ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်ကို အမီလိုက်နိုင်ဖို့ နီးစပ်လာတဲ့ အီတလီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲအဖြစ် စပိန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်တက်ရောက်သွားတဲ့ အီတလီအသင်းဟာ

အခုဆိုရင် ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးစံချိန်ကို အမီလိုက်နိုင်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီဖြစ်ပါတယ်။

အီတလီအသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက UEFA Nations League ပွဲအဖြစ် ပေါ်တူဂီနဲ့ကစားခဲ့တဲ့ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း

ပြိုင်ပွဲစုံရှုံးပွဲမရှိတော့တာက (၂)နှစ်ကျော်ကြာအထိရှိလာပြီဖြစ်သလို နည်းပြမန်စီနီဟာ ဂန္ထဝင်နည်းပြကြီးပေ့ါဇိုလက်ထက်တုန်းက

၁၉၃၅ ခုနှစ်ကနေ ၁၉၃၉ ခုနှစ်အတွင်း တင်ရှိခဲ့တဲ့ ပြိုင်ပွဲစုံပွဲ(၃၀)ဆက်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အပြင် နိုင်ပွဲဆက်စံချိန်ကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။

အီတလီအသင်းဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက နယ်သာလန်နဲ့(၁)ဂိုးစီသရေကျခဲ့တဲ့ UEFA Nations Leauge ပွဲနောက်ပိုင်းကတည်းက

နိုင်ပွဲတွေဆက်တိုက်ရယူနေပြီး အခုဆိုရင် (၁၄)ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် အီတလီအသင်းဟာ ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းအဖြစ် စံချိန်တင်ထားတဲ့

နာမည်ကျော်ဘရာဇီးလ်အသင်းနဲ့ စပိန်အသင်းတို့ရဲ့ ပွဲအရေအတွက်ကို မီဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

ဘရာဇီးလ်အသင်းဟာ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း (၃၅)ပွဲဆက်ရှုံးပွဲမရှိခဲ့သလို စပိန်အသင်းကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ (၃၅)ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အခုဆိုရင် အီတလီအသင်းဟာ ပြိုင်ပွဲစုံမှာ (၃၃)ပွဲဆက်ရှုံးပွဲမရှိခဲ့ဘဲ လာမယ့်ယူရိုဗိုလ်လုပွဲမှာ ရလဒ်ကောင်းရယူနိုင်ပြီး

စက်တင်ဘာလအတွင်း ကစားဖို့ရှိနေတဲ့ လစ်သူယေးနီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ပွဲထပ်ရခဲ့ရင်တော့ ဘရာဇီးလ်၊ စပိန်တို့ရဲ့စံချိန်ကို အမီလိုက်နိုင်မှာပဲဖြစ်ပါတယ်။

အီတလီအသင်းဟာ ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်-ဒိန်းမတ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ဆုံတွေ့ရမှာဖြစ်ပြီး ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်း

ဗိုလ်လုပွဲအဆင့်ကို (၁၀)ကြိမ်အထိတက်ရောက်ခဲ့တာကြောင့် ဂျာမနီ(၁၄ကြိမ်)ပြီးရင် အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ဖို႔ နီးစပ္လာတဲ့ အီတလီ

ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္ပြဲအျဖစ္ စပိန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး ဗိုလ္လုပြဲအဆင့္တက္ေရာက္သြားတဲ့ အီတလီအသင္းဟာ

အခုဆိုရင္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးစံခ်ိန္ကို အမီလိုက္ႏိုင္ဖို႔ တျဖည္းျဖည္းနီးစပ္လာၿပီျဖစ္ပါတယ္။

အီတလီအသင္းဟာ ၂၀၁၈ ခုႏွစ္တုန္းက UEFA Nations League ပြဲအျဖစ္ ေပၚတူဂီနဲ႔ကစားခဲ့တဲ့ပြဲမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံရႈံးပြဲမရွိေတာ့တာက (၂)ႏွစ္ေက်ာ္ၾကာအထိရွိလာၿပီျဖစ္သလို နည္းျပမန္စီနီဟာ ဂႏၴဝင္နည္းျပႀကီးေပ့ါဇိုလက္ထက္တုန္းက ၁၉၃၅ ခုႏွစ္ကေန ၁၉၃၉ ခုႏွစ္အတြင္း တင္ရွိခဲ့တဲ့ ၿပိဳင္ပြဲစုံပြဲ(၃၀)ဆက္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အျပင္ ႏိုင္ပြဲဆက္စံခ်ိန္ကိုပါ ပိုင္ဆိုင္ခဲ့ပါတယ္။

အီတလီအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက နယ္သာလန္နဲ႔(၁)ဂိုးစီသေရက်ခဲ့တဲ့ UEFA Nations Leauge ပြဲေနာက္ပိုင္းကတည္းက ႏိုင္ပြဲေတြဆက္တိုက္ရယူေနၿပီး အခုဆိုရင္ (၁၄)ပြဲဆက္တိုက္အႏိုင္ရခဲ့ပါတယ္။

ဒါေၾကာင့္ အီတလီအသင္းဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးအသင္းအျဖစ္ စံခ်ိန္တင္ထားတဲ့ နာမည္ေက်ာ္ဘရာဇီးလ္အသင္းနဲ႔ စပိန္အသင္းတို႔ရဲ႕ ပြဲအေရအတြက္ကို မီဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။

ဘရာဇီးလ္အသင္းဟာ ၁၉၉၃ ခုႏွစ္ကေန ၁၉၉၆ ခုႏွစ္အတြင္း (၃၅)ပြဲဆက္ရႈံးပြဲမရွိခဲ့သလို စပိန္အသင္းကေတာ့ ၂၀၀၇ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္အထိ (၃၅)ပြဲဆက္ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အခုဆိုရင္ အီတလီအသင္းဟာ ၿပိဳင္ပြဲစုံမွာ (၃၃)ပြဲဆက္ရႈံးပြဲမရွိခဲ့ဘဲ လာမယ့္ယူ႐ိုဗိုလ္လုပြဲမွာ ရလဒ္ေကာင္းရယူႏိုင္ၿပီး စက္တင္ဘာလအတြင္း ကစားဖို႔ရွိေနတဲ့ လစ္သူေယးနီးယားနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ႏိုင္ပြဲထပ္ရခဲ့ရင္ေတာ့ ဘရာဇီးလ္၊ စပိန္တို႔ရဲ႕စံခ်ိန္ကို အမီလိုက္ႏိုင္မွာပဲျဖစ္ပါတယ္။

အီတလီအသင္းဟာ ယူ႐ိုဗိုလ္လုပြဲမွာ အဂၤလန္-ဒိန္းမတ္ပြဲက အႏိုင္ရတဲ့အသင္းနဲ႔ဆုံေတြ႕ရမွာျဖစ္ၿပီး ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္း ဗိုလ္လုပြဲအဆင့္ကို (၁၀)ႀကိမ္အထိတက္ေရာက္ခဲ့တာေၾကာင့္ ဂ်ာမနီ(၁၄ႀကိမ္)ၿပီးရင္ အမ်ားဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။