မကစားနိုင်သေးပေမယ့် ပွဲကြည့်စင်ကနေ ရက်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီကို အမှန်အကန်အားပေးခဲ့တဲ့ပေါ့ဂ်ဘာ

photo-daily mail

photo-gettyimages

မန်ယူအတွက် ကွင်းထဲမှာ မကစားပေးနိုင်တာ ၂ လကျော်ရှိပြီဖြစ်ပေမယ့်လည်း ကွင်းလယ်လူပေါ့ဂ်ဘာဟာ ကလပ်အတွက် သူအားပေးနေဆဲဆိုတာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညမှာ သက်သေထူခဲ့ပါတယ်။ အဲဒီပြင်သစ်သားကွင်းလယ်လူဟာ သူ့အသင်းက စပါးကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ်ကို တက်ရောက်အားပေးခဲ့တာပါ။ အဲဒီပွဲမှာ မန်ယူအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှုးရက်ရှ်ဖို့ဒ်က သွင်းယူခဲ့တာဖြစ်ပြီး ပင်နယ်တီကနေ သွင်းယူတဲ့ဒုတိယဂိုးဟာ အဆုံးအဖြတ်ဖြစ်စေခဲ့ပါတယ်။

photo-gettyimages

ရက်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီကန်သွင်းပုံကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်တင်ပြီး သူ့အသင်းဖော်အတွက် အားပေးမှုကို ပေါ့ဂ်ဘာက ပြသခဲ့တာပါ။ ပေါ့ဂ်ဘာဟာ ဆာအဲလက်စ်ဖာဂူဆန်ပွဲကြည့်စင်ကနေ အဲဒီပွဲကိုကြည့်ခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ရဲ့ပင်နယ်တီကန်ပုံအစအဆုံးကို ဖုန်းကင်မရာနဲ့ ရိုက်ခဲ့ကာ အဲဒီအချိန်လေးအတွင်း ”လုပ်စမ်း ငါ့ကောင်ရေ”လို့လည်း အော်ဟစ်အားပေးခဲ့ပါတယ်။ အဲဒီနောက် ဖြတ်လိုက်ပြီး  မန်ယူအသင်းအနိုင်ဂိုးရသွားတဲ့အပေါ် မိတ်ဆွေဖြစ်သူနဲ့ အောင်ပွဲခံပုံကိုလည်း နောက်ထပ်ဖုန်းတစ်ခုနဲ့ ရိုက်ခဲ့ပါတယ်။

photo-gettyimages

ဗုဒ္ဓဟူးညက စပါးကိုအနိုင်ရမှုဟာ ပေ့ါဂ်ဘာအတွက်လည်း အပိုထူးရှယ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူမှာ သူနဲ့အဆင်မပြေဖြစ်ခဲ့တဲ့ မော်ရင်ဟိုရဲ့အသင်းကို နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၃၀ အာဆင်နယ်နဲ့ အိမ်ကွင်း ၂-၂ သရေကျခဲ့တဲ့ပွဲပြီးကတည်းက ခြေချင်းဝတ်ဒဏ်ရာကြောင့် မန်ယူအတွက် မကစားပေးနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်ရောက်မှ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာခဲ့ကာ အသင်းနဲ့ပြန်လည်စတင်လေ့ကျင့်နိုင်ခဲ့ပြီး ပွဲဆက်တွေများမယ့် ခရစ္စမတ်ကာလမှာ ပြန်ကစားနိုင်ဖို့ စီစဉ်ထားပါတယ်။

[Zawgyi]

မကစားႏိုင္ေသးေပမယ့္ ပြဲၾကည့္စင္ကေန ရက္ရွ္ဖုိ႔ဒ္ရဲ႕ပင္နယ္တီကို အမွန္အကန္အားေပးခ့ဲတဲ့ေပါ့ဂ္ဘာ

မန္ယူအတြက္ ကြင္းထဲမွာ မကစားေပးႏိုင္တာ ၂ လေက်ာ္ရွိၿပီျဖစ္ေပမယ့္လည္း ကြင္းလယ္လူေပါ့ဂ္ဘာဟာ ကလပ္အတြက္ သူအားေပးေနဆဲဆိုတာကို ၿပီးခဲ့တဲ့ ဗုဒၶဟူးညမွာ သက္ေသထူခဲ့ပါတယ္။ အဲဒီျပင္သစ္သားကြငး္လယ္လူဟာ သူ႔အသင္းက စပါးကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ အုိးလ္ထရက္ဖို႔ဒ္က ပရီးမီးယားလိဂ္ပြဲစဥ္ကို တက္ေရာက္အားေပးခဲ့တာပါ။ အဲဒီပြဲမွာ မန္ယူအတြက္ ၂ ဂိုးစလုံးကို တုိက္စစ္မႈးရက္ရွ္ဖို႔ဒ္က သြင္းယူခဲ့တာျဖစ္ၿပီး ပင္နယ္တီကေန သြင္းယူတဲ့ဒုတိယဂိုးဟာ အဆုံးအျဖတ္ျဖစ္ေစခဲ့ပါတယ္။

ရက္ရွ္ဖုိ႔ဒ္ရဲ႕ပင္နယ္တီကန္သြင္းပုံကို ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚတင္ၿပီး သူ႔အသင္းေဖာ္အတြက္ အားေပးမႈကို ေပါ့ဂ္ဘာက ျပသခဲ့တာပါ။ ေပါ့ဂ္ဘာဟာ ဆာအဲလက္စ္ဖာဂူဆန္ပြဲၾကည့္စင္ကေန အဲဒီပြဲကိုၾကည့္ခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ပင္နယ္တီကန္ပုံအစအဆုံးကို ဖုန္းကင္မရာနဲ႔ ရိုက္ခဲ့ကာ အဲဒီအခ်ိန္ေလးအတြင္း ”လုပ္စမ္း ငါ့ေကာင္ေရ”လုိ႔လည္း ေအာ္ဟစ္အားေပးခဲ့ပါတယ္။ အဲဒီေနာက္ ျဖတ္လုိက္ၿပီး  မန္ယူအသင္းအႏိုင္ဂိုးရသြားတဲ့အေပၚ မိတ္ေဆြျဖစ္သူနဲ႔ ေအာင္ပြဲခံပုံကိုလည္း ေနာက္ထပ္ဖုန္းတစ္ခုနဲ႔ ရိုက္ခဲ့ပါတယ္။

ဗုဒၶဟူးညက စပါးကိုအႏိုင္ရမႈဟာ ေပ့ါဂ္ဘာအတြက္လည္း အပိုထူးရွယ္ျဖစ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ မန္ယူမွာ သူန႔ဲအဆင္မေျပျဖစ္ခဲ့တဲ့ ေမာ္ရင္ဟုိရဲ႕အသင္းကို ႏိုင္ခဲ့လုိ႔ ျဖစ္ပါတယ္။ ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့စက္တင္ဘာ ၃၀ အာဆင္နယ္နဲ႔ အိမ္ကြင္း ၂-၂ သေရက်ခဲ့တဲ့ပြဲၿပီးကတည္းက ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ မန္ယူအတြက္ မကစားေပးႏုိင္ေတာ့ပါဘူး။ ၿပီးခဲ့တဲ့ႏို၀င္ဘာ ၃၀ ရက္ေရာက္မွ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္လာခဲ့ကာ အသင္းနဲ႔ျပန္လည္စတင္ေလ့က်င့္ႏိုင္ခဲ့ၿပီး ပြဲဆက္ေတြမ်ားမယ့္ ခရစၥမတ္ကာလမွာ ျပန္ကစားႏုိင္ဖို႔ စီစဥ္ထားပါတယ္။