မက္ဂြိဳင္းယားအတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀အသုံးျပဳဖုိ႔ ယူႏုိက္တက္အသင့္ရွိ

Photo Credit ; Sky Sports

Photo Credit ; Getty Images

စကိုင္းစပုိ႔သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ လက္စတာအသင္းေနာက္ခံလူ မက္ဂြိဳင္းယားကို ေခၚယူႏုိင္ေရးအတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၈၀အသုံးျပဳဖုိ႔ အသင့္ရွိေနေၾကာင္း သိရပါတယ္။ အဲဒီေျပာင္းေရႊ႕ေၾကးနဲ႔သာ ေခၚယူျဖစ္ခဲ့ရင္ အဂၤလန္လက္ေရြးစင္ မက္ဂြိဳင္းယားဟာ ကမၻာ့ေစ်းအႀကီးဆုံးေနာက္ခံလူျဖစ္လာမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ၂၀၁၈ ဇန္န၀ါရီလက ေဆာက္သမ္တန္ကေန ေပါင္ ၇၅သန္းနဲ႔ ေရာက္ရွိလာတဲ့ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္က ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးေနာက္ခံလူအျဖစ္ စံခ်ိန္တင္ထားပါတယ္။

Photo Credit ; Getty Images

တနလၤာေန႔က ဖ်ားနာေနလုိ႔ ေလ့က်င့္ခန္းမဆင္းႏိုင္တဲ့အေၾကာင္း အသင္းတာ၀န္ရွိသူေတြထံ ဖုန္းဆက္အေၾကာင္းၾကားခ့ဲတဲ့မက္ဂြိဳင္းယားဟာ လက္စတာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၄ႏွစ္အထိက်န္ရွိေနေသးၿပီး အသင္းကလည္း သူ႕ကို ေရာင္းခ်ဖို႔ အစီအစဥ္မရွိေၾကာင္း ဒီတစ္ေႏြလုံးလုိလုိ ေၾကညာထားပါတယ္။ ဒါေပမဲ့ အသက္ ၂၆ႏွစ္အရြယ္ရွိ မက္ဂြိဳင္းယားက ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ယခုေႏြရာသီ နံပါတ္ ၁ပစ္မွတ္အျဖစ္ ရွိေနဆဲျဖစ္ၿပီး ကစားသမားကိုယ္တုိင္ကလည္း ေစ်းကြက္ပိတ္မယ့္ ၾသဂုတ္လ ၈ရက္ေန႔မတိုင္ခင္ အသင္းကေန ထြက္ခြာလုိတယ္လုိ႔ အသင္းတာ၀န္ရွိသူေတြဆီ အသိေပးထားပါတယ္။

Photo Credit ; Reuters

မက္ဂြိဳင္းယားဟာ သူ႕ရဲ႕သူရဲေကာင္းေတြျဖစ္တဲ့ နီမန္ဂ်ာဗီဒစ္နဲ႔ ရီယိုဖာဒီနန္တုိ႔ရဲ႕လမ္းစဥ္အတုိင္း လုိက္ႏိုင္ေရးအတြက္ ယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖုိ႔ အလြန္စိတ္အားထက္သန္ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ယူႏုိက္တက္အေနနဲ႔ မက္ဂိြဳင္းယားအတြက္ ေပါင္သန္း ၉၀အထိ ေပးေခ်ရႏုိင္ၿပီး လက္စတာအသင္းကလည္း အဲဒီကစားသမားကို ေရာင္းခ်ဖုိ႔ ဘာဖိအားမွမရွိတဲ့အခ်က္က ယူႏုိက္တက္အတြက္ အဓိကအတားအဆီးျဖစ္ေနပါတယ္။

Photo Credit ; Sky Sports

စကိုင္းစပုိ႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ၂၀၁၇ ေႏြရာသီမွာ ဟားလ္စီးတီးကေန ေရာက္လာခဲ့တဲ့ မက္ဂြိဳင္းယားဟာ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖုိ႔ လက္စတာအသင္းဘက္က အခုခ်ိန္အထိ သေဘာမတူညီေသးျခင္းအေပၚ ပိုမိုစိတ္ပ်က္လာတယ္လု႔ိ သိရပါတယ္။ ယူႏုိက္တက္ဟာ အခုခ်ိန္အထိ ပဲေလ့စ္ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာနဲ႔ ဆြမ္ဆီးေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္တုိ႔ကိုသာ ေခၚယူထားႏုိင္ေသးၿပီး မက္ဂြိဳင္းယားအျပင္ တုိက္စစ္မွဴးလူကာကူနဲ႔ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားတုိ႔ကိုလည္း အလဲအထပ္ျပဳလုပ္ကာ ေခၚယူဖုိ႔ ႀကိဳးစားေနပါတယ္။

Photo Credit ; Getty Images

Unicode

မက်ဂွိုင်းယားအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀အသုံးပြုဖို့ ယူနိုက်တက်အသင့်ရှိ

စကိုင်းစပို့သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ရေးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀အသုံးပြုဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ အဲဒီပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူဖြစ်ခဲ့ရင် အင်္ဂလန်လက်ရွေးစင် မက်ဂွိုင်းယားဟာ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူဖြစ်လာမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ၂၀၁၈ ဇန်နဝါရီလက ဆောက်သမ်တန်ကနေ ပေါင် ၇၅သန်းနဲ့ ရောက်ရှိလာတဲ့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောင်းရွှေ့ကြေးအများဆုံးနောက်ခံလူအဖြစ် စံချိန်တင်ထားပါတယ်။
တနင်္လာနေ့က ဖျားနာနေလို့ လေ့ကျင့်ခန်းမဆင်းနိုင်တဲ့အကြောင်း အသင်းတာဝန်ရှိသူတွေထံ ဖုန်းဆက်အကြောင်းကြားခဲ့တဲ့မက်ဂွိုင်းယားဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၄နှစ်အထိကျန်ရှိနေသေးပြီး အသင်းကလည်း သူ့ကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ဒီတစ်နွေလုံးလိုလို ကြေညာထားပါတယ်။ ဒါပေမဲ့ အသက် ၂၆နှစ်အရွယ်ရှိ မက်ဂွိုင်းယားက ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ယခုနွေရာသီ နံပါတ် ၁ပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ဈေးကွက်ပိတ်မယ့် သြဂုတ်လ ၈ရက်နေ့မတိုင်ခင် အသင်းကနေ ထွက်ခွာလိုတယ်လို့ အသင်းတာဝန်ရှိသူတွေဆီ အသိပေးထားပါတယ်။
မက်ဂွိုင်းယားဟာ သူ့ရဲ့သူရဲကောင်းတွေဖြစ်တဲ့ နီမန်ဂျာဗီဒစ်နဲ့ ရီယိုဖာဒီနန်တို့ရဲ့လမ်းစဉ်အတိုင်း လိုက်နိုင်ရေးအတွက် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အလွန်စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ မက်ဂွိုင်းယားအတွက် ပေါင်သန်း ၉၀အထိ ပေးချေရနိုင်ပြီး လက်စတာအသင်းကလည်း အဲဒီကစားသမားကို ရောင်းချဖို့ ဘာဖိအားမှမရှိတဲ့အချက်က ယူနိုက်တက်အတွက် အဓိကအတားအဆီးဖြစ်နေပါတယ်။
စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ ၂၀၁၇ နွေရာသီမှာ ဟားလ်စီးတီးကနေ ရောက်လာခဲ့တဲ့ မက်ဂွိုင်းယားဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လက်စတာအသင်းဘက်က အခုချိန်အထိ သဘောမတူညီသေးခြင်းအပေါ် ပိုမိုစိတ်ပျက်လာတယ်လု့ိ သိရပါတယ်။ ယူနိုက်တက်ဟာ အခုချိန်အထိ ပဲလေ့စ်ညာနောက်ခံလူ ဝမ်ဘစ်ဆာကာနဲ့ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်တို့ကိုသာ ခေါ်ယူထားနိုင်သေးပြီး မက်ဂွိုင်းယားအပြင် တိုက်စစ်မှူးလူကာကူနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားတို့ကိုလည်း အလဲအထပ်ပြုလုပ်ကာ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။