ဘောလုံးလောက ကိုလက်ပြနှုတ်ဆက်ဖို့ စဉ်းစားခဲ့ဖူးတဲ့ လင်ဂတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကို ခေတ္တခဏစွန့်ခွာပြီး ဝက်စ်ဟမ်းအသင်းဆီကို ရောက်ရှိနေတဲ့ လင်ဂတ်ဟာ နောက်တစ်ကြိမ် ပြန်လည်တောက်ပခွင့်ရရှိခဲ့ပါတယ်။

လင်ဂတ်ဟာ ဝက်စ်ဟမ်းဆီကို အငှားမပြောင်းရွေ့ခင်တုန်းက ဘောလုံးလောက ကနေထွက်ခွာဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဝန်ခံ ပြောဆိုလာပါတယ်။

လင်ဂတ်က “ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့နှစ် မတ်လမှာ ပထမဆုံး လော့ဒေါင်း ချတုန်းက ကျွန်တော့်အနေနဲ့ ဘောလုံးလောကကနေ ထွက်ခွာ သွားနိုင်ပါတယ်။ ဘာကိုမှ အလိုမရှိသလိုဖြစ်ခဲ့ကာ ဘာမှမလုပ်ချင်ခဲ့ဘဲ အားလုံးကို အရှုံးပေးချင်လာပါတယ်။”

“ဒါပေမယ့် အဲဒီဆိုးရွားတဲ့ စိတ်ဓာတ်ကို ပြန်လည်တိုက်ခိုက် အနိုင်ယူချင်စိတ် ဖြစ်ခဲ့ပါတယ်။

ကျွန်တော် ဘောလုံးလောကကနေတော့ မထွက်ခွာခဲ့ဘဲ ခဏတဖြုတ်လောက် ရပ်နားသွားခဲ့သလိုတော့ဖြစ်ခဲ့ပါတယ်”

“ယူနိုက်တက် ပွဲစဉ်တွေမှာ ကျွန်တော်ဟာ အရန်ခုံမှာပဲရှိနေခဲ့ပါတယ်။ တကယ်ကအဲ ဒါဟာ ကျွန်တော့်ရဲ့ပုံစံမဟုတ်ပါဘူး။ဝက်စ်ဟမ်းဆီမပြောင်းခင်တုန်းက ကျွန်တော့်ရဲ့စိတ်ကဘောလုံးပေါ်မှာ မရှိသလို၊ အားလုံးကို လည်း အာရုံမစိုက်ထားနိုင်ပါဘူး။ အခြားအကြောင်းတွေကိုသာစဉ်းစား တွေးတော နေမိပါတယ်”

“ပွဲတွေရှိတဲ့အချို့ရက်တွေမှာဆိုရင် ည ၈ နာရီမှာ ဟိုတယ်ကိုသွားတယ်။ မနက် ၂ နာရီကနေ ၄ နာရီမတိုင်ခင်အထိ အိပ်ပြီး အမှောင်ထဲမှာနေတယ်။

အခန်းလိုက်ကာတွေကို ပိတ်ထားခဲ့ပါတယ်။ အမှောင်ထဲမှာပဲ နိုးခဲ့ပါတယ် ”

“ နောက်ဆုံး ဆရာဝန်ဆီကနေ အကြံဉာဏ်ယူခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကို လင်ဂတ်မဟုတ်ဘူးလို့တောင် ခံစားမိပါတယ်။ပါဝင်ရတဲ့ ဘောလုံးပွဲတွေမှာ ဘောလုံး ကျွန်တော့်ကိုပေးနေရင်တောင် ကျွန်တော်က အဲဒီမှာ မရှိဘူးလို့တောင်ခံစားမိပါတယ်။ ကျွန်တော်ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုပြဿနာတွေကို ယူနိုက်တက်အသင်းဆီကို ပြောပြဖြစ်ခဲ့ပါတယ်။ သူတို့တွေကလည်း ကူညီဖို့အတွက် အမြဲ အသင့်ရှိနေခဲ့ပါတယ်”

“အဲဒီနောက် ကျွန်တော်ကစားခဲ့တဲ့ အရင်က ပွဲတွေ၊ ကမ္ဘာ့ဖလားပွဲတွေကို ပြန်ကြည့်ခဲ့ပြီး တကယ့် လင်ဂတ်အစစ်ကိုပြန်ရှာဖွေခဲ့ပါတယ်။ အခုတော့ အရင်လိုပုံမှန်ပြန်ဖြစ်သွားပြီး ဘောလုံးကစားဖို့၊ ပြီးတော့ အမေ့အတွက် ကူညီဖို့ပဲစိတ်ရှိပါတော့တယ်။ အခြားအရာတွေအတွက် အချိန်မပေးမိတော့ပါဘူး ” လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးေလာက ကိုလက္ျပႏႈတ္ဆက္ဖို႔ စဥ္းစားခဲ့ဖူးတဲ့ လင္ဂတ္

ယူႏိုက္တက္ကို ေခတၱခဏစြန႔္ခြာၿပီး ဝက္စ္ဟမ္းအသင္းဆီကို ေရာက္ရွိေနတဲ့ လင္ဂတ္ဟာ ေနာက္တစ္ႀကိမ္ ျပန္လည္ေတာက္ပခြင့္ရရွိခဲ့ပါတယ္။ လင္ဂတ္ဟာ ဝက္စ္ဟမ္းဆီကို အငွားမေျပာင္းေ႐ြ႕ခင္တုန္းက ေဘာလုံးေလာက ကေနထြက္ခြာဖို႔ စဥ္းစားခဲ့ဖူးတယ္လို႔ ဝန္ခံ ေျပာဆိုလာပါတယ္။

လင္ဂတ္က “ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ မတ္လမွာ ပထမဆုံး ေလာ့ေဒါင္း ခ်တုန္းက ကြၽန္ေတာ့္အေနနဲ႔ ေဘာလုံးေလာကကေန ထြက္ခြာ သြားႏိုင္ပါတယ္။ ဘာကိုမွ အလိုမရွိသလိုျဖစ္ခဲ့ကာ ဘာမွမလုပ္ခ်င္ခဲ့ဘဲ အားလုံးကို အရႈံးေပးခ်င္လာပါတယ္။”

“ဒါေပမယ့္ အဲဒီဆိုး႐ြားတဲ့ စိတ္ဓာတ္ကို ျပန္လည္တိုက္ခိုက္ အႏိုင္ယူခ်င္စိတ္ ျဖစ္ခဲ့ပါတယ္။
ကြၽန္ေတာ္ ေဘာလုံးေလာကကေနေတာ့ မထြက္ခြာခဲ့ဘဲ ခဏတျဖဳတ္ေလာက္ ရပ္နားသြားခဲ့သလိုေတာ့ျဖစ္ခဲ့ပါတယ္”

“ယူႏိုက္တက္ ပြဲစဥ္ေတြမွာ ကြၽန္ေတာ္ဟာ အရန္ခုံမွာပဲရွိေနခဲ့ပါတယ္။ တကယ္ကအဲ ဒါဟာ ကြၽန္ေတာ့္ရဲ႕ပုံစံမဟုတ္ပါဘူး။ဝက္စ္ဟမ္းဆီမေျပာင္းခင္တုန္းက ကြၽန္ေတာ့္ရဲ႕စိတ္ကေဘာလုံးေပၚမွာ မရွိသလို၊ အားလုံးကို လည္း အာ႐ုံမစိုက္ထားႏိုင္ပါဘူး။ အျခားအေၾကာင္းေတြကိုသာစဥ္းစား ေတြးေတာ ေနမိပါတယ္”

“ပြဲေတြရွိတဲ့အခ်ိဳ႕ရက္ေတြမွာဆိုရင္ ည ၈ နာရီမွာ ဟိုတယ္ကိုသြားတယ္။ မနက္ ၂ နာရီကေန ၄ နာရီမတိုင္ခင္အထိ အိပ္ၿပီး အေမွာင္ထဲမွာေနတယ္။ အခန္းလိုက္ကာေတြကို ပိတ္ထားခဲ့ပါတယ္။ အေမွာင္ထဲမွာပဲ ႏိုးခဲ့ပါတယ္ ”

“ ေနာက္ဆုံး ဆရာဝန္ဆီကေန အႀကံဉာဏ္ယူခဲ့ရပါတယ္။ အဲဒီအခ်ိန္တုန္းက ကိုယ့္ကိုယ္ကို လင္ဂတ္မဟုတ္ဘူးလို႔ေတာင္ ခံစားမိပါတယ္။ပါဝင္ရတဲ့ ေဘာလုံးပြဲေတြမွာ ေဘာလုံး ကြၽန္ေတာ့္ကိုေပးေနရင္ေတာင္ ကြၽန္ေတာ္က အဲဒီမွာ မရွိဘူးလို႔ေတာင္ခံစားမိပါတယ္။ ကြၽန္ေတာ္ခံစားခဲ့ရတဲ့ စိတ္ဖိစီးမႈျပႆနာေတြကို ယူႏိုက္တက္အသင္းဆီကို ေျပာျပျဖစ္ခဲ့ပါတယ္။ သူတို႔ေတြကလည္း ကူညီဖို႔အတြက္ အၿမဲ အသင့္ရွိေနခဲ့ပါတယ္”

“အဲဒီေနာက္ ကြၽန္ေတာ္ကစားခဲ့တဲ့ အရင္က ပြဲေတြ၊ ကမာၻ႔ဖလားပြဲေတြကို ျပန္ၾကည့္ခဲ့ၿပီး တကယ့္ လင္ဂတ္အစစ္ကိုျပန္ရွာေဖြခဲ့ပါတယ္။ အခုေတာ့ အရင္လိုပုံမွန္ျပန္ျဖစ္သြားၿပီး ေဘာလုံးကစားဖို႔၊ ၿပီးေတာ့ အေမ့အတြက္ ကူညီဖို႔ပဲစိတ္ရွိပါေတာ့တယ္။ အျခားအရာေတြအတြက္ အခ်ိန္မေပးမိေတာ့ပါဘူး ” လို႔ ေျပာပါတယ္။