

တိုက္စစ္မွဴးမက္ဆီအေနနဲ႔ ျပန္ကစားႏိုင္ဖို႔ အခ်ိန္အမ်ားႀကီးယူရမယ္လို႔ ယံုၾကည္ၿပီး ဘာစီလိုနာအေနနဲ႔လည္း အာဂ်င္တီးနားစူပါၾကယ္ပြင့္အေပၚဖိအားမေပးသင့္ဘူးလို႔ ဂႏၳ၀င္ကစားသမားရီဗယ္ဒိုက ေျပာဆိုလိုက္ပါတယ္။ရာသီသစ္စကတည္းက ဒဏ္ရာျပသနာေတြနဲ႔ရုန္းကန္ေနရတဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ပြဲမွာလည္း ဒဏ္ရာထပ္မံရရွိသြားခဲ့ပါတယ္။သူ႔ဒဏ္ရာအေျခအေနနဲ႔ပတ္သက္တဲ့ အေသးစိတ္ကို ထုတ္ျပန္ေၾကညာတာမ်ိဳးမေတြ႔ရေပမယ့္ လာမယ့္ ၃ပြဲေလာက္လြဲဖို႔ရွိေနတယ္ဆိုတဲ့ သတင္းေတြေတာ့ထြက္ေနပါတယ္။

ဘာစီလိုနာဂႏၳ၀င္ကြင္းလယ္လူေဟာင္း ရီဗယ္ဒိုကေတာ့ မက္ဆီကိုအသံုးျပဳဖို႔ ပိုၿပီးဂရုတစိုက္ရွိသင့္တယ္လို႔ဆိုပါတယ္။“ မက္ဆီ ဒဏ္ရာကေနျပန္လာရင္ ဘာကာအေနနဲ႔ပိုၿပီး ဂရုစိုက္ရပါမယ္။သူ႔ကို အလ်င္စလိုကစားခြင့္မေပးသင့္ပါဘူး။ခပ္ေစာေစာႀကီး ကြင္းထဲမပို႔သင့္ပါဘူး။သူဟာ ၃၂ႏွစ္ရွိပါၿပီ။မရပ္မနားဘဲ အခ်ိန္အၾကာႀကီး အျမင့္ဆံုးအဆင့္မွာ ရွိေနခဲ့သူပါ။ဒါေၾကာင့္ အနည္းငယ္နာက်င္စြာ သူခံစားရမွာကေတာ့ ပံုမွန္ပါပဲ။ဘာကာအေနနဲ႔ မက္ဆီကိုလံုး၀ျပန္ေကာင္းလာတဲ့အထိ ခြင့္ျပဳေပးဖို႔လိုအပ္ပါတယ္။ဒါဆိုရင္ သူလည္း ဒဏ္ရာျပန္ရမွာမဟုတ္ပါဘူး။တကယ္လို႔ ဒဏ္ရာေၾကာင့္ ၂ပတ္ကေန ၁လေလာက္ သူနားရမယ္ဆိုလည္း ကိစၥမရွိပါဘူး။ကၽြန္ေတာ္လည္း ငယ္ငယ္တုန္းကဆို ဒဏ္ရာရမယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့မိပါဘူး။ဒါေပမဲ့ ဒါဟာမမွန္ပါဘူး။၃၂ ႏွစ္ဆိုတာ ၂၅ႏွစ္သား မဟုတ္ေတာ့ပါဘူး။ခႏာကိုယ္ကို ပိုၿပီးဂရုစိုက္ဖို႔လိုအပ္ပါတယ္”လို႔ ဘရာဇီးသားႀကီးက ေျပာသြားခဲ့ပါတယ္။
ဒါေပမဲ့ အခုျပသနာဟာ မက္ဆီကိုရပ္တန္႔သြားေစမွာ မဟုတ္ေၾကာင္း၊ဒဏ္ရာကျပန္လာရင္ အရင္လိုေျခစြမ္းမ်ိဳးျမင္ရဦးမွာျဖစ္ေၾကာင္း၊ေနာက္ႏွစ္အနည္းငယ္အထိလည္း သူ႔ကို အျမင့္ဆံုးအဆင့္မွာ ျမင္ရဦးမယ္လို႔ယံုၾကည္ေၾကာင္း ရီဗယ္ဒိုကေျပာသြားပါတယ္။
(unicode)
တိုက်စစ်မှူးမက်ဆီအနေနဲ့ ပြန်ကစားနိုင်ဖို့ အချိန်အများကြီးယူရမယ်လို့ ယုံကြည်ပြီး ဘာစီလိုနာအနေနဲ့လည်း အာဂျင်တီးနားစူပါကြယ်ပွင့်အပေါ်ဖိအားမပေးသင့်ဘူးလို့ ဂန္ထဝင်ကစားသမားရီဗယ်ဒိုက ပြောဆိုလိုက်ပါတယ်။ရာသီသစ်စကတည်းက ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်နေရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ပွဲမှာလည်း ဒဏ်ရာထပ်မံရရှိသွားခဲ့ပါတယ်။သူ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ကြေညာတာမျိုးမတွေ့ရပေမယ့် လာမယ့် ၃ပွဲလောက်လွဲဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေတော့ထွက်နေပါတယ်။ဘာစီလိုနာဂန္ထဝင်ကွင်းလယ်လူဟောင်း ရီဗယ်ဒိုကတော့ မက်ဆီကိုအသုံးပြုဖို့ ပိုပြီးဂရုတစိုက်ရှိသင့်တယ်လို့ဆိုပါတယ်။“ မက်ဆီ ဒဏ်ရာကနေပြန်လာရင် ဘာကာအနေနဲ့ပိုပြီး ဂရုစိုက်ရပါမယ်။သူ့ကို အလျင်စလိုကစားခွင့်မပေးသင့်ပါဘူး။ခပ်စောစောကြီး ကွင်းထဲမပို့သင့်ပါဘူး။သူဟာ ၃၂နှစ်ရှိပါပြီ။မရပ်မနားဘဲ အချိန်အကြာကြီး အမြင့်ဆုံးအဆင့်မှာ ရှိနေခဲ့သူပါ။ဒါကြောင့် အနည်းငယ်နာကျင်စွာ သူခံစားရမှာကတော့ ပုံမှန်ပါပဲ။ဘာကာအနေနဲ့ မက်ဆီကိုလုံးဝပြန်ကောင်းလာတဲ့အထိ ခွင့်ပြုပေးဖို့လိုအပ်ပါတယ်။ဒါဆိုရင် သူလည်း ဒဏ်ရာပြန်ရမှာမဟုတ်ပါဘူး။တကယ်လို့ ဒဏ်ရာကြောင့် ၂ပတ်ကနေ ၁လလောက် သူနားရမယ်ဆိုလည်း ကိစ္စမရှိပါဘူး။ကျွန်တော်လည်း ငယ်ငယ်တုန်းကဆို ဒဏ်ရာရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ဒါပေမဲ့ ဒါဟာမမှန်ပါဘူး။၃၂ နှစ်ဆိုတာ ၂၅နှစ်သား မဟုတ်တော့ပါဘူး။ခနာကိုယ်ကို ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်”လို့ ဘရာဇီးသားကြီးက ပြောသွားခဲ့ပါတယ်။ဒါပေမဲ့ အခုပြသနာဟာ မက်ဆီကိုရပ်တန့်သွားစေမှာ မဟုတ်ကြောင်း၊ဒဏ်ရာကပြန်လာရင် အရင်လိုခြေစွမ်းမျိုးမြင်ရဦးမှာဖြစ်ကြောင်း၊နောက်နှစ်အနည်းငယ်အထိလည်း သူ့ကို အမြင့်ဆုံးအဆင့်မှာ မြင်ရဦးမယ်လို့ယုံကြည်ကြောင်း ရီဗယ်ဒိုကပြောသွားပါတယ်။