မက္ဂြဲယားေရာက္လာရင္ ခ်ဲလ္ဆီးနဲ႔ရာသီအဖြင့္ပြဲမွာ မန္ယူရဲ႕လူစာရင္းဘယ္လိုရွိလာမလဲ

မန္ယူပရိသတ္ေတြ ႏွစ္နဲ႔ခ်ီၿပီးေစာင့္ေမွ်ာ္ေနၾကတဲ႔ ေနာက္ခံလူ မက္ဂြဲယားကေတာ႔ သိပ္မၾကာခင္မွာလက္စတာကေနမန္ယူကိုေရာက္လာေတာ႔မွာပါ။ သူဟာမန္ယူကိုေျပာင္းေရႊ႕ေၾကးေပါင္သန္း ၈၀ နဲ႔ေရာက္လာမွာလို႔ The Sun သတင္းစာ(အျခားသတင္းမ်ားတြင္မေဖာ္ျပေသး) ႀကီးကေဖာ္ျပခဲ့ပါတယ္။

ဒါဟာ ဒီေႏြရာသီမွာ ခရစၥတယ္ပဲေလ႔စ္က ဘစ္ဆာကာၿပီးရင္ မန္ယူကိုေရာက္လာတဲ႔ဒုတိယေျမာက္အဂၤလန္လက္ေရြးစင္လည္းျဖစ္လာပါလိမ့္မယ္။မန္ယူဟာၿပီးခဲ့တဲ႔ရာသီက ထိပ္ဆုံး ၁၀ သင္းထဲမွာဒုတိယေျမာက္ေပးဂိုးအမ်ားဆုံးျဖစ္ခဲ့ၿပီးေနာက္ ေ၀ဖန္မႈေတြခံခဲ့ရလို႔ ဒီေႏြရာသီမွာ နည္းျပ ဆိုးလ္ရွားကခံစစ္ကိုအေလးထားျပင္ဆင္ေနတာျဖစ္ပါတယ္။

မက္ဂြဲယားရဲ႕အေျပာင္းအေရႊ႕ျမန္ဆန္စြာျဖစ္လာခဲ့မယ္ဆိုရင္ လာမယ္႔ၾသဂုတ္ ၁၁ မွာပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ခ်ဲလ္ဆီးနဲ႔ ကစားရတဲ႔အခါ ဘစ္ဆာကာကိုေရာ မက္ဂြဲယားကိုပါ ဆိုးလ္ရွားကထည့္သြင္းအသုံးျပဳႏိုင္မွာပါ။ သူတို႔ႏွစ္ေယာက္စလုံးအျပင္ ဒန္နီရယ္ဂ်ိမ္းစ္ပါ ပါ၀င္မယ္႔ကစားကြက္ႏွစ္ခုကို အဲဒီသတင္းစာႀကီးကအခုလိုေဖာ္ျပသြားပါတယ္။

ဒါက ၅-၃-၂ ပါ။

ပထမကစားကြက္ကေတာ႔ ၄-၂-၃-၁ ျဖစ္ၿပီး ဂိုးသမားအျဖစ္ ဒီဂီယာ၊ ခံစစ္မွာ လုခ္ေရွာ၊ လင္ဒီေလာ႔ဖ္၊ မက္ဂြဲယားနဲ႔ ဘစ္ဆာကာ၊ ကြင္းလယ္ဗဟိုမွာ ေပါ့ဂ္ဘာနဲ႔မာတစ္၊ ကြင္းလယ္တိုက္စစ္ပိုင္းမွာ ဒန္နီရယ္ဂ်ိမ္းစ္၊ လင္ဂတ္နဲ႔ မာရွယ္၊ အေထာင္တိုက္စစ္မွာ ရက္ရွ္ဖို႔ တို႔ပါ၀င္မယ္႔ ပုံစံျဖစ္ပါတယ္။

ဒါကေတာ႔ မႏွစ္ကနဲ႔ထူးမျခားနားျဖစ္မယ္႔ ပုံစံပါ။

ဒုတိယကေတာ႔ ၅-၃-၂ ပုံစံျဖစ္ၿပီး ဂိုးေနရာမွာ ဒီဂီယာ၊ ခံစစ္မွာ လုခ္ေရွာ၊ မက္ဂြဲယား၊ လင္ဒီေလာ႔ဖ္၊ ဘိုင္လီနဲ႔ ဘစ္ဆာကာ၊ ကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ လင္ဂတ္နဲ႔မာတစ္ တိုက္စစ္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္ တို႔ျဖစ္ပါတယ္။ ဒါေပမယ္႔ ဘစ္ဆာကာနဲ႔ မက္ဂဲြယားတို႔မပါရင္ ဒန္နီရယ္ဂ်ိမ္းစ္တစ္ေယာက္ကလြဲၿပီး မႏွစ္ကအဆင္မေျပခဲ့တဲ႔ လူစာရင္းကိုသာပြဲထြက္လာမယ္ဆိုရင္ေတာ႔ အေျခအေနေကာင္းလာမွာမဟုတ္ဖူးလို႔ ဆိုေနၾကပါတယ္။

Unicode

မက်ဂွဲယားရောက်လာရင် ချဲလ်ဆီးနဲ့ရာသီအဖွင့်ပွဲမှာ မန်ယူရဲ့လူစာရင်းဘယ်လိုရှိလာမလဲ
မန်ယူပရိသတ်တွေ နှစ်နဲ့ချီပြီးစောင့်မျှော်နေကြတဲ့ နောက်ခံလူ မက်ဂွဲယားကတော့ သိပ်မကြာခင်မှာလက်စတာကနေမန်ယူကိုရောက်လာတော့မှာပါ။ သူဟာမန်ယူကိုပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ရောက်လာမှာလို့ The Sun သတင်းစာ(အခြားသတင်းများတွင်မဖော်ပြသေး) ကြီးကဖော်ပြခဲ့ပါတယ်။

ဒါဟာ ဒီနွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်က ဘစ်ဆာကာပြီးရင် မန်ယူကိုရောက်လာတဲ့ဒုတိယမြောက်အင်္ဂလန်လက်ရွေးစင်လည်းဖြစ်လာပါလိမ့်မယ်။မန်ယူဟာပြီးခဲ့တဲ့ရာသီက ထိပ်ဆုံး ၁၀ သင်းထဲမှာဒုတိယမြောက်ပေးဂိုးအများဆုံးဖြစ်ခဲ့ပြီးနောက် ဝေဖန်မှုတွေခံခဲ့ရလို့ ဒီနွေရာသီမှာ နည်းပြ ဆိုးလ်ရှားကခံစစ်ကိုအလေးထားပြင်ဆင်နေတာဖြစ်ပါတယ်။

မက်ဂွဲယားရဲ့အပြောင်းအရွှေ့မြန်ဆန်စွာဖြစ်လာခဲ့မယ်ဆိုရင် လာမယ့်သြဂုတ် ၁၁ မှာပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ချဲလ်ဆီးနဲ့ ကစားရတဲ့အခါ ဘစ်ဆာကာကိုရော မက်ဂွဲယားကိုပါ ဆိုးလ်ရှားကထည့်သွင်းအသုံးပြုနိုင်မှာပါ။ သူတို့နှစ်ယောက်စလုံးအပြင် ဒန်နီရယ်ဂျိမ်းစ်ပါ ပါဝင်မယ့်ကစားကွက်နှစ်ခုကို အဲဒီသတင်းစာကြီးကအခုလိုဖော်ပြသွားပါတယ်။

ပထမကစားကွက်ကတော့ ၄-၂-၃-၁ ဖြစ်ပြီး ဂိုးသမားအဖြစ် ဒီဂီယာ၊ ခံစစ်မှာ လုခ်ရှော၊ လင်ဒီလော့ဖ်၊ မက်ဂွဲယားနဲ့ ဘစ်ဆာကာ၊ ကွင်းလယ်ဗဟိုမှာ ပေါ့ဂ်ဘာနဲ့မာတစ်၊ ကွင်းလယ်တိုက်စစ်ပိုင်းမှာ ဒန်နီရယ်ဂျိမ်းစ်၊ လင်ဂတ်နဲ့ မာရှယ်၊ အထောင်တိုက်စစ်မှာ ရက်ရှ်ဖို့ တို့ပါဝင်မယ့် ပုံစံဖြစ်ပါတယ်။

ဒုတိယကတော့ ၅-၃-၂ ပုံစံဖြစ်ပြီး ဂိုးနေရာမှာ ဒီဂီယာ၊ ခံစစ်မှာ လုခ်ရှော၊ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ ဘိုင်လီနဲ့ ဘစ်ဆာကာ၊ ကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ လင်ဂတ်နဲ့မာတစ် တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ် တို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘစ်ဆာကာနဲ့ မက်ဂွဲယားတို့မပါရင် ဒန်နီရယ်ဂျိမ်းစ်တစ်ယောက်ကလွဲပြီး မနှစ်ကအဆင်မပြေခဲ့တဲ့ လူစာရင်းကိုသာပွဲထွက်လာမယ်ဆိုရင်တော့ အခြေအနေကောင်းလာမှာမဟုတ်ဖူးလို့ ဆိုနေကြပါတယ်။