ဘောလုံးသမားဘ၀ ကအနားယူရင် သရုပ်ဆောင်လုပ်ဖို့ စီရော်နယ်ဒို ရည်ရွယ်နေ

Photo-Internet
Photo-Internet

ဂျူ ဗင်တပ်အသင်းတိုက်စစ်မှူ း စီရော်နယ်ဒိုက ဘောလုံးသမားဘဝကအနားယူရင် ရုပ်ရှင်သရုပ်ဆောင်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ စီရော်နယ်ဒိုဟာအသက် ၃၅ နှစ်ပြည့်တော့မှာဖြစ်ပြီး လောလောဆယ်မှာ အနားယူဖို့ အစီအစဉ်မရှိသေးပေမယ့် အချိန်တန်ရင်တော့ အနားယူချိန်ရောက်လာလိမ့်မယ်ဆိုတာကို လက်ခံထားပါတယ်။

ဘောလုံးသမားဘဝကနေအနားယူပြီးနောက် သရုပ်ဆောင်လိုင်းကို ကူးပြောင်းသွားသူများများစားစားမရှိခဲ့ပေမယ့် မန်ယူတိုက်စစ်မှူ းဟောင်းကန်တိုနာနဲ့ ချဲလ်ဆီးနဲ့ ဝင်ဘယ်ဒန်ကွင်းလယ်လူဟောင်း ဗင်နီဂျုံးစ်တို့ဟာ သရုပ်ဆောင်လိုင်းမှာလည်း အောင်မြင်မှုတွေရရှိထားကြပါတယ်။

Photo-Internet

Dubai Sports Conference မှာတွေ့ဆုံမေးမြန်းမှုတစ်ခုပြုလုပ်ခဲ့ရာမှာ သူက”ဘောလုံးကနေအနားယူလိုက်ပြီဆိုရင် လေ့လာမှုတွေကိုပြန်စမှာဖြစ်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှဟာ စိတ်ထဲမှာရှိတဲ့ မေးခွန်းတိုင်းကိုအဖြေထုတ်ပေးနိုင်ခဲ့ခြင်းမရှိလို့ သင်ယူမှုတွေနဲ့ လေ့လာမှုတွေကိုအာရုံစိုက်သွားရမှာပါ။

Photo-Internet

ကျွန်တော့်ကိုစွဲဆောင်နေတဲ့အရာတစ်ခုကတော့ ရုပ်ရှင်သရုပ်ဆောင်ပိုင်းမှာ ကြိုးစားကြည့်ခြင်တာပါဘဲ” လို့ပြောသွားပါတယ်။ စီရော်နယ်ဒိုဟာ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ကစားသမားဘဝမှာ ကြော်ငြာတွေ၊ စီးပွားရေးနဲ့ပတ်သက်တဲ့ရိုက်ကူးမှုတွေ၊ ဓါတ်ပုံမော်ဒယ်အဖြစ်သရုပ်ဆောင်ခဲ့တာတွေကြောင့် သရုပ်ဆောင်ပိုင်းနဲ့ အရမ်းမစိမ်းသူအဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo-Internet

ဒါ့အပြင် စီရော်နယ်ဒိုက သူ့ကစားသမားဘဝမှာဆိုးရွားတဲ့ ရာသီတစ်ခါမှမရှိခဲ့ဘဲ သူ့ဘော်ဒီကမှန်ကန်စွာတုံ့ပြန်နိုင်ခြင်းမရှိတဲ့ တစ်နေ့မှာကစားသမားဘဝကနေအနားယူမယ်လို့လည်းဆိုခဲ့ပါတယ်။ အရင်တုန်းက အနားယူတဲ့အရွယ်ဟာ ၃၀ ကျော် ၃၂ နှစ်တွေဖြစ်ကြပေမယ့် ဒီကနေ့ခေတ်မှာတော့ အသက် ၄၀ အထိကစားနေသူတွေရှိနေပြီလို့လည်း သူကဆက်ပြောပါတယ်။

Photo-Internet

Zawgyi

ဂ်ဴ ဗင္တပ္အသင္းတိုက္စစ္မွဴ း စီေရာ္နယ္ဒိုက ေဘာလုံးသမားဘ၀ကအနားယူရင္ ရုပ္ရွင္သရုပ္ေဆာင္လုပ္ဖို႔ ရည္ရြယ္ထားတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။ စီေရာ္နယ္ဒိုဟာအသက္ ၃၅ ႏွစ္ျပည့္ေတာ႔မွာျဖစ္ၿပီး ေလာေလာဆယ္မွာ အနားယူဖို႔ အစီအစဥ္မရွိေသးေပမယ္႔ အခ်ိန္တန္ရင္ေတာ႔ အနားယူခ်ိန္ေရာက္လာလိမ့္မယ္ဆိုတာကို လက္ခံထားပါတယ္။

ေဘာလုံးသမားဘ၀ကေနအနားယူၿပီးေနာက္ သရုပ္ေဆာင္လိုင္းကို ကူးေျပာင္းသြားသူမ်ားမ်ားစားစားမရွိခဲ့ေပမယ္႔ မန္ယူတိုက္စစ္မွဴ းေဟာင္းကန္တိုနာနဲ႔ ခ်ဲလ္ဆီးနဲ႔ ၀င္ဘယ္ဒန္ကြင္းလယ္လူေဟာင္း ဗင္နီဂ်ဳံးစ္တို႔ဟာ သရုပ္ေဆာင္လိုင္းမွာလည္း ေအာင္ျမင္မႈေတြရရွိထားၾကပါတယ္။

Dubai Sports Conference မွာေတြ႔ဆုံေမးျမန္းမႈတစ္ခုျပဳလုပ္ခဲ့ရာမွာ သူက”ေဘာလုံးကေနအနားယူလိုက္ၿပီဆိုရင္ ေလ႔လာမႈေတြကိုျပန္စမွာျဖစ္ပါတယ္။ ကၽြန္ေတာ္ေလ႔လာခဲ့သမွ်ဟာ စိတ္ထဲမွာရွိတဲ႔ ေမးခြန္းတိုင္းကိုအေျဖထုတ္ေပးႏိုင္ခဲ့ျခင္းမရွိလို႔ သင္ယူမႈေတြနဲ႔ ေလ႔လာမႈေတြကိုအာရုံစိုက္သြားရမွာပါ။

ကၽြန္ေတာ္႔ကိုစြဲေဆာင္ေနတဲ႔အရာတစ္ခုကေတာ႔ ရုပ္ရွင္သရုပ္ေဆာင္ပိုင္းမွာ ႀကိဳးစားၾကည့္ျခင္တာပါဘဲ” လို႔ေျပာသြားပါတယ္။ စီေရာ္နယ္ဒုိဟာ သူ႔ရဲ႕ေအာင္ျမင္ခဲ့တဲ႔ ကစားသမားဘ၀မွာ ေၾကာ္ျငာေတြ၊ စီးပြားေရးနဲ႔ပတ္သက္တဲ႔ရိုက္ကူးမႈေတြ၊ ဓါတ္ပုံေမာ္ဒယ္အျဖစ္သရုပ္ေဆာင္ခဲ့တာေတြေၾကာင့္ သရုပ္ေဆာင္ပိုင္းနဲ႔ အရမး္မစိမ္းသူအျဖစ္ သတ္မွတ္ခံထားရပါတယ္။

ဒါ့အျပင္ စီေရာ္နယ္ဒိုက သူ႔ကစားသမားဘ၀မွာဆိုးရြားတဲ႔ ရာသီတစ္ခါမွမရွိခဲ့ဘဲ သူ႔ေဘာ္ဒီကမွန္ကန္စြာတုံ႔ျပန္ႏိုင္ျခင္းမရွိတဲ႔ တစ္ေန႔မွာကစားသမားဘ၀ကေနအနားယူမယ္လို႔လည္းဆိုခဲ့ပါတယ္။ အရင္တုန္းက အနားယူတဲ႔အရြယ္ဟာ ၃၀ ေက်ာ္ ၃၂ ႏွစ္ေတြျဖစ္ၾကေပမယ္႔ ဒီကေန႔ေခတ္မွာေတာ႔ အသက္ ၄၀ အထိကစားေနသူေတြရွိေနၿပီလို႔လည္း သူကဆက္ေျပာပါတယ္။