ဘောလုံးလောကရဲ့ အဝေးမှာ မယုံကြည်နိုင်စရာကောင်းတဲ့ဘဝနဲ့ ရှင်သန်နေတဲ့ ယူနိုက်တက် ဂိုးသမားဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ ပြင်သစ်လက်ရွေးစဉ်ဂိုးသမားဟောင်းဖေဘီယန်ဘားသက်ဇ်ကို မှတ်မိကြပါသေးလား။

၁၉၉၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ပြင်သစ်အသင်းမှာ ပွဲမကစားခင်မှာ နောက်ခံလူ လောရန့်ဘလန့်ကပြင်သစ်အသင်းကံကောင်းစေဖို့ ဘားသက်ဇ်ရဲ့ ခေါင်းကို နမ်းပေးတဲ့”kiss of luck” အပြုအမူဟာလည်း တစ်ခေတ်တစ်ခါတုန်းကတော့ အတော်ကိုထူးခြားတဲ့အလေ့အထဖြစ်ခဲ့ပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလားကို ပြင်သစ်နှင့်အတူ ဆွတ်ခူးနိုင်ခဲ့တဲ့ ဘားသက်ဇ်ဟာ ၂၀၀၀ ခုနှစ်အရောက်မှာ မိုနာကိုအသင်းကနေ ယူနိုက်တက်အသင်း ကို ရောက်လာခဲ့ပြီး အသင်းရဲ့ ဂန္တဝင်ကစားသမား ပီတာရှန်မိုက်ကယ်ရဲ့နေရာကိုဆက်ခံခဲ့ပါတယ်။

သူဟာ ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ (၃)ရာသီအကြာမှာ ဘားသက်ဇ်ရဲ့ လက်စွမ်းတွေဟာလည်း ကျဆင်းလာခဲ့တဲ့နောက် သူ့ကို မာဆေးအသင်းဆီကို တစ်နှစ်အငှားချခဲ့ပါတယ်။

နောက်ရာသီမှာတော့ ယူနိုက်တက်အသင်းနဲ့သူက အပြီးလမ်းခွဲခဲ့ကြပါတယ်။

နောက်ပိုင်း သူ့ရဲ့ ကစားသမားဘဝ နှစ်တွေမှာလည်း ပြင်သစ် ကလပ်တွေမှာသာကျင်လည်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ ဘောလုံးလောကကနေ အပြီးအနားယူခဲ့ပါတယ်။

သူဟာဘောလုံးလောက ကနေအနားယူပြီးနောက်ပိုင်းမှာ သူစိတ်ဝင်စားတဲ့ နောက်ထပ် ဘဝ တစ်ခုကို ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။

ကမ္ဘာ့ဖလား ဆုရရှိခဲ့တဲ့ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ရဲ့ နောက်ထပ် ဝါသနာက ဘောလုံးလောကရဲ့ ပြင်ပမှာဖြစ်နေတာက အံသြစရာပါပဲ။

ဘားသက်ဇ်ဟာ ယူနိုက်တက်အသင်းမှာ ဂန္တဝင်ကစားသမားတစ်ယောက်မဖြစ်ခဲ့ပေမယ့် ထူးခြားတဲ့သူတစ်ယောက်ပါ။

သူဟာ ဘောလုံးလောက ကနေအနားယူသွားခဲ့ပြီး နောက်ထပ်ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘဝတစ်ခုမှ ရှင်သန်နေတဲ့သူလည်းဖြစ်ပါတယ်။

ဘားသက်ဇ်ဟာဘောလုံးကစားသမားဘဝကနေအနားယူပြီးတဲ့နောက်မှာ ပရော်ဖက်ရှင်နယ်ကားမောင်းပြိုင်သမား၊ ပြိုင်ကားအသင်းပိုင်ရှင်တို့အဖြစ်ကျင်လည်နေပါတယ်။

သူဟာ အခုအချိန်မှာလည်း ကမ္ဘာကျော် Le Mans 24 Hour Race ကို စတုတ္ထအကြိမ်မြောက်အဖြစ်ပါဝင်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။

ဘောလုံးလောကကနေအနားယူပြီးတစ်နှစ်အကြာ ၂၀၀၈ခုနှစ်မှာ ဘားသက်ဇ်ဟာ Porsche Carrera Cup France ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမားဘဝကိုစတင်ခဲ့တာဖြစ်ပြီး၂၀၁၃ခုနှစ်မှာ France GT ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ဘားသက်ဇ်ဟာ ဖော်မြူလာဝမ်းကားမောင်းသမားဟောင်းအိုလီဗာပါနစ်နှင့်ပူးပေါင်းကာ ပြိုင်ကားအသင်းတစ်သင်းကိုလည်း တည်ထောင်ထားပါသေးတယ်။

ပါနစ်ဟာလည်း၁၉၉၆ခုနှစ်တုန်းက Monaco Grand Prix ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိလာပြီဖြစ်တဲ့ ဘားသက်ဇ်ကတော့ သူဟာဘောလုံးကစားစဉ်ကတည်းက ကားမောင်းပြိုင်ပွဲတွေကို ချစ်မြတ်နိုးလာခဲ့သူဖြစ်ကြောင်းလည်း မီဒီယာတွေရှေ့မှာ ပြောကြားခဲ့ပါတယ်။

ဘားသက်ဇ်က “ကျွန်တော်ဘောလုံးကစားနေတယ်ဆိုပေမယ့်လည်းကားမောင်းပြိုင်ပွဲကိုအရမ်းစွဲလန်းခဲ့တာပါ။ အရမ်းလည်းစိတ်ဝင်စားခဲ့တယ်။

ဘောလုံးလောကမှာ ဂိုးဖမ်းနေတဲ့အချိန်ကတည်းက ကိုယ့်ကိုယ် အရှိန်နဲ့သွားနေတဲ့ ကားတစ်စီးလို ခံစားချင်ခဲ့တာဗျ”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာလံုးေလာကရဲ႕ အေဝးမွာ မယုံၾကည္ႏိုင္စရာေကာင္းတဲ့ဘဝနဲ႕ ရွင္သန္ေနတဲ့ ယူႏိုက္တက္ ဂိုးသမားေဟာင္း

ယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္လက္ေရြးစဥ္ဂိုးသမားေဟာင္းေဖဘီယန္ဘားသက္ဇ္ကို မွတ္မိၾကပါေသးလား။ ၁၉၉၈ကမၻာ့ဖလားဆြတ္ခူးခဲ့တဲ့ ျပင္သစ္အသင္းမွာ ပြဲမကစားခင္မွာ ေနာက္ခံလူ ေလာရန္႕ဘလန္႕ကျပင္သစ္အသင္းကံေကာင္းေစဖို႕ ဘားသက္ဇ္ရဲ႕ ေခါင္းကို နမ္းေပးတဲ့”kiss of luck” အျပဳအမူဟာလည္း တစ္ေခတ္တစ္ခါတုန္းကေတာ့ အေတာ္ကိုထူးျခားတဲ့အေလ့အထျဖစ္ခဲ့ပါတယ္။

၁၉၉၈ ကမၻာ့ဖလားကို ျပင္သစ္ႏွင့္အတူ ဆြတ္ခူးႏိုင္ခဲ့တဲ့ ဘားသက္ဇ္ဟာ ၂၀၀၀ခုႏွစ္အေရာက္မွာ မိုနာကိုအသင္းကေန ယူႏိုက္တက္အသင္း ကို ေရာက္လာခဲ့ၿပီး အသင္းရဲ႕ ဂႏၱဝင္ကစားသမား ပီတာရွန္မိုက္ကယ္ရဲ႕ေနရာကိုဆက္ခံခဲ့ပါတယ္။

သူဟာ ဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္မွာ အမွတ္ေပးခ်န္ပီယံဆု ႏွစ္ၾကိမ္ရရွိခဲ့သူလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းနဲ႔ (၃)ရာသီအၾကာမွာ ဘားသက္ဇ္ရဲ႕ လက္စြမ္းေတြဟာလည္း က်ဆင္းလာခဲ့တဲ့ေနာက္ သူ႕ကို မာေဆးအသင္းဆီကို တစ္ႏွစ္အငွားခ်ခဲ့ပါတယ္။

ေနာက္ရာသီမွာေတာ့ ယူႏိုက္တက္အသင္းနဲ႕သူက အၿပီးလမ္းခြဲခဲ့ၾကပါတယ္။ ေနာက္ပိုင္း သူ႕ရဲ႕ ကစားသမားဘဝ ႏွစ္ေတြမွာလည္း ျပင္သစ္ ကလပ္ေတြမွာသာက်င္လည္ခဲ့ၿပီး ၂၀၀၇ ခုႏွစ္မွာေတာ့ ေဘာလံုးေလာကကေန အၿပီးအနားယူခဲ့ပါတယ္။

သူဟာေဘာလုံးေလာက ကေနအနားယူၿပီးေနာက္ပိုင္းမွာ သူစိတ္ဝင္စားတဲ့ ေနာက္ထပ္ ဘဝ တစ္ခုကို ရွာေဖြေတြ႕ရွိလာခဲ့ပါတယ္။ ကမၻာ့ဖလား ဆုရရွိခဲ့တဲ့ အသင္းရဲ႕အဓိက ကစားသမားတစ္ေယာက္ရဲ႕ ေနာက္ထပ္ ဝါသနာက ေဘာလံုးေလာကရဲ႕ ျပင္ပမွာျဖစ္ေနတာက အံၾသစရာပါပဲ။

ဘားသက္ဇ္ဟာ ယူႏိုက္တက္အသင္းမွာ ဂႏၱဝင္ကစားသမားတစ္ေယာက္မျဖစ္ခဲ့ေပမယ့္ ထူးျခားတဲ့သူတစ္ေယာက္ပါ။ သူဟာ ေဘာလံုးေလာက ကေနအနားယူသြားခဲ့ၿပီး ေနာက္ထပ္ျပိဳင္ဆိုင္မႈ ျပင္ထန္တဲ့ ဘဝတစ္ခုမွ ရွင္သန္ေနတဲ့သူလည္းျဖစ္ပါတယ္။

ဘားသက္ဇ္ဟာေဘာလုံးကစားသမားဘဝကေနအနားယူၿပီးတဲ့ေနာက္မွာ ပေရာ္ဖက္ရွင္နယ္ကားေမာင္းၿပိဳင္သမား၊ ျပိဳင္ကားအသင္းပိုင္ရွင္တို႔အျဖစ္က်င္လည္ေနပါတယ္။ သူဟာ အခုအခ်ိန္မွာလည္း ကမၻာေက်ာ္ Le Mans 24 Hour Race ကို စတုတၳအႀကိမ္ေျမာက္အျဖစ္ပါဝင္ယွဥ္ၿပိဳင္ဖို႔ျပင္ဆင္ေနပါတယ္။

ေဘာလံုးေလာကကေနအနားယူၿပီးတစ္ႏွစ္အၾကာ ၂၀၀၈ခုႏွစ္မွာ ဘားသက္ဇ္ဟာ Porsche Carrera Cup France ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီးပေရာ္ဖက္ရွင္နယ္ ၿပိဳင္ကားေမာင္းသမားဘဝကိုစတင္ခဲ့တာျဖစ္ၿပီး၂၀၁၃ခုႏွစ္မွာ France GT ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။

ဘားသက္ဇ္ဟာ ေဖာ္ျမဴလာဝမ္းကားေမာင္းသမားေဟာင္းအိုလီဗာပါနစ္ႏွင့္ပူးေပါင္းကာၿပိဳင္ကားအသင္းတစ္သင္းကိုလည္းတည္ေထာင္ထားပါေသးတယ္။ ပါနစ္ဟာလည္း၁၉၉၆ခုႏွစ္တုန္းက Monaco Grand Prix ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၄၉ႏွစ္ရွိလာၿပီျဖစ္တဲ့ ဘားသက္ဇ္ကေတာ့ သူဟာေဘာလံုးကစားစဥ္ကတည္းက ကားေမာင္းၿပိဳင္ပြဲေတြကို ခ်စ္ျမတ္ႏိုးလာခဲ့သူျဖစ္ေၾကာင္း လည္း မီဒီယာေတြေရွ႕မွာ ေျပာၾကားခဲ့ပါတယ္။

ဘားသက္ဇ္က “ကြၽန္ေတာ္ေဘာလုံးကစားေနတယ္ဆိုေပမယ့္လည္းကားေမာင္းၿပိဳင္ပြဲကိုအရမ္းစြဲလန္းခဲ့တာပါ။ အရမ္းလည္းစိတ္ဝင္စားခဲ့တယ္။ ေဘာလံုးေလာကမွာ ဂိုးဖမ္းေနတဲ့အခ်ိန္ကတည္းက ကိုယ့္ကိုယ္ အရွိန္နဲ႕သြားေနတဲ့ ကားတစ္စီးလို ခံစားခ်င္ခဲ့တာဗ်”လို႔ေျပာၾကားခဲ့ပါတယ္။