ဘောလုံးသမားဘဝကို လက်ပြနှုတ်ဆက်သွားပြီဖြစ်တဲ့ ခရိုအေးရှားဝါရင့်တိုက်စစ်မှူးကြီးမန်ဇူကစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကိုအသင်းတွေမှာကစားခဲ့သူ ခရိုအေးရှားနာမည်ကျော်ဝါရင့်တိုက်စစ်မှူးကြီးမာရီယိုမန်ဇူကစ်ဟာ အသက်(၃၅)နှစ်အရွယ်မှာ ဘောလုံးသမားဘဝကနေအနားယူသွားပြီဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲအထိတက်ရောက်နိုင်အောင်စွမ်းဆောင်ခဲ့သူ မန်ဇူကစ်ဟာ ၂၀၂၀-၂၁ ရာသီဝက်မှာ ကာတာကလပ် Al-Duhail အသင်းကနေ အေစီမီလန်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး

ဒဏ်ရာပြဿနာတွေနဲ့ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အေစီမီလန်အသင်းက သူ့ကို စာချုပ်သက်တမ်းမတိုးခဲ့ဘဲ ရာသီကုန်မှာလမ်းခွဲခဲ့သလို (၄)လနီးပါးအကြာမှာတော့ မန်ဇူကစ်က ဘောလုံးသမားဘဝက အနားယူဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

မန်ဇူကစ်ဟာ ကလပ်အသင်းကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ၂၀၁၂-၁၃ ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ်စတဲ့ဖလား(၃)လုံးရာသီမှာ ခြေစွမ်းပြကစားခဲ့တဲ့အပြင်

အက်သလက်တီကိုအသင်းနဲ့ စပိန်စူပါဖလား၊ ဂျူဗင်တပ်စ်အသင်းနဲ့လည်း စီးရီးအေ၊ ကိုပါအီတာလီယာဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူဖို့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မန်ဇူကစ်က သူ့ Instagram မှာ “မာရီယိုလေးရေ . .မင်းဘဝမှာ ဘောကန်ဖိနပ်တွေ ပထမဆုံးဝတ်ဆင်ခဲ့တဲ့အချိန်မှာ မင်းရဲ့ကစားသမားဘဝက ဒီလောက်အထိအောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားမှာမဟုတ်ဘူး။

ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ဂိုးတွေသွင်းယူခဲ့သလို ထိပ်သီးကလပ်တွေရဲ့ဂျာစီဝတ်ဆင်ပြီးတော့ အဓိကဆုဖလားတွေအများကြီးရယူနိုင်ခဲ့တာမဟုတ်လား။

ဝတ်ခဲ့ရတဲ့ဂျာစီတွေထဲမှာ ဂုဏ်ယူစရာအကောင်းဆုံးဖြစ်တဲ့ ခရိုအေးရှားအသင်းဂျာစီနဲ့အတူ သမိုင်းတွင်မယ့်မှတ်တမ်းကောင်းတွေလည်း ရေးထိုးနိုင်ခဲ့သေးတယ်လေ။

မင်းရဲ့ဘောလုံးသမားဘဝတစ်လျှောက်မှာ ခြေစွမ်းတိုးတက်အောင် ကူညီပေးခဲ့တဲ့သူတွေရှိခဲ့သလို မင်းကလည်း အကောင်းဆုံးဖြစ်အောင်ပေးဆပ်ဖို့ဆန္ဒပြင်းပြတာကြောင့် အခုလိုအောင်မြင်ခဲ့ရတာပေ့ါ။

အခုအချိန်ကတော့ အဲဒီဖိနပ်တွေကို ဗီရိုထဲမှာထည့်သိမ်းရမယ့်အချိန်ရောက်လာပြီလေ။

ဘောလုံးဆိုတာက မင်းဘဝမှာ အမြဲတမ်းအမှတ်ရနေမယ့်အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ဘဝသစ်တစ်ခုစတင်လျှောက်လှမ်းရဖို့အတွက် ကြိုတင်ပြင်ဆင်ထားလိုက်ပါတော့”လို့ ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးသမားဘဝကို လက္ျပႏႈတ္ဆက္သြားၿပီျဖစ္တဲ့ ခ႐ိုေအးရွားဝါရင့္တိုက္စစ္မႉးႀကီးမန္ဇူကစ္

ဘိုင္ယန္ျမဴးနစ္၊ ဂ်ဴဗင္တပ္စ္၊ အက္သလက္တီကိုအသင္းေတြမွာကစားခဲ့သူ ခ႐ိုေအးရွားနာမည္ေက်ာ္ဝါရင့္တိုက္စစ္မႉးႀကီးမာရီယိုမန္ဇူကစ္ဟာ အသက္(၃၅)ႏွစ္အ႐ြယ္မွာ ေဘာလုံးသမားဘဝကေနအနားယူသြားၿပီျဖစ္ပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ခ႐ိုေအးရွားအသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္လုပြဲအထိတက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ခဲ့သူ မန္ဇူကစ္ဟာ ၂၀၂၀-၂၁ ရာသီဝက္မွာ ကာတာကလပ္ Al-Duhail အသင္းကေန ေအစီမီလန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး ဒဏ္ရာျပႆနာေတြနဲ႔ေျခစြမ္းမျပႏိုင္ခဲ့တာေၾကာင့္ ေအစီမီလန္အသင္းက သူ႔ကို စာခ်ဳပ္သက္တမ္းမတိုးခဲ့ဘဲ ရာသီကုန္မွာလမ္းခြဲခဲ့သလို (၄)လနီးပါးအၾကာမွာေတာ့ မန္ဇူကစ္က ေဘာလုံးသမားဘဝက အနားယူဖို႔ဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

မန္ဇူကစ္ဟာ ကလပ္အသင္းကစားသမားဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့ၿပီး ၂၀၁၂-၁၃ ရာသီတုန္းက ဘိုင္ယန္ျမဴးနစ္အသင္း ဘြန္ဒစ္လီဂါ၊ ဂ်ာမန္ဖလား၊ ခ်န္ပီယံလိဂ္စတဲ့ဖလား(၃)လုံးရာသီမွာ ေျခစြမ္းျပကစားခဲ့တဲ့အျပင္ အက္သလက္တီကိုအသင္းနဲ႔ စပိန္စူပါဖလား၊ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လည္း စီးရီးေအ၊ ကိုပါအီတာလီယာဖလားေတြ ရယူႏိုင္ခဲ့ပါတယ္။

ေဘာလုံးသမားဘဝကေန အနားယူဖို႔ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔ မန္ဇူကစ္က သူ႔ Instagram မွာ “မာရီယိုေလးေရ . .မင္းဘဝမွာ ေဘာကန္ဖိနပ္ေတြ ပထမဆုံးဝတ္ဆင္ခဲ့တဲ့အခ်ိန္မွာ မင္းရဲ႕ကစားသမားဘဝက ဒီေလာက္အထိေအာင္ျမင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားမွာမဟုတ္ဘူး။ ထိပ္တန္းအဆင့္ၿပိဳင္ပြဲေတြမွာ ဂိုးေတြသြင္းယူခဲ့သလို ထိပ္သီးကလပ္ေတြရဲ႕ဂ်ာစီဝတ္ဆင္ၿပီးေတာ့ အဓိကဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့တာမဟုတ္လား။

ဝတ္ခဲ့ရတဲ့ဂ်ာစီေတြထဲမွာ ဂုဏ္ယူစရာအေကာင္းဆုံးျဖစ္တဲ့ ခ႐ိုေအးရွားအသင္းဂ်ာစီနဲ႔အတူ သမိုင္းတြင္မယ့္မွတ္တမ္းေကာင္းေတြလည္း ေရးထိုးႏိုင္ခဲ့ေသးတယ္ေလ။ မင္းရဲ႕ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာ ေျခစြမ္းတိုးတက္ေအာင္ ကူညီေပးခဲ့တဲ့သူေတြရွိခဲ့သလို မင္းကလည္း အေကာင္းဆုံးျဖစ္ေအာင္ေပးဆပ္ဖို႔ဆႏၵျပင္းျပတာေၾကာင့္ အခုလိုေအာင္ျမင္ခဲ့ရတာေပ့ါ။ အခုအခ်ိန္ကေတာ့ အဲဒီဖိနပ္ေတြကို ဗီ႐ိုထဲမွာထည့္သိမ္းရမယ့္အခ်ိန္ေရာက္လာၿပီေလ။ ေဘာလုံးဆိုတာက မင္းဘဝမွာ အၿမဲတမ္းအမွတ္ရေနမယ့္အစိတ္အပိုင္းတစ္ခုျဖစ္ေပမယ့္ ဘဝသစ္တစ္ခုစတင္ေလွ်ာက္လွမ္းရဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားလိုက္ပါေတာ့”လို႔ ေရးသားခဲ့ပါတယ္။