‘ဘဲလေး’ကချေသည်တစ်ဦးလို ပုံစံမျိုးနဲ့ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ဗာနာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီချယ်လ်ဆီးအသင်းမှာ ပုံမှန်ကစားခွင့်မရသေးတဲ့ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဗာနာကတော့ နိုင်ငံအသင်းမှာ တောက်လျှောက်ခြေစွမ်းပြနေပြီး အာမေးနီးယားကို (၆-၀)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ (၁)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းက တိုက်စစ်မှူးလူကာကူကို ပေါင်(၉၇.၅)သန်းနဲ့ခေါ်ယူခဲ့ပြီး လူကာကူရောက်ရှိလာချိန်မှာ ဗာနာအတွက် နေရာပျောက်ဆုံးသွားပေမယ့်

လက်ရွေးစင်အသင်းမှာတော့ ပုံမှန်ရွေးချယ်ခံနေရဆဲဖြစ်သလို ပြီးခဲ့တဲ့ကြာသပတေးနေ့က လက်ချင်စတိန်းအသင်းအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း (၁)ဂိုးသွင်းယူခဲ့ပါသေးတယ်။

ဒါ့အပြင် ဗာနာဟာ အာမေးနီးယားနဲ့ပွဲမှာလည်း ပုံစံကောင်းဆက်ပြခဲ့တဲ့အပြင် ဂျာမနီအသင်းအတွက် တတိယဂိုးကို မာကိုရွိုက်စ်သွင်းယူနိုင်အောင် ဖနောင့်လေးနဲ့ပေါက်ပြီးတော့ ဖန်တီးပေးခဲ့ပြီး မီဒီယာတွေမှာဖော်ပြထားတဲ့ဓာတ်ပုံတွေအရ သူ့ရဲ့ပုံစံ ‘ဘဲလေး’ကချေသည်တစ်ဦးရဲ့ လှုပ်ရှားပုံနဲ့တောင် သွားဆင်နေပါတယ်။

ဗာနာဟာ ပထမပိုင်းပြီးခါနီးမှာပဲ ကွင်းလယ်လူဂိုဟက်ဇ်ကာရဲ့ပေးပို့မှုကနေ အဲဒီပွဲရဲ့ စတုတ္ထမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဗာနာရဲ့ဂိုးဖန်တီးမှုနဲ့ပတ်သက်လို့ ချယ်လ်ဆီးပရိသတ်တွေကလည်း အားရကျေနပ်နေပြီး ‘လူကာကူကတော့ ဒီလိုဖန်တီးမှုမျိုးဆို ဂိုးသွင်းဖို့အကြိုက်ပဲ’၊ ‘confidence level အရမ်းမြင့်နေပြီဖြစ်တဲ့ ဗာနာ’၊ ‘ကမ္ဘာ့အဆင့် ဂိုးဖန်တီးပေးချက်’စတဲ့ Post အမျိုးမျိုးနဲ့ ဗာနာရဲ့ခြေစွမ်းကို ချီးကျူးခဲ့ကြပါတယ်။

ဗာနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကလပ်နဲ့နိုင်ငံအသင်းမှာ အပိုင်အခွင့်အရေးတွေဖြုန်းတီးခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရဖူးပြီး အခုအချိန်မှာတော့ အကောင်းဆုံးပုံစံပြန်လည်ရရှိနေပြီဖြစ်သလို

ဒီပုံစံကောင်းကိုသာ ကလပ်အသင်းအတွက် ဆက်လက်ပြသနိုင်ခဲ့ရင် ချယ်လ်ဆီးအသင်းတိုက်စစ်က ပိုကြောက်စရာကောင်းသွားမှာအမှန်ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

‘ဘဲေလး’ကေခ်သည္တစ္ဦးလို ပုံစံမ်ိဳးနဲ႔ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ ဗာနာ

ဒီရာသီခ်ယ္လ္ဆီးအသင္းမွာ ပုံမွန္ကစားခြင့္မရေသးတဲ့ ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဗာနာကေတာ့ ႏိုင္ငံအသင္းမွာ ေတာက္ေလွ်ာက္ေျခစြမ္းျပေနၿပီး အာေမးနီးယားကို (၆-၀)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ (၁)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ခ်ယ္လ္ဆီးအသင္းက တိုက္စစ္မႉးလူကာကူကို ေပါင္(၉၇.၅)သန္းနဲ႔ေခၚယူခဲ့ၿပီး လူကာကူေရာက္ရွိလာခ်ိန္မွာ ဗာနာအတြက္ ေနရာေပ်ာက္ဆုံးသြားေပမယ့္ လက္ေ႐ြးစင္အသင္းမွာေတာ့ ပုံမွန္ေ႐ြးခ်ယ္ခံေနရဆဲျဖစ္သလို ၿပီးခဲ့တဲ့ၾကာသပေတးေန႔က လက္ခ်င္စတိန္းအသင္းအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာလည္း (၁)ဂိုးသြင္းယူခဲ့ပါေသးတယ္။ ဒါ့အျပင္ ဗာနာဟာ အာေမးနီးယားနဲ႔ပြဲမွာလည္း ပုံစံေကာင္းဆက္ျပခဲ့တဲ့အျပင္ ဂ်ာမနီအသင္းအတြက္ တတိယဂိုးကို မာကို႐ြိဳက္စ္သြင္းယူႏိုင္ေအာင္ ဖေနာင့္ေလးနဲ႔ေပါက္ၿပီးေတာ့ ဖန္တီးေပးခဲ့ၿပီး မီဒီယာေတြမွာေဖာ္ျပထားတဲ့ဓာတ္ပုံေတြအရ သူ႔ရဲ႕ပုံစံ ‘ဘဲေလး’ကေခ်သည္တစ္ဦးရဲ႕ လႈပ္ရွားပုံနဲ႔ေတာင္ သြားဆင္ေနပါတယ္။

ဗာနာဟာ ပထမပိုင္းၿပီးခါနီးမွာပဲ ကြင္းလယ္လူဂိုဟက္ဇ္ကာရဲ႕ေပးပို႔မႈကေန အဲဒီပြဲရဲ႕ စတုတၳေျမာက္ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။ ဗာနာရဲ႕ဂိုးဖန္တီးမႈနဲ႔ပတ္သက္လို႔ ခ်ယ္လ္ဆီးပရိသတ္ေတြကလည္း အားရေက်နပ္ေနၿပီး ‘လူကာကူကေတာ့ ဒီလိုဖန္တီးမႈမ်ိဳးဆို ဂိုးသြင္းဖို႔အႀကိဳက္ပဲ’၊ ‘confidence level အရမ္းျမင့္ေနၿပီျဖစ္တဲ့ ဗာနာ’၊ ‘ကမာၻ႔အဆင့္ ဂိုးဖန္တီးေပးခ်က္’စတဲ့ Post အမ်ိဳးမ်ိဳးနဲ႔ ဗာနာရဲ႕ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၾကပါတယ္။ ဗာနာဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ကလပ္နဲ႔ႏိုင္ငံအသင္းမွာ အပိုင္အခြင့္အေရးေတြျဖဳန္းတီးခဲ့လို႔ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရဖူးၿပီး အခုအခ်ိန္မွာေတာ့ အေကာင္းဆုံးပုံစံျပန္လည္ရရွိေနၿပီျဖစ္သလို ဒီပုံစံေကာင္းကိုသာ ကလပ္အသင္းအတြက္ ဆက္လက္ျပသႏိုင္ခဲ့ရင္ ခ်ယ္လ္ဆီးအသင္းတိုက္စစ္က ပိုေၾကာက္စရာေကာင္းသြားမွာအမွန္ပါပဲ။