

ရွှေဘောလုံးဆု(Ballon d’Or)ကို ၆ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးသွားခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ဘောလုံးသမိုင်းထဲက အကောင်းဆုံးတစ်ယောက်လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးက ချီးကျူးစကားဆိုလိုက်ပါတယ်။မက်ဆီဟာ ပြိုင်ဘက်လီဗာပူးနောက်ခံလူဗန်ဒိုက်စ်နဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုကိုကျော်ဖြတ်ပြီး ပါရီဆုပေးပွဲမှာအောင်ပွဲခံနိုင်ခဲ့ပါတယ်။ပိုလန်တိုက်စစ်မှူးကတော့ အကောင်းဆုံးစာရင်းမှာ နံပါတ် ၈နေရာသာချိတ်ခဲ့တာပါ။

ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာလွှမ်းမိုးနိုင်ခဲ့တဲ့ မက်ဆီရဲ့အောင်မြင်မှုအတွက် “ သူဟာ ကြီးမြတ်တဲ့ကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ်။ ဂုဏ်ယူပါတယ်ဆိုတာလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတင်မဟုတ်ဘဲ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးတစ်ယောက်ပါ။ကစားသမားတွေများစွာနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် ကျွန်တော်ဝမ်းမြောက်မိပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ ပွဲကစားနေစဉ်မှာသာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့်ရကြတာပါ။

လက်ရှိအချိန်မှာတော့ ဒီအကြောင်းအရာဟာ တစ်စုံတစ်ရာ ကွဲပြားနေပါပြီ။သေချာတာကတော့ သူဟာ ကြီးမြတ်တဲ့ကစားသမားတစ်ယောက်ပါ။ပြီးခဲ့တဲ့နှစ်တွေမှာတင်မဟုတ်ပါဘူး။၁၀နှစ်၊၁၅နှစ်ပါ ”လို့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက ဖွင့်ဟသွားခဲ့ပါတယ်။အသက် ၃၁နှစ်ရှိပြီဖြစ်ပေမယ့် လီဝန်ဒေါစကီးဟာ ရာသီသစ်မှာခြေစွမ်းပြနေဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ပွဲမှာ ၂၇ဂိုး သွင်းပေးထားပါတယ်။

လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်ဟာ အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရပ်တည်နေရပြီး ထိပ်ဆုံးကမိုချန်ဂလက်ဘတ်နဲ့ ၄မှတ်ကွာနေပေမယ့် လီဝန်ဒေါစကီးကတော့ သူ့ရဲ့အသင်းပိုကောင်းလာလိမ့်မယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
(zawgyi)
ေရႊေဘာလံုးဆု(Ballon d’Or)ကို ၆ႀကိမ္ေျမာက္ စံခ်ိန္တင္ဆြတ္ခူးသြားခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီဟာ ေဘာလံုးသမိုင္းထဲက အေကာင္းဆံုးတစ္ေယာက္လို႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴးလီ၀န္ေဒါစကီးက ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။မက္ဆီဟာ ၿပိဳင္ဘက္လီဗာပူးေနာက္ခံလူဗန္ဒိုက္စ္နဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မွဴးစီေရာ္နယ္ဒိုကိုေက်ာ္ျဖတ္ၿပီး ပါရီဆုေပးပြဲမွာေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ပိုလန္တိုက္စစ္မွဴးကေတာ့ အေကာင္းဆံုးစာရင္းမွာ နံပါတ္ ၈ေနရာသာခ်ိတ္ခဲ့တာပါ။ဒါေပမဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာလႊမ္းမိုးႏိုင္ခဲ့တဲ့ မက္ဆီရဲ႕ေအာင္ျမင္မႈအတြက္ “ သူဟာ ႀကီးျမတ္တဲ့ကစားသမားတစ္ေယာက္ဆိုတာ ေသခ်ာပါတယ္။ ဂုဏ္ယူပါတယ္ဆိုတာေလာက္ပဲ ကၽြန္ေတာ္ေျပာႏိုင္ပါတယ္။ဒါဟာ သူ႔အတြက္ ပထမဆံုးအႀကိမ္မဟုတ္ပါဘူး။ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာတင္မဟုတ္ဘဲ ေဘာလံုးသမိုင္းရဲ႕ အေကာင္းဆံုးတစ္ေယာက္ပါ။ကစားသမားေတြမ်ားစြာနဲ႔ ေတြ႔ဆံုခြင့္ရခဲ့တဲ့အတြက္ ကၽြန္ေတာ္၀မ္းေျမာက္မိပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ဟာ ပြဲကစားေနစဥ္မွာသာ တစ္ေယာက္နဲ႔တစ္ေယာက္ ေတြ႔ဆံုခြင့္ရၾကတာပါ။လက္ရွိအခ်ိန္မွာေတာ့ ဒီအေၾကာင္းအရာဟာ တစ္စံုတစ္ရာ ကြဲျပားေနပါၿပီ။ေသခ်ာတာကေတာ့ သူဟာ ႀကီးျမတ္တဲ့ကစားသမားတစ္ေယာက္ပါ။ၿပီးခဲ့တဲ့ႏွစ္ေတြမွာတင္မဟုတ္ပါဘူး။၁၀ႏွစ္၊၁၅ႏွစ္ပါ ”လို႔ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴးက ဖြင့္ဟသြားခဲ့ပါတယ္။အသက္ ၃၁ႏွစ္ရွိၿပီျဖစ္ေပမယ့္ လီ၀န္ေဒါစကီးဟာ ရာသီသစ္မွာေျခစြမ္းျပေနဆဲျဖစ္ၿပီး ၿပိဳင္ပြဲစံု ၂၁ပြဲမွာ ၂၇ဂိုး သြင္းေပးထားပါတယ္။လက္ရွိအခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္ဟာ အမွတ္ေပးဇယားစတုတၳေနရာမွာ ရပ္တည္ေနရၿပီး ထိပ္ဆံုးကမိုခ်န္ဂလက္ဘတ္နဲ႔ ၄မွတ္ကြာေနေပမယ့္ လီ၀န္ေဒါစကီးကေတာ့ သူ႔ရဲ႕အသင္းပိုေကာင္းလာလိမ့္မယ္လို႔လည္း ေျပာဆိုသြားခဲ့ပါတယ္။