ဘော့စနီးယားနဲ့ပွဲကို လွဲချော်မယ့် မာစီယဲလ် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး မာစီယဲလ်ဟာ နိုင်ငံအသင်းအတွက်ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် အခုတစ်ပတ်တနင်္ဂနွေနေ့မှာကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့မသေချာဖြစ်နေပါပြီ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ကာဇက်စတန်အသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်ပြည့်မကစားနိုင်ဘဲ လူစားလဲခံခဲ့ရသလို မနက်ဖြန်(ဗုဒ္ဓဟူးနေ့)မှာကစားမယ့် ဘော့စနီယားနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

မာစီယဲလ်ဟာ ရာသီအစပိုင်းတုန်းက ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရပြီး ဒီနှစ်ပိုင်းမှာတော့ အရင်လိုခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရသလို ကာဇက်စတန်နဲ့ပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မာစီယဲလ်အနေနဲ့ ဘယ်ဘက်ဒူးတံကျင်ရိုးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဘယ်လောက်အထိအနားယူရမလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲတွေအပြီး ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်တာကြောင့် မာစီယဲလ်ဒဏ်ရာရရှိခဲ့တဲ့အတွက် တိုက်စစ်ပိုင်းမှာအခက်ကြုံနေရပြီဖြစ်ပါတယ်။

မာစီယဲလ်ဟာ အခုမတိုင်ခင်ကလည်း ဒီလအစောပိုင်းတုန်းက တင်ပါးဒဏ်ရာကြောင့် ယူနိုက်တက်ကစားခဲ့တဲ့ပွဲစဉ်(၄)ပွဲကို လွဲချော်ခဲ့ပြီး ယူနိုက်တက်အသင်းမှာ မာစီယဲလ်အပြင် ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ရဲ့ ကြံ့ခိုင်မှုကလည်း ရာနှုန်းပြည့်အနေအထားမှာ မရှိပါဘူး။

ရပ်ရှ်ဖို့ဒ်ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အခုလအတွင်း အင်္ဂလန်အသင်းကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအားလုံးကို လွဲချော်ခဲ့သလို ဂရင်းဝုဒ်ကလည်း ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်ယူ-၂၁လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းတိုက်စစ်မှာ အားကိုးစရာဆိုလို့ မကြာသေးခင်ကမှ ဒဏ်ရာကပြန်သက်သာလာတဲ့ ဝါရင့်တိုက်စစ်မှူးကာဗာနီတစ်ဦးတည်းသာကျန်တော့လို့ နည်းပြဆိုးလ်ရှားအတွက် ခေါင်းခဲစရာအနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

ယူနိုက်တက်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့ကျရင် ဘရိုက်တန်နဲ့ကစားအပြီး ရက်ပိုင်းအကြာမှာ ဂရန်နာဒါနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်သလို ဧပြီလအတွင်း စပါး၊ ဂရန်နာဒါ(ဒုတိယအကျော့)၊ ဘန်လေ၊ လိဒ်စ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာ့စနီးယားနဲ႔ပြဲကို လြဲေခ်ာ္မယ့္ မာစီယဲလ္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔ မေသခ်ာျဖစ္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉး မာစီယဲလ္ဟာ ႏိုင္ငံအသင္းအတြက္ပါဝင္ကစားရင္း ဒဏ္ရာရရွိခဲ့တာေၾကာင့္ အခုတစ္ပတ္တနဂၤေႏြေန႔မွာကစားမယ့္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ပါဝင္ႏိုင္ဖို႔မေသခ်ာျဖစ္ေနပါၿပီ။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ ကာဇက္စတန္အသင္းကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဘယ္ဘက္ဒူးဒဏ္ရာရရွိခဲ့ၿပီး ပြဲခ်ိန္ျပည့္မကစားႏိုင္ဘဲ လူစားလဲခံခဲ့ရသလို မနက္ျဖန္(ဗုဒၶဟူးေန႔)မွာကစားမယ့္ ေဘာ့စနီယားနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

မာစီယဲလ္ဟာ ရာသီအစပိုင္းတုန္းက ပုံမွန္ေျခစြမ္းရဖို႔႐ုန္းကန္ခဲ့ရၿပီး ဒီႏွစ္ပိုင္းမွာေတာ့ အရင္လိုေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ လက္ေ႐ြးစင္အသင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရသလို ကာဇက္စတန္နဲ႔ပြဲမွာ ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။

မာစီယဲလ္အေနနဲ႔ ဘယ္ဘက္ဒူးတံက်င္႐ိုးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဘယ္ေလာက္အထိအနားယူရမလဲဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။ ယူႏိုက္တက္အသင္းဟာ ႏိုင္ငံတကာပြဲေတြအၿပီး ဘ႐ိုက္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲအျဖစ္ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ မာစီယဲလ္ဒဏ္ရာရရွိခဲ့တဲ့အတြက္ တိုက္စစ္ပိုင္းမွာအခက္ႀကဳံေနရၿပီျဖစ္ပါတယ္။

မာစီယဲလ္ဟာ အခုမတိုင္ခင္ကလည္း ဒီလအေစာပိုင္းတုန္းက တင္ပါးဒဏ္ရာေၾကာင့္ ယူႏိုက္တက္ကစားခဲ့တဲ့ပြဲစဥ္(၄)ပြဲကို လြဲေခ်ာ္ခဲ့ၿပီး ယူႏိုက္တက္အသင္းမွာ မာစီယဲလ္အျပင္ ရပ္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔ရဲ႕ ႀကံ့ခိုင္မႈကလည္း ရာႏႈန္းျပည့္အေနအထားမွာ မရွိပါဘူး။ ရပ္ရွ္ဖို႔ဒ္ဟာ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ အခုလအတြင္း အဂၤလန္အသင္းကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲေတြအားလုံးကို လြဲေခ်ာ္ခဲ့သလို ဂရင္းဝုဒ္ကလည္း ဒဏ္ရာျပႆနာေၾကာင့္ အဂၤလန္ယူ-၂၁လူစာရင္းကေန ႏုတ္ထြက္ခဲ့ရပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းတိုက္စစ္မွာ အားကိုးစရာဆိုလို႔ မၾကာေသးခင္ကမွ ဒဏ္ရာကျပန္သက္သာလာတဲ့ ဝါရင့္တိုက္စစ္မႉးကာဗာနီတစ္ဦးတည္းသာက်န္ေတာ့လို႔ နည္းျပဆိုးလ္ရွားအတြက္ ေခါင္းခဲစရာအေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။

ယူႏိုက္တက္အသင္းဟာ လာမယ့္တနဂၤေႏြေန႔က်ရင္ ဘ႐ိုက္တန္နဲ႔ကစားအၿပီး ရက္ပိုင္းအၾကာမွာ ဂရန္နာဒါနဲ႔ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့အျဖစ္ ဆက္လက္ယွဥ္ၿပိဳင္ရမွာျဖစ္သလို ဧၿပီလအတြင္း စပါး၊ ဂရန္နာဒါ(ဒုတိယအေက်ာ့)၊ ဘန္ေလ၊ လိဒ္စ္တို႔နဲ႔ ဆက္တိုက္ကစားရမွာျဖစ္ပါတယ္။