ဘောလုံးသမားဘဝကနေ မထင်မှတ်ဘဲအနားယူရမယ့်အနေအထားနဲ့ရင်ဆိုင်နေရတဲ့ အဂွဲရိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မကြာသေးခင်ကမှ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့တဲ့ အာဂျင်တီးနားဝါရင့်တိုက်စစ်မှူးအဂွဲရိုးဟာ နှလုံးရောဂါဝေဒနာကြောင့် ဘောလုံးသမားဘဝကနေ မထင်မှတ်ဘဲအနားယူရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂွဲရိုးဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်မှာ အလာဗတ်စ်နဲ့ကစားခဲ့တဲ့လာလီဂါပွဲတုန်းက ရင်ဘတ်အောင့်လာပြီး

အသက်ရှူရခက်လာတာကြောင့် ပထမပိုင်း(၄၁)မိနစ်မှာပဲ လူစားလဲခံခဲ့ရပြီး (၃)လလောက် အနားယူရဖို့ရှိတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပေမယ့်

အခု သူ့ရဲ့နှလုံးအခြေအနေက ထင်ထားတာထက် ပိုဆိုးနေတဲ့အနေအထားရှိနေတယ်လို့ Catalunya Radio က သတင်းထုတ်လွှင့်ခဲ့ပါတယ်။

အခုအချိန်မှာ အဂွဲရိုးဟာ နှလုံးခုန်နှုန်းစည်းချက်မမှန်တဲ့ Heart Arrhythmia ရောဂါခံစားနေရတာဖြစ်ပြီး အဲဒီအခြေအနေအရ ဘောလုံးဆက်ကစားဖို့ခဲယဉ်းနေတာကြောင့် ဘောလုံးသမားဘဝကို စွန့်လွှတ်ရမယ့်အခြေအနေဆိုးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီ အလွတ်နဲ့ပြောင်းရွှေ့ခဲ့သူ အဂွဲရိုးဟာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပြီး

အောက်တိုဘာလ(၁၇)ရက်တုန်းက ဗလင်စီယာနဲ့ကစားခဲ့တဲ့ပွဲမှ အသင်းအတွက် စတင်ပါဝင်ကစားနိုင်ခဲ့တာဖြစ်သလို အလာဗတ်စ်နဲ့ပွဲမှာ ဒီရာသီ ဘာစီလိုနာအသင်းအတွက် ပထမဆုံးပွဲထွက်ကစားသမားအဖြစ်ကစားခွင့်ရခဲ့တာပါ။

ဒါပေမဲ့လည်း အဂွဲရိုးဟာ ပွဲကစားနေရင်းနဲ့ရင်ဘတ်အောင့်လာတာကြောင့် လူစားလဲခံခဲ့ရတဲ့အပြင် ဆေးရုံမှာ(၂)ရက်လောက် ဆေးကုသမှုခံယူခဲ့ရပြီး ဘာစီလိုနာအသင်းက အဂွဲရိုးအနေနဲ့ (၃)လလောက်အနားယူရမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

တကယ်လို့သာ အဂွဲရိုးသာ သတင်းထွက်နေတဲ့အတိုင်း ဘောလုံးသမားဘဝကနေ စောစောစီးစီအနားယူရမယ်ဆိုရင်တော့ ကစားသမားအတွက်သာမက ဘာစီလိုနာနဲ့ အာဂျင်တီးနားဘောလုံးလောကအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးသမားဘဝကေန မထင္မွတ္ဘဲအနားယူရမယ့္အေနအထားနဲ႔ရင္ဆိုင္ေနရတဲ့ အဂြဲ႐ိုး

မၾကာေသးခင္ကမွ ဘာစီလိုနာအသင္းအတြက္ ပြဲထြက္ပါဝင္ကစားခဲ့တဲ့ အာဂ်င္တီးနားဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုးဟာ ႏွလုံးေရာဂါေဝဒနာေၾကာင့္ ေဘာလုံးသမားဘဝကေန မထင္မွတ္ဘဲအနားယူရမယ့္အေျခအေနနဲ႔ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဂြဲ႐ိုးဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလကုန္မွာ အလာဗတ္စ္နဲ႔ကစားခဲ့တဲ့လာလီဂါပြဲတုန္းက ရင္ဘတ္ေအာင့္လာၿပီးအသက္ရႉရခက္လာတာေၾကာင့္ ပထမပိုင္း(၄၁)မိနစ္မွာပဲ လူစားလဲခံခဲ့ရၿပီး (၃)လေလာက္ အနားယူရဖို႔ရွိတယ္ဆိုတဲ့ သတင္းထြက္ခဲ့ေပမယ့္ အခု သူ႔ရဲ႕ႏွလုံးအေျခအေနက ထင္ထားတာထက္ ပိုဆိုးေနတဲ့အေနအထားရွိေနတယ္လို႔ Catalunya Radio က သတင္းထုတ္လႊင့္ခဲ့ပါတယ္။

အခုအခ်ိန္မွာ အဂြဲ႐ိုးဟာ ႏွလုံးခုန္ႏႈန္းစည္းခ်က္မမွန္တဲ့ Heart Arrhythmia ေရာဂါခံစားေနရတာျဖစ္ၿပီး အဲဒီအေျခအေနအရ ေဘာလုံးဆက္ကစားဖို႔ခဲယဥ္းေနတာေၾကာင့္ ေဘာလုံးသမားဘဝကို စြန႔္လႊတ္ရမယ့္အေျခအေနဆိုးနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီက မန္စီးတီးအသင္းကေန ဘာစီလိုနာအသင္းဆီ အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ အဂြဲ႐ိုးဟာ ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး ေအာက္တိုဘာလ(၁၇)ရက္တုန္းက ဗလင္စီယာနဲ႔ကစားခဲ့တဲ့ပြဲမွ အသင္းအတြက္ စတင္ပါဝင္ကစားႏိုင္ခဲ့တာျဖစ္သလို အလာဗတ္စ္နဲ႔ပြဲမွာ ဒီရာသီ ဘာစီလိုနာအသင္းအတြက္ ပထမဆုံးပြဲထြက္ကစားသမားအျဖစ္ကစားခြင့္ရခဲ့တာပါ။

ဒါေပမဲ့လည္း အဂြဲ႐ိုးဟာ ပြဲကစားေနရင္းနဲ႔ရင္ဘတ္ေအာင့္လာတာေၾကာင့္ လူစားလဲခံခဲ့ရတဲ့အျပင္ ေဆး႐ုံမွာ(၂)ရက္ေလာက္ ေဆးကုသမႈခံယူခဲ့ရၿပီး ဘာစီလိုနာအသင္းက အဂြဲ႐ိုးအေနနဲ႔ (၃)လေလာက္အနားယူရမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။ တကယ္လို႔သာ အဂြဲ႐ိုးသာ သတင္းထြက္ေနတဲ့အတိုင္း ေဘာလုံးသမားဘဝကေန ေစာေစာစီးစီအနားယူရမယ္ဆိုရင္ေတာ့ ကစားသမားအတြက္သာမက ဘာစီလိုနာနဲ႔ အာဂ်င္တီးနားေဘာလုံးေလာကအတြက္ပါ ႀကီးမားတဲ့ဆုံးရႈံးမႈလို႔သတ္မွတ္ရမွာပဲျဖစ္ပါတယ္။