ဘော်ဒါတွေဆိုပြီး ဆိုးလ်ရှား အတွက် ဖော့ပြောမပေးဖို့ နဗီးလ်နဲ့ ရွိုင်းကိန်းတို့ကို သတိပေးတဲ့ကာရေးဂါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးကစားသမားဟောင်း ကာရေးဂါ နဲ့ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ရွိုင်းကိန်းနဲ့ နဗီးလ် တို့ဟာ Talks Show တစ်ခုမှာတွေ့ဆုံပြော ကြားခဲ့ကြပါတယ်။

ကာရေးဂါက ယင်းကစားသ မားနှစ်ယောက်အနေနဲ့ သူတို့ရဲ့ အသင်းဖော်ဟောင်း ယူနိုက်တက်နည်းပြဆိုးလ်ရှားကိုမဝေဖန်ဘဲ ဖော့ပြောပေးနေတာ၊ ထောက်ခံနေကြတာနဲ့ပတ်သက်ပြီး အခုလိုပြောကြားထားပါတယ်။

ကာရေးဂါက”ဂယ်ရီနဗီးလ်တစ်ယောက် သူ့မိတ်ဆွေအိုလေအတွက်အကြောင်းပြချက်တွေပေးနေတာကို ခင်ဗျားတို့လည်းမြင်မှာပေါ့။

ဟုတ်တယ်မလား။ ဟိုတလောက ဂျာနယ်ကော်လံတစ်ခုမှာကျွန်တော်ဆောင်းပါးရေးခဲ့တယ်။

အဲမတိုင်ခင်က နဗီးလ်နဲ့ကျွန်တော်အတူရှိနေပြီး သူရယ်၊ ကျွန်တော်ရယ်၊ ရွိုင်းကိန်းရယ် ၃ယောက်သား YouTube မှာ ဒီနှစ်ပရီးမီးယားလိဂ်ရာသီအကြောင်းပြောကြတယ်”

“ကျွန်တော်တို့အားလုံး သိပါတယ်။ ယူနိုက်တက်ကဘယ်လိုအခြေအနေလဲ ဆိုတာ။ သူတို့လည်းသိပါတယ်။

ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့အပြုသဘောဆောင်တဲ့ မှတ်ချက် တွေပဲဆိုးလ်ရှားကိုပေးနေပါတယ်”

“သူတို့ပြောနေတာကတော့ အသင်းပိုင်ရှင်ကငွေ ကြေးအလုံအလောက်ထုတ်မပေးလို့၊ ဟိုဟာလိုတယ်ဒီဟာလိုတယ် မဟုတ်ရင် ဟယ်ရီကိန်း ကိုသူတို့ရတယ်ဆိုတဲ့ အသံတွေပဲ ပြောနေကြပါတယ် အဓိကအချက်ကိုပြောဖို့ သူတို့မှာ အင်အားမရှိကြပါဘူး”

“ကျွန်တော်အဲဒီနေရာမှာထိုင်ပြီးတွေးနေမိတာက ချန်ပီယံလိဂ်(၄)ကြိမ်ရထားတဲ့ကစားသမားတစ်ယောက်ကို သူတို့ခေါ်ထားပြီးပြီ။

တောင်ပံကစားသမားတစ်ယောက်အတွက် (၇၅)သန်း သူတို့သုံးထားပြီးပြီ။

ဝန်ခံရမယ်ဆိုရင် သူတို့ပြောတဲ့စကားတွေကိုကျွန်တော် တော်တော်စိတ်ပျက်နေပြီ။

မန်ချက်စတာယူနိုက်တက်မှာ အကြောင်းပြချက်ပေးနေတာတွေရပ်သင့်ပြီ။

သူတို့မှာရှိတဲ့ကစားသမားတိုင်းရဲ့တန်ကြေးက သန်း(၅၀)အထက်မှာချည်းပဲ။

အံ့ဩဖို့တောင်ကောင်းတယ်။ကောင်းကောင်းစီမံဖို့ကနည်းပြအလုပ်ပါ။

အခုချိန်ထိ ယူနိုက်တက်ရဲ့ပုံစံတစ်ခုကို ကျွန်တော်တို့မတွေ့ရသေးပါဘူး။

ပြီးတော့ နောက်တစ်ဆင့်တက်လာတယ်လို့လည်း မမြင်ပါဘူး။ “ဆိုပြီး ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာ္ဒါေတြဆိုၿပီး ဆိုးလ္ရွား အတြက္ ေဖာ့ေျပာမေပးဖို႔ နဗီးလ္နဲ႔ ႐ြိဳင္းကိန္းတို႔ကို သတိေပးတဲ့ကာေရးဂါ

လီဗာပူးကစားသမားေဟာင္း ကာေရးဂါ နဲ႔ ယူႏိုက္တက္ ကစားသမားေဟာင္းေတြျဖစ္ၾကတဲ့ ႐ြိဳင္းကိန္းနဲ႔ နဗီးလ္ တို႔ဟာ Talks Show တစ္ခုမွာေတြ႕ဆုံေျပာ ၾကားခဲ့ၾကပါတယ္။ ကာေရးဂါက ယင္းကစားသ မားႏွစ္ေယာက္အေနနဲ႔ သူတို႔ရဲ႕ အသင္းေဖာ္ေဟာင္း ယူႏိုက္တက္နည္းျပဆိုးလ္ရွားကိုမေဝဖန္ဘဲ ေဖာ့ေျပာေပးေနတာ၊ ေထာက္ခံေနၾကတာနဲ႔ပတ္သက္ၿပီး အခုလိုေျပာၾကားထားပါတယ္။

ကာေရးဂါက”ဂယ္ရီနဗီးလ္တစ္ေယာက္ သူ႔မိတ္ေဆြအိုေလအတြက္အေၾကာင္းျပခ်က္ေတြေပးေနတာကို ခင္ဗ်ားတို႔လည္းျမင္မွာေပါ့။ ဟုတ္တယ္မလား။ ဟိုတေလာက ဂ်ာနယ္ေကာ္လံတစ္ခုမွာကြၽန္ေတာ္ေဆာင္းပါးေရးခဲ့တယ္။ အဲမတိုင္ခင္က နဗီးလ္နဲ႔ကြၽန္ေတာ္အတူရွိေနၿပီး သူရယ္၊ ကြၽန္ေတာ္ရယ္၊ ႐ြိဳင္းကိန္းရယ္ ၃ေယာက္သား YouTube မွာ ဒီႏွစ္ပရီးမီးယားလိဂ္ရာသီအေၾကာင္းေျပာၾကတယ္”

“ကြၽန္ေတာ္တို႔အားလုံး သိပါတယ္။ ယူႏိုက္တက္ကဘယ္လိုအေျခအေနလဲ ဆိုတာ။ သူတို႔လည္းသိပါတယ္။ ဒါေပမယ့္ သူတို႔ဟာ သူတို႔ရဲ႕အသင္းေဖာ္ေဟာင္းျဖစ္ခဲ့လို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္ ေတြပဲဆိုးလ္ရွားကိုေပးေနပါတယ္”

“သူတို႔ေျပာေနတာကေတာ့ အသင္းပိုင္ရွင္ကေငြ ေၾကးအလုံအေလာက္ထုတ္မေပးလို႔၊ ဟိုဟာလိုတယ္ဒီဟာလိုတယ္ မဟုတ္ရင္ ဟယ္ရီကိန္း ကိုသူတို႔ရတယ္ဆိုတဲ့ အသံေတြပဲ ေျပာေနၾကပါတယ္ အဓိကအခ်က္ကိုေျပာဖို႔ သူတို႔မွာ အင္အားမရွိၾကပါဘူး”

“ကြၽန္ေတာ္အဲဒီေနရာမွာထိုင္ၿပီးေတြးေနမိတာက ခ်န္ပီယံလိဂ္(၄)ႀကိမ္ရထားတဲ့ကစားသမားတစ္ေယာက္ကို သူတို႔ေခၚထားၿပီးၿပီ။ ေတာင္ပံကစားသမားတစ္ေယာက္အတြက္ (၇၅)သန္း သူတို႔သုံးထားၿပီးၿပီ။ ဝန္ခံရမယ္ဆိုရင္ သူတို႔ေျပာတဲ့စကားေတြကိုကြၽန္ေတာ္ ေတာ္ေတာ္စိတ္ပ်က္ေနၿပီ။ မန္ခ်က္စတာယူႏိုက္တက္မွာ အေၾကာင္းျပခ်က္ေပးေနတာေတြရပ္သင့္ၿပီ။ သူတို႔မွာရွိတဲ့ကစားသမားတိုင္းရဲ႕တန္ေၾကးက သန္း(၅၀)အထက္မွာခ်ည္းပဲ။ အံ့ဩဖို႔ေတာင္ေကာင္းတယ္။ေကာင္းေကာင္းစီမံဖို႔ကနည္းျပအလုပ္ပါ။ အခုခ်ိန္ထိ ယူႏိုက္တက္ရဲ႕ပုံစံတစ္ခုကို ကြၽန္ေတာ္တို႔မေတြ႕ရေသးပါဘူး။ ၿပီးေတာ့ ေနာက္တစ္ဆင့္တက္လာတယ္လို႔လည္း မျမင္ပါဘူး။ “ဆိုၿပီး ေျပာထားပါတယ္။