ဘောလုံးအမြင် စူးရှတဲ့မက်ဆီကို အသင်းမှာဆက်ထိန်းထားမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဥက္ကဋ္ဌရာထူးကို ဆောင်ရွက်ခဲ့ဖူးသည့် ယိုအန်လာပေါ်တာက အနိုင်ရရှိခဲ့ပြီး အသင်းဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ်မြောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လာပေါ်တာဟာ ဘာစီလိုနာအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေတဲ့ မက်ဆီကို အသင်းတွင် ဆက်ထိန်းနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ကတိနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အောင်ပွဲခံအခမ်းအနားတွင် လာပေါ်တာက”ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ မက်ဆီလည်း သူ့သားလေးနဲ့အတူ မဲလာပေးတာကို တွေ့လိုက်ရတယ်။ ဒါဟာ မက်ဆီက ဘာစီလိုနာကို ဘယ်လောက်ချစ်သလဲ ဆိုတာကို ပြသလိုက်တာပါပဲ။ အဲဒီအခြေအနေက မက်ဆီကို အသင်းမှာ ဆက်ရှိအောင် ထိန်းထားဖို့အတွက် အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ပြောဆိုပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ယမန်နေ့က အိုဆာဆူနာကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းဖော် ဂျော်ဒီအယ်လ်ဘာ ဦးဆောင်ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံးဖန်တီးရင်း ဘောလုံးအမြင် ဘယ်လောက်စူးရှလဲဆိုတာ ပြသခဲ့ပါတယ်။ ပွဲချိန်မိနစ် ၃၀ မှာ မက်ဆီဟာ ပြိုင်ဘက်ကွင်းတစ်ဝက်လောက်ကနေ အိုဆာဆူနာခံစစ်ကို ကျော်ပြီး ဘယ်နောက်ခံလူ အယ်လ်ဘာရဲ့ပြေးလမ်းထဲ အသာလေး ခုတ်တင်ပေးလိုက်ပါတယ်။

အယ်လ်ဘာတစ်ယောက် လူမကျွံ၊ ပြေးလိုက်ဖို့အတွက် တကယ့်ကွက်တိအနေအထားထဲ ရောက်အောင် အတိအကျခုတ်တင်ပေးလိုက်တာဖြစ်ပြီး အယ်လ်ဘာကလည်း မက်ဆီရဲ့ဂိုးဖန်တီးမှုကို ပိုမိုရုပ်လုံးကြွစေဖို့ ပြင်းထန်အားပါတဲ့ ဘယ်ခြေကန်ချက်နဲ့ အားကုန်ကန်ကာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာလုံးအျမင္ စူးရွတဲ့မက္ဆီကို အသင္းမွာဆက္ထိန္းထားမယ္

ဘာစီလိုနာအသင္းဥကၠ႒ ေ႐ြးေကာက္ပြဲတြင္ ဥကၠ႒ရာထူးကို ေဆာင္႐ြက္ခဲ့ဖူးသည့္ ယိုအန္လာေပၚတာက အႏိုင္ရရွိခဲ့ၿပီး အသင္းဥကၠ႒အျဖစ္ ဒုတိယအႀကိမ္ေျမာက္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ လာေပၚတာဟာ ဘာစီလိုနာအသင္းႏွင့္ အနာဂတ္မေရမရာျဖစ္ေနတဲ့ မက္ဆီကို အသင္းတြင္ ဆက္ထိန္းႏိုင္ေအာင္ ႀကိဳးစားသြားမယ္ဆိုတဲ့ ကတိနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

ေအာင္ပြဲခံအခမ္းအနားတြင္ လာေပၚတာက”ဥကၠ႒ ေ႐ြးေကာက္ပြဲမွာ မက္ဆီလည္း သူ႔သားေလးနဲ႔အတူ မဲလာေပးတာကို ေတြ႕လိုက္ရတယ္။ ဒါဟာ မက္ဆီက ဘာစီလိုနာကို ဘယ္ေလာက္ခ်စ္သလဲ ဆိုတာကို ျပသလိုက္တာပါပဲ။ အဲဒီအေျခအေနက မက္ဆီကို အသင္းမွာ ဆက္ရွိေအာင္ ထိန္းထားဖို႔အတြက္ အကူအညီျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔​ေျပာဆိုပါတယ္။

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ယမန္ေန႔က အိုဆာဆူနာကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းေဖာ္ ေဂ်ာ္ဒီအယ္လ္ဘာ ဦးေဆာင္ဂိုးသြင္းယူႏိုင္ဖို႔ အေကာင္းဆုံးဖန္တီးရင္း ေဘာလုံးအျမင္ ဘယ္ေလာက္စူးရွလဲဆိုတာ ျပသခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္ ၃၀ မွာ မက္ဆီဟာ ၿပိဳင္ဘက္ကြင္းတစ္ဝက္ေလာက္ကေန အိုဆာဆူနာခံစစ္ကို ေက်ာ္ၿပီး ဘယ္ေနာက္ခံလူ အယ္လ္ဘာရဲ႕ေျပးလမ္းထဲ အသာေလး ခုတ္တင္ေပးလိုက္ပါတယ္။

အယ္လ္ဘာတစ္​ေယာက္ လူမကြၽံ၊ ေျပးလိုက္ဖို႔အတြက္ တကယ့္ကြက္တိအေနအထားထဲ ေရာက္ေအာင္ အတိအက်ခုတ္တင္ေပးလိုက္တာျဖစ္ၿပီး အယ္လ္ဘာကလည္း မက္ဆီရဲ႕ဂိုးဖန္တီးမႈကို ပိုမို႐ုပ္လုံးႂကြေစဖို႔ ျပင္းထန္အားပါတဲ့ ဘယ္ေျခကန္ခ်က္နဲ႔ အားကုန္ကန္ကာ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။