

ဖီဖာတစ္ႏွစ္တာအေကာင္းဆံုးအမ်ိဳးသားကစားသမားဆု(FIFA Best Men’s Player of the Year award)နဲ႔ပတ္သက္ၿပီး မတူညီတဲ့ ရႈေထာင့္မ်ိဳးစံုက အသံေတြအေတာ္ေလးဆူညံေနပါတယ္။ေနာက္ဆံုးဆန္ကာတင္အဆင့္ကို ယူအီးအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆံုးအမ်ိဳးသားဆု(UEFA Men’s Player of the Year Award)တုန္းကလိုပဲ မက္ဆီ၊စီေရာ္နယ္ဒိုနဲ႔ဗန္ဒိုက္တို႔ ေရာက္ရွိလာခဲ့ေပမယ့္ ဒီတစ္ႀကိမ္ ေကာ္ေဇာနီေပၚတက္ခြင့္ရသြားတာက အာဂ်င္တီးနားတိုက္စစ္မွဴးပါ။မက္ဆီဟာ လာလီဂါခ်န္ပီယံဘာစီလိုနာအတြက္ ၿပိဳင္ပြဲစံုစုစုေပါင္း ၅၁ဂိုးသြင္းေပးၿပီး ၂၂ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ဒါေၾကာင့္ ဥေရာပေရႊဖိနပ္ဆု၊လာလီဂါအေကာင္းဆံုးကစားသမားဆု၊Marca ရဲ႕လာလီဂါေရႊဖိနပ္ဆု(Pichichi) ေတြ သိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဂ်ဴဗင္တပ္နဲ႔အတူ စီးရီးေအဖလား၊စူပါကိုပါအီတာလီယာဖလား၊ေပၚတူဂီနဲ႔အတူ ေနးရွင္းလိဂ္ဖလားရခဲ့တဲ့ စီေရာ္နယ္ဒိုရသင့္တယ္လို႔ ဆိုၾကသူေတြရွိသလို လီဗာပူးခံစစ္ရဲ႕အသည္းႏွလံုး ဗန္ဒို္က္နဲ႔သာထိုက္တန္တယ္လို႔ ယူဆသူေတြလည္းမရွားပါဘူး။အထူးသျဖင့္ ေနးရွင္းလိဂ္ဗိုလ္လုပြဲေရာက္ခဲ့သလို လီဗာပူးရဲ႕ခ်န္ပီယံလိဂ္ေအာင္ပြဲမွာ အဓိကက်ခဲ့တဲ့ နယ္သာလန္ခံစစ္မွဴးရဲ႕ “ႏွစ္” ျဖစ္သင့္တယ္ဆိုတဲ့ တံု႔ျပန္မႈေတြရွိေနပါတယ္။ဒါေပမဲ့ ကာယကံရွင္ကေတာ့ သူဟာ ေအာင္ပြဲရွင္မက္ဆီကို မယွဥ္ႏိုင္ခဲ့ပါဘူးလို႔ ၀န္ခံလိုက္တာပါ။

“ ဒီဆံုးျဖတ္ခ်က္အတြက္ မဲေပးခဲ့သူေတြေရာ ခင္ဗ်ားအေနနဲ႔ပါ ဒါကို လက္ခံရမွာပါ။ကၽြန္ေတာ္နဲ႔ႏိႈင္းယွဥ္လို႔မရတဲ့ ကစားသမားနဲ႔ပတ္သက္တဲ့ အေရးေလာက္ပါပဲလို႔ ေျပာခ်င္ပါတယ္။သူနဲ႔ကၽြန္ေတာ္ဟာ လံုး၀ကိုကြဲျပားပါတယ္။ဒီေနရာေရာက္ခြင့္ရတာကိုပဲ ကၽြန္ေတာ္ဂုဏ္ယူမိပါတယ္။ၿပီးေတာ့ အေကာင္းဆံုးအသင္းမွာလည္းပါ၀င္ခြင့္ရခဲ့တယ္။ဒီေန႔မွာ ကံမေကာင္းစြာနဲ႔ကၽြန္ေတာ္ ဆုမရခဲ့ေပမယ့္ စိတ္ပ်က္တာမိ်ဳးေတာ့မျဖစ္ပါဘူး ” လို႔ ဗန္ဒိုက္က ဖြင့္ဟသြားတာပါ။ဒါေပမဲ့ လီဗာပူးေနာက္ခံလူဟာ ၂၀၁၉ ေရႊေဘာလံုးဆုအတြက္ ေမွ်ာ္လင့္ခ်က္ရွိေနပါေသးတယ္။
(unicode)
ဖီဖာတစ်နှစ်တာအကောင်းဆုံးအမျိုးသားကစားသမားဆု(FIFA Best Men’s Player of the Year award)နဲ့ပတ်သက်ပြီး မတူညီတဲ့ ရှုထောင့်မျိုးစုံက အသံတွေအတော်လေးဆူညံနေပါတယ်။နောက်ဆုံးဆန်ကာတင်အဆင့်ကို ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအမျိုးသားဆု(UEFA Men’s Player of the Year Award)တုန်းကလိုပဲ မက်ဆီ၊စီရော်နယ်ဒိုနဲ့ဗန်ဒိုက်တို့ ရောက်ရှိလာခဲ့ပေမယ့် ဒီတစ်ကြိမ် ကော်ဇောနီပေါ်တက်ခွင့်ရသွားတာက အာဂျင်တီးနားတိုက်စစ်မှူးပါ။မက်ဆီဟာ လာလီဂါချန်ပီယံဘာစီလိုနာအတွက် ပြိုင်ပွဲစုံစုစုပေါင်း ၅၁ဂိုးသွင်းပေးပြီး ၂၂ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် ဥရောပရွှေဖိနပ်ဆု၊လာလီဂါအကောင်းဆုံးကစားသမားဆု၊Marca ရဲ့လာလီဂါရွှေဖိနပ်ဆု(Pichichi) တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဂျူဗင်တပ်နဲ့အတူ စီးရီးအေဖလား၊စူပါကိုပါအီတာလီယာဖလား၊ပေါ်တူဂီနဲ့အတူ နေးရှင်းလိဂ်ဖလားရခဲ့တဲ့ စီရော်နယ်ဒိုရသင့်တယ်လို့ ဆိုကြသူတွေရှိသလို လီဗာပူးခံစစ်ရဲ့အသည်းနှလုံး ဗန်ဒိုက်နဲ့သာထိုက်တန်တယ်လို့ ယူဆသူတွေလည်းမရှားပါဘူး။အထူးသဖြင့် နေးရှင်းလိဂ်ဗိုလ်လုပွဲရောက်ခဲ့သလို လီဗာပူးရဲ့ချန်ပီယံလိဂ်အောင်ပွဲမှာ အဓိကကျခဲ့တဲ့ နယ်သာလန်ခံစစ်မှူးရဲ့ “နှစ်” ဖြစ်သင့်တယ်ဆိုတဲ့ တုံ့ပြန်မှုတွေရှိနေပါတယ်။ဒါပေမဲ့ ကာယကံရှင်ကတော့ သူဟာ အောင်ပွဲရှင်မက်ဆီကို မယှဉ်နိုင်ခဲ့ပါဘူးလို့ ဝန်ခံလိုက်တာပါ။“ ဒီဆုံးဖြတ်ချက်အတွက် မဲပေးခဲ့သူတွေရော ခင်ဗျားအနေနဲ့ပါ ဒါကို လက်ခံရမှာပါ။ကျွန်တော်နဲ့နှိုင်းယှဉ်လို့မရတဲ့ ကစားသမားနဲ့ပတ်သက်တဲ့ အရေးလောက်ပါပဲလို့ ပြောချင်ပါတယ်။သူနဲ့ကျွန်တော်ဟာ လုံးဝကိုကွဲပြားပါတယ်။ဒီနေရာရောက်ခွင့်ရတာကိုပဲ ကျွန်တော်ဂုဏ်ယူမိပါတယ်။ပြီးတော့ အကောင်းဆုံးအသင်းမှာလည်းပါဝင်ခွင့်ရခဲ့တယ်။ဒီနေ့မှာ ကံမကောင်းစွာနဲ့ကျွန်တော် ဆုမရခဲ့ပေမယ့် စိတ်ပျက်တာမျိုးတော့မဖြစ်ပါဘူး ” လို့ ဗန်ဒိုက်က ဖွင့်ဟသွားတာပါ။ဒါပေမဲ့ လီဗာပူးနောက်ခံလူဟာ ၂၀၁၉ ရွှေဘောလုံးဆုအတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။