့ ပါဝင္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္“လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit

ဘာစီလိုနာနည္းျပဗယ္လ္ဗာဒီကေတာ့ လက္တေလာမွာ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္ ေဘာဒါလက္စ္ကေတာ့ စပိန္နည္းျပအေပၚ နားလည္တယ္လို႔ ဆိုပါတယ္။

Photo Credit

ဆက္လက္ၿပီး ေဘာ္ဒါလက္စ္က ”နည္းျပေတြဟာပြဲစဥ္ေတြရဲ႕ရလဒ္ေတြေၾကာင့္ ေဝဖန္ခံေနရပါတယ္၊ ဒါကမတရားပါဘူး၊ ကၽြန္ေတ္ာ သူ႕ကိုအေတာ္ကိုေလးစားပါတယ္“လို႔ ေျပာခဲ့ပါတယ္။

Photo Credit

ၾကားပြဲစဥ္ေတြ ယွဥ္ၿပိဳင္ၿပီးတဲ့ေနာက္ လာလီဂါရဲ႕အမွတ္ေပးဇယားကအေျပာင္းအလဲေတြ ျဖစ္သြားခဲ့ၿပီး ဂီတာေဖးအသင္းလည္း အေျပာင္းအလဲေတြ ုျဖစ္ေပၚလာႏိုင္ပါတယ္။

Photo Credit

“ကၽြန္ေတ္ာတို႔လည္း မျဖစ္မေနေျပာင္းလဲရမွာပဲ၊ အခ်ိန္ကာလအနည္းငယ္အတြင္းမွာပြဲစဥ္ေတြ အမ်ာႀကီးယွဥ္ၿပိဳင္ရတာေၾကာင့္ ကၽြန္ေတာ္တို႔ကစားသမားေတြဟာစူပါမန္းေတြ မဟုတ္ဘူးဆိုတာသိရမွာပါ၊ ဒါေၾကာင့္ သူတို႔ ဒဏ္ရာေတြမရေစဖို႔ ကၽြန္ေတာ္တို႔ဂရုစိုက္ရပါမယ္“လုိ႔ ေျပာပါတယ္။

Photo Credit

Unicode

မက်ဆီကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်ရဖို့ ဆုတောင်းခဲ့တယ်လို့ ဂီတာဖေးနည်းပြဖွင့်ဟ

ယနေ့ညမှာ ကစားမယ့် ဂီတာဖေးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ အားပြိုင်မှုမှာ မက်ဆီမပါတဲ့ ဘာစီလိုနာကအားပျော့နေမှာ မှန်ပေမယ့် ဂီတာဖေးနည်းပြဂျိုဆေးဘော်ဒါလက်စ်ကတော့ တိုက်စစ်မှူး မက်ဆီကို ကြံ့ခိုင်မှုပြည့်ဝအပြည့်နဲ့ပါဝင်ကစားနိုင်ဖို့ ဆုတောင်းခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။
မက်ဆီမပါဝင်တဲ့ ဘာစီလိုနာအသင်းရဲ့ရာသီအစကခက်ခဲခဲ့ရပြီး အာဂျင်တိုင်းသားက ထပ်မံဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒီညမှာကစားမယ့် ဂီတာဖေးနဲ့ပွဲစဉ်ကိုလွဲချော်ရတော့မှာ ဖြစ်ပါတယ်။
ဘော်ဒါလက်စ်က “သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ သူမပါဝင်နိုင်တာက ဘာစီလိုနာအတွက်ရော၊ ဘောလုံးလောကအတွက်ရော၊ ကျွန်တော်တို့ရဲ့လိဂ်ပြိုင်ပွဲအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ”
”ဘာစီလိုနာက အင်အားကြီးတဲ့အသင်းတစ်သင်း ဖြစ်နေတုန်းဆိုတာ သက်သေပြထားဆဲပါပဲ။ သူတို့က တခြားအသင်းတွေကို အနိုင်ယူနိုင်ပါတယ်၊ မက်ဆီပါဝင်ကစားနိုင်မလားဆိုတာ ကျွန်တော်တို့ မသိပါဘူး၊ ဒါပေမဲ့ ပါဝင်ဖို့တော့ မျှော်လင့်ပါတယ်“လို့ ပြောသွားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြဗယ်လ်ဗာဒီကတော့ လက်တလောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဘောဒါလက်စ်ကတော့ စပိန်နည်းပြအပေါ် နားလည်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဘော်ဒါလက်စ်က ”နည်းပြတွေဟာပွဲစဉ်တွေရဲ့ရလဒ်တွေကြောင့် ဝေဖန်ခံနေရပါတယ်၊ ဒါကမတရားပါဘူး၊ ကျွန်တေ်ာ သူ့ကိုအတော်ကိုလေးစားပါတယ်“လို့ ပြောခဲ့ပါတယ်။
ကြားပွဲစဉ်တွေ ယှဉ်ပြိုင်ပြီးတဲ့နောက် လာလီဂါရဲ့အမှတ်ပေးဇယားကအပြောင်းအလဲတွေ ဖြစ်သွားခဲ့ပြီး ဂီတာဖေးအသင်းလည်း အပြောင်းအလဲတွေ ုဖြစ်ပေါ်လာနိုင်ပါတယ်။
“ကျွန်တေ်ာတို့လည်း မဖြစ်မနေပြောင်းလဲရမှာပဲ၊ အချိန်ကာလအနည်းငယ်အတွင်းမှာပွဲစဉ်တွေ အမျာကြီးယှဉ်ပြိုင်ရတာကြောင့် ကျွန်တော်တို့ကစားသမားတွေဟာစူပါမန်းတွေ မဟုတ်ဘူးဆိုတာသိရမှာပါ၊ ဒါကြောင့် သူတို့ ဒဏ်ရာတွေမရစေဖို့ ကျွန်တော်တို့ဂရုစိုက်ရပါမယ်“လို့ ပြောပါတယ်။