ဘောလုံးသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိခဲ့တဲ့အသင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗြိတိန်နာမည်ကျော် အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Daily Star က ဘောလုံးသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရရှိခဲ့တဲ့ကလပ်အသင်း(၃၀)ကို ထုတ်ပြန်ကြေညာခဲ့ပြီး အံ့အားသင့်ဖို့ကောင်းတာက ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်စတဲ့ ဥရောပထိပ်သီးအသင်းတွေဟာ ထိပ်ဆုံး(၃)သင်းစာရင်းတောင် မဝင်ခဲ့ပါဘူး။

ဒီစာရင်းက ကမ္ဘာပေါ်မှာရှိတဲ့ကလပ်အသင်းတွေရဲ့ အမှတ်ပေးဖလားအပါအဝင် ပြိုင်ပွဲအသီးသီးမှာ ရရှိခဲ့တဲ့ဆုဖလားအရေအတွက်ကို ထည့်သွင်းထားတာဖြစ်ပြီး ပိုပြီးအံ့အားသင့်ဖို့ကောင်းတာက အီဂျစ်နိုင်ငံက နာမည်ကျော်ကလပ်ဖြစ်တဲ့ အယ်လ်အာလီအသင်းက ဆုဖလား(၁၁၈)ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာပါပဲ။

“အာဖရိကဘောလုံးလောကရဲ့ ရာစုနှစ်တစ်ခုအတွင်း အောင်မြင်မှုအများဆုံးအသင်း”ဂုဏ်ပုဒ်ပိုင်ဆိုင်ထားတဲ့ အယ်လ်အာလီအသင်းဟာ ပြည်တွင်းအမှတ်ပေးဖလား(၄၂)ကြိမ်၊ အီဂျစ်ဖလား(၃၇)ကြိမ်နဲ့ တခြားပြိုင်ပွဲတွေကနေ ဆုဖလားပေါင်း(၁၉)ကြိမ်အပါအဝင် စုစုပေါင်းဖလား(၁၁၈)ခုအထိရရှိခဲ့တာကြောင့် ဥရောပထိပ်သီးအသင်းတွေကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

အယ်လ်အာလီအသင်းရဲ့နောက်မှာ မကြာသေးခင်က စကော့တလန်အမှတ်ပေးဖလားရရှိခဲ့တဲ့ စကော့တလန်ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းက ဆုဖလားပေါင်း(၁၁၆)ခုနဲ့ ဒုတိယအများဆုံးဖြစ်နေပါတယ်။

လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ် နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ ရိန်းဂျားစ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် (၅၅)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးခဲ့သလို ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ သူတို့ရဲ့အဓိကပြိုင်ဘက် ဆဲလ်တစ်အသင်း ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးထားနိုင်တာကိုလည်း အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရိန်းဂျားစ်အသင်းဟာ အခုဆိုရင် ဆုဖလားပေါင်း(၁၁၆)ခုအထိရရှိခဲ့ပြီးဖြစ်တာကြောင့် ထိပ်ဆုံးက အယ်လ်အာလီအသင်းကို မီဖို့ နောက်ထပ်ဆုဖလား(၂)ခုသာ လိုတော့တာပါ။ တောင်အမေရိကဘောလုံးလောကမှာ အစဉ်အလာကြီးမားတဲ့ ဥရုဂွေးက ကလပ်နေစီယွန်နယ်အသင်းဟာလည်း ဆုဖလား(၁၁၅)ခုနဲ့ အဆင့်(၃)ချိတ်ခဲ့ပါတယ်။

ကလပ်နေစီယွန်နယ်အသင်းဟာ အမှတ်ပေးဖလား (၄၇)ကြိမ်အထိရယူခဲ့ပြီး တောင်အမေရိကရဲ့ချန်ပီယံလိဂ်ဖလားလို့သတ်မှတ်ရမယ့် ကိုပါလစ်ဘာတာဒိုးစ်ဖလားအပါအဝင် အဓိကဆုဖလားတွေအများကြီး ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

အဆင့်(၄)နေရာမှာတော့ စကော့တလန်ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းက ဆုဖလားပေါင်း(၁၁၁)ခုနဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ ဥရုဂွေးကလပ် အက်သလက်တီကိုပင်နာရိုးအသင်းက ဆုဖလား(၁၀၈)ခုနဲ့ ရပ်တည်နေပါတယ်။

ချန်ပီယံလိဂ်ဖလားကို စံချိန်တင်(၁၃)ကြိမ်အထိရရှိခဲ့ပြီး ဥရောပကလပ်အသင်းတွေထဲမှာ အောင်မြင်မှုအများဆုံးအဖြစ် ရပ်တည်နေတဲ့ လာလီဂါထိပ်သီးရီးယဲလ်အသင်းက ဆုဖလားပေါင်း(၉၃)ခုနဲ့ အဆင့်(၆)နေရာသာရရှိခဲ့သလို သူတို့ရဲ့အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းကလည်း ဆုဖလား(၉၁)ခုနဲ့ အဆင့်(၇)နေရာသာရရှိခဲ့တာပါ။

၂၀၂၀ ခုနှစ်အတွင်း ဆုဖလား(၆)ခုအထိရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဘင်ဖီကာ (အဆင့် ၈/ ပေါ်တူဂီ-၈၃ခု)၊ အယ်လ်ဖိုင်စာလီ(အဆင့် ၉ /ဂျော်ဒန်-၇၉ခု)တို့ကိုတောင် မကျော်နိုင်ခဲ့ဘဲ (၇၈)ခုနဲ့ အဆင့်(၁၀)သာရခဲ့ပါတယ်။ တခြားထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် (အဆင့်၁၄-၆၆ခု)၊ ဂျူဗင်တပ်စ် (အဆင့်၁၅-၆၆ခု)၊ လီဗာပူးလ်(အဆင့်၁၇-၆၀ခု)တို့ဟာလည်း မထင်မှတ်လောက်အောင် ထိပ်ဆုံး(၁၀)သင်းစာရင်းတောင် မဝင်နိုင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဆုဖလားအမ်ားဆုံးရရွိခဲ့တဲ့အသင္းမ်ား

ၿဗိတိန္နာမည္ေက်ာ္ အားကစားမီဒီယာတစ္ခုျဖစ္တဲ့ Daily Star က ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဆုဖလားအမ်ားဆုံးရရွိခဲ့တဲ့ကလပ္အသင္း(၃၀)ကို ထုတ္ျပန္ေၾကညာခဲ့ၿပီး အံ့အားသင့္ဖို႔ေကာင္းတာက ရီးယဲလ္၊ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္၊ မန္ခ်က္စတာယူႏိုက္တက္စတဲ့ ဥေရာပထိပ္သီးအသင္းေတြဟာ ထိပ္ဆုံး(၃)သင္းစာရင္းေတာင္ မဝင္ခဲ့ပါဘူး။ ဒီစာရင္းက ကမာၻေပၚမွာရွိတဲ့ကလပ္အသင္းေတြရဲ႕ အမွတ္ေပးဖလားအပါအဝင္ ၿပိဳင္ပြဲအသီးသီးမွာ ရရွိခဲ့တဲ့ဆုဖလားအေရအတြက္ကို ထည့္သြင္းထားတာျဖစ္ၿပီး ပိုၿပီးအံ့အားသင့္ဖို႔ေကာင္းတာက အီဂ်စ္ႏိုင္ငံက နာမည္ေက်ာ္ကလပ္ျဖစ္တဲ့ အယ္လ္အာလီအသင္းက ဆုဖလား(၁၁၈)ခုနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနတာပါပဲ။ “အာဖရိကေဘာလုံးေလာကရဲ႕ ရာစုႏွစ္တစ္ခုအတြင္း ေအာင္ျမင္မႈအမ်ားဆုံးအသင္း”ဂုဏ္ပုဒ္ပိုင္ဆိုင္ထားတဲ့ အယ္လ္အာလီအသင္းဟာ ျပည္တြင္းအမွတ္ေပးဖလား(၄၂)ႀကိမ္၊ အီဂ်စ္ဖလား(၃၇)ႀကိမ္နဲ႔ တျခားၿပိဳင္ပြဲေတြကေန ဆုဖလားေပါင္း(၁၉)ႀကိမ္အပါအဝင္ စုစုေပါင္းဖလား(၁၁၈)ခုအထိရရွိခဲ့တာေၾကာင့္ ဥေရာပထိပ္သီးအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးေနရာမွာရပ္တည္ေနတာျဖစ္ပါတယ္။

အယ္လ္အာလီအသင္းရဲ႕ေနာက္မွာ မၾကာေသးခင္က စေကာ့တလန္အမွတ္ေပးဖလားရရွိခဲ့တဲ့ စေကာ့တလန္ထိပ္သီးကလပ္ ရိန္းဂ်ားစ္အသင္းက ဆုဖလားေပါင္း(၁၁၆)ခုနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ေနပါတယ္။ လီဗာပူးလ္ဂႏၴဝင္ စတီဗင္ဂ်ရတ္ နည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့ ရိန္းဂ်ားစ္အသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္ (၅၅)ႀကိမ္ေျမာက္ အမွတ္ေပးခ်န္ပီယံဆုကို ဆြတ္ခူးခဲ့သလို ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ဆဲလ္တစ္အသင္း ဆယ္စုႏွစ္တစ္ခုၾကာ လႊမ္းမိုးထားႏိုင္တာကိုလည္း အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ရိန္းဂ်ားစ္အသင္းဟာ အခုဆိုရင္ ဆုဖလားေပါင္း(၁၁၆)ခုအထိရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ထိပ္ဆုံးက အယ္လ္အာလီအသင္းကို မီဖို႔ ေနာက္ထပ္ဆုဖလား(၂)ခုသာ လိုေတာ့တာပါ။ ေတာင္အေမရိကေဘာလုံးေလာကမွာ အစဥ္အလာႀကီးမားတဲ့ ဥ႐ုေဂြးက ကလပ္ေနစီယြန္နယ္အသင္းဟာလည္း ဆုဖလား(၁၁၅)ခုနဲ႔ အဆင့္(၃)ခ်ိတ္ခဲ့ပါတယ္။ ကလပ္ေနစီယြန္နယ္အသင္းဟာ အမွတ္ေပးဖလား (၄၇)ႀကိမ္အထိရယူခဲ့ၿပီး ေတာင္အေမရိကရဲ႕ခ်န္ပီယံလိဂ္ဖလားလို႔သတ္မွတ္ရမယ့္ ကိုပါလစ္ဘာတာဒိုးစ္ဖလားအပါအဝင္ အဓိကဆုဖလားေတြအမ်ားႀကီး ရယူႏိုင္ခဲ့တဲ့အသင္းျဖစ္ပါတယ္။

အဆင့္(၄)ေနရာမွာေတာ့ စေကာ့တလန္ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ဆဲလ္တစ္အသင္းက ဆုဖလားေပါင္း(၁၁၁)ခုနဲ႔ ရပ္တည္ေနၿပီး သူ႔ေနာက္မွာေတာ့ ဥ႐ုေဂြးကလပ္ အက္သလက္တီကိုပင္နာ႐ိုးအသင္းက ဆုဖလား(၁၀၈)ခုနဲ႔ ရပ္တည္ေနပါတယ္။ ခ်န္ပီယံလိဂ္ဖလားကို စံခ်ိန္တင္(၁၃)ႀကိမ္အထိရရွိခဲ့ၿပီး ဥေရာပကလပ္အသင္းေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအျဖစ္ ရပ္တည္ေနတဲ့ လာလီဂါထိပ္သီးရီးယဲလ္အသင္းက ဆုဖလားေပါင္း(၉၃)ခုနဲ႔ အဆင့္(၆)ေနရာသာရရွိခဲ့သလို သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ဘာစီလိုနာအသင္းကလည္း ဆုဖလား(၉၁)ခုနဲ႔ အဆင့္(၇)ေနရာသာရရွိခဲ့တာပါ။ ၂၀၂၀ ခုႏွစ္အတြင္း ဆုဖလား(၆)ခုအထိရရွိခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းက ဘင္ဖီကာ (အဆင့္ ၈/ ေပၚတူဂီ-၈၃ခု)၊ အယ္လ္ဖိုင္စာလီ(အဆင့္ ၉ /ေဂ်ာ္ဒန္-၇၉ခု)တို႔ကိုေတာင္ မေက်ာ္ႏိုင္ခဲ့ဘဲ (၇၈)ခုနဲ႔ အဆင့္(၁၀)သာရခဲ့ပါတယ္။ တျခားထိပ္သီးအသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ (အဆင့္၁၄-၆၆ခု)၊ ဂ်ဴဗင္တပ္စ္ (အဆင့္၁၅-၆၆ခု)၊ လီဗာပူးလ္(အဆင့္၁၇-၆၀ခု)တို႔ဟာလည္း မထင္မွတ္ေလာက္ေအာင္ ထိပ္ဆုံး(၁၀)သင္းစာရင္းေတာင္ မဝင္ႏိုင္ခဲ့ပါဘူး။