ဘေးလ်နဲ့ တွဲကစားရလို့ ပျော်နေတဲ့ ဆွန်ဟောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြီးယားကလပ်ဝုဖ်ဘာဂါနဲ့ ပွဲစဉ်မှာ စပါးဟာ အိမ်ရှင်ကို ဆွန်ဟောင်မင်၊ ဘေးလ်တို့ရဲ့ သွင်းဂိုးတွေ အပါအဝင် လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးကိုဘေးလ်က ဖန်တီးမှု ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ရီးရဲလ်ကနေ အဌားနဲ့ လာရောက်ပြီးကစားနေတဲ့ ဂါရတ်ဘေးလ်နဲ့ အတူတွဲကစားရတာဟာ တကယ်ပျော်ရွှင်စရာကောင်း တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ကျွန်တော်က ဘေးလ်နဲ့ ရင်းနီးတဲ့ ဆက်ဆံရေး ရှိပါတယ်။အခုလို သူ ပွဲထွက်ခွင့်ရပြီး ဂိုးသွင်းနိုင်သလို ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော် သူနဲ့ တွဲကစားရတာ တကယ်ပျော်ပါတယ်” “နည်းပြ မော်ရင်ဟိုရဲ့ ကစားကွက်မှာ သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်မရဘူးဆိုပေမယ့် ဘေးလ်က အသင်းကို အကျိုးပြု နိုင်တဲ့ ကစားသမား တစ်ယောက်ပါ။

ကျွန်တော်တို့ အနေနဲ့ ၁-၀ ပဲဖြစ်ဖြစ် ၂-ဝပဲဖြစ်ဖြစ်ကျွန်တော်တို့ နိုင်ပွဲရတာက ထူးခြားတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ နိုင်ပွဲကို ရခဲ့တာ တကယ်အရေးပါပါတယ်။ ကျွန်တော်တို့ တကယ်ကောင်းတဲ့ အားထုတ်မှုကို ပြသခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ၃ဂိုးတောင် သွင်းခဲ့တာပါ။ အသင်းဖော်တွေနဲ့ အတူကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းကို ရခဲ့ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဂါရတ်ဘေးလ် ဟာ (၂၀၁၃) ဧပြီလက မန်စီးတီး အသင်းနဲ့ ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် စပါးအသင်းအတွက် ဂိုးသွင်းနိုင်ခဲ့သလို ဂိုးလည်းဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က ရီးရယ်လ် ကနေ စပါး အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးလ် ဟာ စပါး အသင်းမှာလည်း ရုန်းကန်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံ (၁၇)ပွဲသာ ပါဝင်ကစားထားကာ (၅)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘးလ္နဲ႔ တြဲကစားရလို႔ ေပ်ာ္ေနတဲ့ ဆြန္ေဟာင္မင္

ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၾသစႀတီးယားကလပ္ဝုဖ္ဘာဂါနဲ႔ ပြဲစဥ္မွာ စပါးဟာ အိမ္ရွင္ကို ဆြန္ေဟာင္မင္၊ ေဘးလ္တို႔ရဲ႕ သြင္းဂိုးေတြ အပါအဝင္ ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ရဲ႕ သြင္းဂိုးကိုေဘးလ္က ဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဆြန္ေဟာင္မင္ကေတာ့ ရီးရဲလ္ကေန အဌားနဲ႔ လာေရာက္ၿပီးကစားေနတဲ့ ဂါရတ္ေဘးလ္နဲ႔ အတူတြဲကစားရတာဟာ တကယ္ေပ်ာ္႐ႊင္စရာေကာင္း တယ္ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

ဆြန္ေဟာင္မင္က “ကြၽန္ေတာ္က ေဘးလ္နဲ႔ ရင္းနီးတဲ့ ဆက္ဆံေရး ရွိပါတယ္။အခုလို သူ ပြဲထြက္ခြင့္ရၿပီး ဂိုးသြင္းႏိုင္သလို ဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ခဲ့လို႔ ဝမ္းသာပါတယ္။ ကြၽန္ေတာ္ သူနဲ႔ တြဲကစားရတာ တကယ္ေပ်ာ္ပါတယ္” “နည္းျပ ေမာ္ရင္ဟိုရဲ႕ ကစားကြက္မွာ သူ႔အေနနဲ႔ ပုံမွန္ပြဲထြက္ခြင့္မရဘူးဆိုေပမယ့္ ေဘးလ္က အသင္းကို အက်ိဳးျပဳ ႏိုင္တဲ့ ကစားသမား တစ္ေယာက္ပါ။ကြၽန္​ေတာ္တို႔ အ​ေနနဲ႔ ၁-၀ ပဲျဖစ္ျဖစ္ ၂-ဝပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔ ႏိုင္ပြဲရတာက ထူးျခားတဲ့ ခံစားခ်က္ကို ရရွိေစပါတယ္။” “ကြၽန္ေတာ္တို႔ လိုအပ္တဲ့ ႏိုင္ပြဲကို ရခဲ့တာ တကယ္အေရးပါပါတယ္။ ကြၽန္ေတာ္တို႔ တကယ္ေကာင္းတဲ့ အားထုတ္မႈကို ျပသခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ ၃ဂိုးေတာင္ သြင္းခဲ့တာပါ။ အသင္း​​ေဖာ္​ေတြနဲ႔ အတူေကာင္းမြန္တဲ့ စိတ္ဓာတ္ပိုင္းကို ရခဲ့ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

ဂါရတ္ေဘးလ္ ဟာ (၂၀၁၃) ဧၿပီလက မန္စီးတီး အသင္းနဲ႔ ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္ စပါးအသင္းအတြက္ ဂိုးသြင္းႏိုင္ခဲ့သလို ဂိုးလည္းဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕က ရီးရယ္လ္ ကေန စပါး အသင္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဂါရတ္ေဘးလ္ ဟာ စပါး အသင္းမွာလည္း ႐ုန္းကန္ေနရတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ (၁၇)ပြဲသာ ပါဝင္ကစားထားကာ (၅)ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။