ဘေးလ်ရဲ့ စွမ်းဆောင်ရည် ညံ့တယ်လို့ ပြောတဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြ မော်ရင်ဟိုကတော့ ရီးရဲလ်ကနေ အဌားနဲ့ ခေါ်ယူထားတဲ့ အသင်းရဲ့ ကစားသမားဟောင်း ဂါရတ်ဘေးလ်အနေနဲ့ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့အတွက် ယုံ ကြည်မှုရအောင် စွမ်းဆောင်ပြနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

နည်းပြမော်ရင်ဟိုအနေနဲ့ အစောပိုင်းတုန်းက ဘေးလ်ဟာ အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။ တစ်ဖက်မှာတော့ နည်းပြမော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကနေ ထပ်မံထုတ်ပယ်ခံရမယ့်ရေပန်းစားနေတဲ့ နည်းပြ ဖြစ်နေပါတယ်။ စပါးအသင်းနှင့် နီးစပ်သူများကမူ စပါးအသင်းဥက္ကဋ္ဌ လီဗီဟာ မော်ရင်ဟိုကို ရာထူးကနေ အလျင်စလိုထုတ်ပယ်ဖွယ်မရှိဘဲ ရာသီကုန်အထိ အချိန်ပေးသွားဖွယ်ရှိကြောင်း သုံးသပ်ထားကြပါတယ်။

အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ကတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ စပါးအသင်းအတွက် ပရီးမီးယား လိဂ် ၄ ပွဲသာ ကစားခွင့်ရခဲ့သလို ၁ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျိုနသန်ဘားနက်စ်ကတော့ သူ့ရဲ့ကစားသမားအနေနဲ့ မက်ဒရစ်မြို့မှာ ပျော်ရွှင်တာကြောင့် အဌားစာချုပ်ပြည့်ပါက ရီးရဲလ်ကိုပြန်မှာ ဖြစ်ကြောင်းပြောထားပါ တယ်။ ဘေးလ်နဲ့ ရီးရဲလ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်နွေရာသီရောက်မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ယမန်နေ့ကတော့ ဘေးလ်ဟာ လတ်တလောမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံသားတွေအတွက် အားပေးစကားဆိုထားပါတယ်။ အဲဒီဗီဒီယိုထဲမှာဘေးလ်က “မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက်အားပေးစကားပြောချင်ပါတယ်။ ဒီလိုခက်ခဲနေတဲ့ကာလမှာ အစစအရာရာအဆင်ပြေပါစေ။ခင်ဗျားတို့ရဲ့အံ့အားသင့်ဖွယ်အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘးလ္ရဲ႕ စြမ္း​ေဆာင္ရည္ ညံ့တယ္လို႔ ေျပာတဲ့ ေမာ္ရင္ဟို

စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက​ေတာ့ ရီးရဲလ္ကေန အဌားနဲ႔ ေခၚယူထားတဲ့ အသင္းရဲ႕ ကစားသမားေဟာင္း ဂါရတ္ေဘးလ္အေနနဲ႔ အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔အတြက္ ယုံ ၾကည္မႈရေအာင္ စြမ္းေဆာင္ျပႏိုင္ခဲ့ျခင္းမရွိဘူးလို႔ ေျပာပါတယ္။ နည္းျပေမာ္ရင္ဟိုအေနနဲ႔ အ​ေစာပိုင္းတုန္းက ေဘးလ္ဟာ အေကာင္းဆုံးကစားႏိုင္ မယ္လို႔ ေမွ်ာ္လင့္ထားခဲ့တာပါ။ တစ္ဖက္မွာ​ေတာ့ နည္းျပ​ေမာ္ရင္ဟိုဟာပရီးမီးယားလိဂ္က​ေန ထပ္မံထုတ္ပယ္ခံရမယ့္​ေရပန္းစား​ေနတဲ့ နည္းျပ ျဖစ္​ေနပါတယ္။

စပါးအသင္းႏွင့္ နီးစပ္သူမ်ားကမူ စပါးအသင္းဥကၠ႒ လီဗီဟာ ေမာ္ရင္ဟိုကို ရာထူးက​ေန အလ်င္စလိုထုတ္ပယ္ဖြယ္မရွိဘဲ ရာသီကုန္အထိ အခ်ိန္ေပးသြားဖြယ္ရွိေၾကာင္း သုံးသပ္ထားၾကပါတယ္။ အသက္ ၃၁ ႏွစ္ ရွိၿပီျဖစ္တဲ့ ဂါရတ္ေဘးလ္က​ေတာ့ ၂၀၂၁ ခုႏွစ္အတြင္းမွာ စပါးအသင္းအတြက္ ပရီးမီးယား လိဂ္ ၄ ပြဲသာ ကစားခြင့္ရခဲ့သလို ၁ပြဲသာ ပြဲထြက္ခြင့္ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

တစ္ဖက္မွာ​ေတာ့ ဂါရတ္ေဘးလ္ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂ်ိဳနသန္ဘားနက္စ္ကေတာ့ သူ႔ရဲ႕ကစားသမားအေနနဲ႔ မက္ဒရစ္ၿမိဳ႕မွာ ေပ်ာ္႐ႊင္တာေၾကာင့္ အဌားစာခ်ဳပ္ျပည့္ပါက ရီးရဲလ္ကိုျပန္မွာ ျဖစ္ေၾကာင္း​ေျပာထားပါ တယ္။ ေဘးလ္နဲ႔ ရီးရဲလ္ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၂ ခုႏွစ္ေႏြရာသီေရာက္မွ ကုန္ဆုံးမွာ ျဖစ္ပါတယ္။

ယမန္​​ေန႔က​ေတာ့ ေဘးလ္ဟာ လတ္တေလာမွာအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့ျမန္မာႏိုင္ငံသားေတြအတြက္အားေပးစကားဆိုထားပါတယ္။ အဲဒီဗီဒီယိုထဲမွာေဘးလ္က”ျမန္မာႏိုင္ငံမွာရွိတဲ့ကြၽန္ေတာ္တို႔ရဲ႕ပရိသတ္ေတြအတြက္အားေပးစကား​​ေျပာခ်င္ပါတယ္။ဒီလိုခက္ခဲေနတဲ့ကာလမွာအစစအရာရာအဆင္ေျပပါေစ။ခင္ဗ်ားတို႔ရဲ႕အံ့အားသင့္ဖြယ္အားေပးမႈအတြက္ေက်းဇူးတင္ပါတယ္”လို႔ေျပာထားပါတယ္။