မက္ဂြိဳင္းယားက မန္ယူရဲ႕အနာဂတ္အသင္းေခါင္းေဆာင္လို႔ ဆိုးလ္ရွားေျပာ

Photo- Internet
Photo- Internet

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ေနာက္ခံလူမက္ဂြဲယားကို အနာဂတ္မွာအသင္းေခါင္းေဆာင္အျဖစ္ ရည္ရြယ္ထားတယ္လို႔ ေျပာလိုက္ပါတယ္။ အသက္ ၂၆ ႏွစ္ရွိတဲ႔ မက္ဂြိဳင္းယားဟာၿပီးခဲ့တဲ႔ ေႏြရာသီေစ်းကြက္တုန္းက လက္စတာကေန ေပါင္သန္း ၈၀ နဲ႔ေျပာင္းေရႊ႕လာသူျဖစ္ပါတယ္။

သူဟာ မန္ယူကိုေရာက္လာၿပီးခ်င္းမွာဘဲ ေျခစြမ္ျပေနရုံမက အသင္းကိုဦးေဆာင္ႏိုင္စြမ္းရွိတဲ႔ သူ႔အရည္အေသြးကိုျပသခဲ့ သူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မန္ယူအသင္းေဖာ္ေတြက မက္ဂြိဳင္းယားကိုေလးစားၿပီး အသင္းေခါင္းေဆာင္ျဖစ္ ထိုက္သူလို႔ လက္သင့္ခံထားၾကပါတယ္။

Photo- Internet

လက္ရွိမွအသင္းေခါင္းေဆာင္က အက္ရွ္ေလယန္းျဖစ္ေပမယ္႔ သူဟာမန္ယူနဲ႔လမ္းခြဲရဖို႔ နီးစပ္လာတဲ႔အတြက္ ဆိုးလ္ရွားအေနနဲ႔ အသင္းေခါင္းေဆာင္သစ္တစ္ဦးကိုရွာေဖြရမွာျဖစ္ပါတယ္။ လက္ရွိမွာ မာတစ္ဟာအသက္ႀကီးလာတဲ႔အျပင္ စေမာလင္းကလည္း ရိုးမားကိုေျပာင္းေရႊ႕ၿပီးေနာက္ မန္ယူနဲ႔အနာဂတ္မေသခ်ာေတာ႔တဲ႔အတြက္ မက္ဂြိဳင္းယားကို ဆိုးလ္ရွားကရည္ရြယ္ထားတာျဖစ္ပါတယ္။

Photo- Internet

သူက”မက္ဂြိဳင္းယားဟာ အသင္းေခါင္းေဆာင္ျဖစ္ထိုက္တဲ႔ စြမ္းရည္ေတြရွိထားပါတယ္။ ဒါေၾကာင့္လည္း သူ႔ကိုအနာဂတ္အသင္းေခါင္းေဆာင္ျဖစ္ႏိုင္တယ္လို႔ က်ြန္ေတာ္ေတြးထားၿပီးသားပါ။ ကြင္းထဲမွာဦးေဆာင္ႏိုင္စြမ္း ရွိတဲ႔အျပင္ ကြင္းျပင္ပမွာလဲ ထိပ္တန္ပေရာ္ဖက္ရွင္နယ္ တစ္ဦးျဖစ္ပါတယ္။ သူ႔အတြက္ေငြေတြသုံးခဲ့ရတာဟာ တကယ္႔ကိုေက်နပ္စရာပါ” လို႔ေျပာသြားပါတယ္။

Photo- Internet

မၾကာေသးခင္က မန္ယူနဲ႔တစ္ပတ္လစာေပါင္ ၃၇၅၀၀၀ နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ႔ ဂိုးသမား ဒီဂီယာကလည္း အသင္းေခါင္းေဆာင္ျဖစ္လို တယ္လို႔ေျပာၾကားထားလို႔ ဆိုးလ္ရွားအေနနဲ႔ အသင္းေခါင္းေဆာင္သစ္တစ္ဦးေရြးခ်ယ္ရာမွာ အခက္အခဲေတြ ေတြ႔ႏိုင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

Photo- Internet

Unicode

မက်ဂွိုင်းယားက မန်ယူရဲ့အနာဂတ်အသင်းခေါင်းဆောင်လို့ ဆိုးလ်ရှားပြော
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက နောက်ခံလူမက်ဂွဲယားကို အနာဂတ်မှာအသင်းခေါင်းဆောင်အဖြစ် ရည်ရွယ်ထားတယ်လို့ ပြောလိုက်ပါတယ်။ အသက် ၂၆ နှစ်ရှိတဲ့ မက်ဂွိုင်းယားဟာပြီးခဲ့တဲ့ နွေရာသီဈေးကွက်တုန်းက လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ပြောင်းရွှေ့လာသူဖြစ်ပါတယ်။

သူဟာ မန်ယူကိုရောက်လာပြီးချင်းမှာဘဲ ခြေစွမ်ပြနေရုံမက အသင်းကိုဦးဆောင်နိုင်စွမ်းရှိတဲ့ သူ့အရည်အသွေးကိုပြသခဲ့ သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်းဖော်တွေက မက်ဂွိုင်းယားကိုလေးစားပြီး အသင်းခေါင်းဆောင်ဖြစ် ထိုက်သူလို့ လက်သင့်ခံထားကြပါတယ်။

လက်ရှိမှအသင်းခေါင်းဆောင်က အက်ရှ်လေယန်းဖြစ်ပေမယ့် သူဟာမန်ယူနဲ့လမ်းခွဲရဖို့ နီးစပ်လာတဲ့အတွက် ဆိုးလ်ရှားအနေနဲ့ အသင်းခေါင်းဆောင်သစ်တစ်ဦးကိုရှာဖွေရမှာဖြစ်ပါတယ်။ လက်ရှိမှာ မာတစ်ဟာအသက်ကြီးလာတဲ့အပြင် စမောလင်းကလည်း ရိုးမားကိုပြောင်းရွှေ့ပြီးနောက် မန်ယူနဲ့အနာဂတ်မသေချာတော့တဲ့အတွက် မက်ဂွိုင်းယားကို ဆိုးလ်ရှားကရည်ရွယ်ထားတာဖြစ်ပါတယ်။

သူက”မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်ဖြစ်ထိုက်တဲ့ စွမ်းရည်တွေရှိထားပါတယ်။ ဒါကြောင့်လည်း သူ့ကိုအနာဂတ်အသင်းခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ကျွန်တော်တွေးထားပြီးသားပါ။ ကွင်းထဲမှာဦးဆောင်နိုင်စွမ်း ရှိတဲ့အပြင် ကွင်းပြင်ပမှာလဲ ထိပ်တန်ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်ပါတယ်။ သူ့အတွက်ငွေတွေသုံးခဲ့ရတာဟာ တကယ့်ကိုကျေနပ်စရာပါ” လို့ပြောသွားပါတယ်။

မကြာသေးခင်က မန်ယူနဲ့တစ်ပတ်လစာပေါင် ၃၇၅၀၀၀ နဲ့စာချုပ်သစ်ချုပ်ဆိုထားတဲ့ ဂိုးသမား ဒီဂီယာကလည်း အသင်းခေါင်းဆောင်ဖြစ်လို တယ်လို့ပြောကြားထားလို့ ဆိုးလ်ရှားအနေနဲ့ အသင်းခေါင်းဆောင်သစ်တစ်ဦးရွေးချယ်ရာမှာ အခက်အခဲတွေ တွေ့နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။