
Photo Credit
Photo Credit
ဘောလုံးအားကစားနည်းဆိုတာ ကမ္ဘာပေါ်မှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးအားကစားနည်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားသမားတွေရဲ့ဝင်ငွေက အားကျချင်စရာကောင်းလောက်အောင် များပြားပါတယ်။ ကစားသမားအများစုက ဝင်ငွေမြင့်မားတာနဲ့အတူ တန်ဖိုးကြီးစံအိမ်တွေ ဝယ်ယူလေ့ရှိသလို တခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။ ဒါ့အပြင် ဘောလုံးသမားတွေဟာ အလှူအတန်းရက်ရောမှုမှာလည်း ရှေ့ကနေ ဦးဆောင်လမ်းပြနေသူတွေဖြစ်ပြီး သူတို့ရဲ့နာမည်ကျော်ကြားမှုနဲ့အတူ တခြားလူတွေပါ လိုက်လုပ်ချင်လာအောင်ရော၊ သူတို့ရဲ့အတွင်းခံစိတ်အရပါ အများစုမှာ လှူဒါန်းလေ့ရှိပါတယ်။
Photo Credit
ဘက်ခမ်းဆိုတာ ဖက်ရှင်အိုင်ကွန်တစ်ဦးဆိုတာထက် ပိုပါတယ်
အင်္ဂလိပ်ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်သလို အလှူအတန်းအရက်ရောဆုံးကစားသမားတစ်ဦးအဖြစ်လည်း ထင်ရှားကျော်ကြားပါတယ်။ သူဟာ UNICEF နဲ့ Help For Heroes တို့အတွက် သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေသလို Malaria No More နဲ့ Victoria and David Beckham Charitable Trust အဖွဲ့အစည်းတွေအတွက်လည်း ကိုယ်စားပြုဆောင်ရွက်နေပါတယ်။ Victoria and David Beckham Charitable Trust က ကလေးတွေအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်ဖို့အတွက် ရန်ပုံငွေအဓိကရှာဖွေတဲ့အဖွဲ့ဖြစ်သလို တခြားလူမှုအဖွဲ့အစည်းတွေ၊ မသန်စွမ်းတွေအတွက်လည်း ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဘက်ခမ်းဟာ အခုချိန်အထိလည်း ကမ္ဘာလောကကြီး ဒီထက်ပိုမိုကောင်းမွန်လာစေရေးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သမျှ ငွေအား၊ လူအားပါဝင်ကူညီပေးလေ့ရှိပါတယ်။
Photo Credit
နူးညံ့တဲ့နှလုံးသားပိုင်ရှင် ဂျာမိန်းဒီဖိုး
လက်ရှိရိန်းဂျားစ်အသင်းတိုက်စစ်မှူး ဂျာမိန်းဒီဖိုး ဘယ်လောက်လှူတယ်၊ ဘယ်နေရာကိုလှူတယ် စသဖြင့် အဲဒီအချက်အလက်တွေကို သိပ်မသိကြပေမယ့် ပရိသတ်တွေကတော့ နူးညံ့တဲ့နှလုံးသားပိုင်ရှင်အဖြစ် သူ့ကို သတ်မှတ်ထားပါတယ်။ သူဟာ ဆန်းဒါးလန်းအသင်းမှာ ကစားနေတုန်းက ဆန်းဒါးလန်းကလေးပရိသတ်တစ်ဦး ကင်ဆာရောဂါခံစားနေတယ်လို့ သိသွားခဲ့ပြီး ဘရက်ဒလေလော်ရေးလို့ အမည်ရတဲ့အဲဒီကလေးလေးကို သွားတွေ့ကာ အသင်းရဲ့လာက်ကောင်ရုပ်လေးအဖြစ် ကွင်းထဲအထိ ခေါ်ဆောင်လာခဲ့ပါတယ်။ လော်ရေးတစ်ယောက် ကင်ဆာရောဂါကို အရှုံးပေးသွားခဲ့ရပြီးနောက် ဒီဖိုးလည်း ညာဘက်လက်မောင်းမှာ အဲဒီကလေးလေးရဲ့နာမည်ကို တက်တူးရေးထိုးကာ ဂုဏ်ပြုခဲ့ပါတယ်။
Photo Credit ; Getty Images
အလှူအတန်းတွေကို မြတ်နိုးတဲ့မက်ဆီ
ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ UNICEF ရဲ့တစ်ကမ္ဘာလုံးဆိုင်ရာသံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။ သူဟာ အဲဒီအဖွဲ့နဲ့အတူ လက်တွဲဆောာင်ရွက်ရင်း အင်ဒိုနီးရှား၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ပညာရေးစနစ်ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ကူညီနိုင်ခဲ့ပါတယ်။ ဒီလို UNICEF နဲ့ လက်တွဲလုပ်ဆောင်နေတဲ့အပြင် သူ့မွေးရပ်မြေအာဂျင်တီးနားနိုင်ငံမှာလည်း လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် အများပြည်သူနဲ့သက်ဆိုင်တဲ့ပရောဂျက်လုပ်ငန်းတွေမှာ အများအပြားလှူဒါန်းလေ့ရှိသလို အာဂျင်တီးနားနိုင်ငံမှာ လိုအပ်ချက်များနေတဲ့ ဆေးရုံပါ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
Photo Credit
ကလေးတွေအတွက် ကနူးရဲ့အလှူဒါန
အာဆင်နယ်နဲ့ ပို့စ်မောက်အသင်းတိုက်စစ်မှူးဟောင်း ကနူးဟာ မွေးရပ်မြေ နိုင်ဂျီးရီးယားနိုင်ငံမှာ ကလေးတွေနဲ့ပတ်သက်လို့ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပါတယ်။ အဲဒီဖောင်ဒေးရှင်းက နှလုံးရောဂါခံစားနေရတဲ့ ကလေးတွေကို အခမဲ့ကုသပေးနေတာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ အဲဒီဖောင်ဒေးရှင်းစတင်တည်ထောင်ခဲ့ပြီးနောက် ကလေးငယ်ပေါင်း ၅၀၀ ကျော်ကို နှလုံးရောဂါခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဘဝရှင်သန်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
Photo Credit
အိုဇေးလ်လည်း အလှူဒါနစိတ်ရှိသူပါ
အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် ဘယ်သူမှမထင်မှတ်ထားတာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ ပြိုင်ပွဲတစ်ခုလုံးမှာ ရရှိခဲ့တဲ့ဆုကြေးအားလုံး (ပေါင် ၂၃၇၀၀၀)ကို ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးနိုင်ငံရှိ လူမှုအဖွဲ့အစည်းတွေဆီ လှူဒါန်းခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကလည်း ကလေးငယ်တွေအတွက် လိုအပ်နေတဲ့ဆေးဝါးတွေ ဝယ်ယူရာမှာ အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း အိုဇေးလ်ဟာ My Shining Star လူမှုအဖွဲ့အစည်းနဲ့အတူ လက်တွဲလုပ်ဆောင်ပြီး ကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်တွေ သူတို့ရဲ့အိပ်မက်တွေ ဆက်လက်အကောင်အထည်ဖော်နိုင်စေဖို့ အကူအညီပေးခဲ့ပါတယ်။ ကင်ဆာရောဂါသည်ကလေးလေးတစ်ယောက်ကိုတောင် ဆန်းဒါးလန်းနဲ့ပွဲမှာ အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့ပါသေးတယ်။
Photo Credit
ငွေထုတ်စက်ရော်နယ်ဒိုလည်း သဒ္ဒါစိတ်ပြည့်ဝသူပါ
လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ရော်နယ်ဒိုလောက် လှူဒါန်းသူ ကစားသမားအနည်းငယ်လောက်ပဲရှိမှာပါ။ သူဟာ ဒေါ်လာ ၁၀၈ သန်းလောက်တန်ကြေးရှိပေမယ့် သူ့နှလုံးသားက အဲဒီပမာဏထက် အများကြီးပိုတန်ဖိုးရှိပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်မှာ သူရရှိခဲ့တဲ့ ဥရောပရွှေဖိနပ်ဆုကို လေလံတင်ခဲ့ပြီး ရရှိလာတဲ့ ယူရို ၁.၅သန်းကို စစ်ဘေးဒဏ်သင့် ဂါဇာဒေသမှာ ကျောင်းဆောက်လှူဒါန်းခဲ့ပါတယ်။ ရော်နယ်ဒိုဟာ Save the Children လို အဖွဲ့အစည်းမှာလည်း သံတမန်အဖြစ် ဆောင်ရွက်နေပြီး အဲဒီအဖွဲ့ကနေတစ်ဆင့် ၂၀၁၅ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ နီပေါငလျင်ဒဏ်အတွက် ငွေကြေးအများအပြား လှူဒါန်းခဲ့ပါတယ်။
Photo Credit
ဂါနာအတွက် လှူဒါန်းနေတဲ့ အက်ဆီယန်
ကွင်းလယ်မှာ မမောမပန်းကစားနိုင်ခဲ့သူအဖြစ် ထင်ရှားကျော်ကြားခဲ့တဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ်အက်ဆီယန်ကလည်း ချဲလ်ဆီးအသင်းနဲ့အတူ သူ့ရဲ့နာမည်ကို အကောင်းဆုံးတည်ဆောက်နိုင်ခဲ့သူပါ။ ကွင်းပြင်ပမှာတော့ သူက နှလုံးသားလှသူဖြစ်ပြီး မွေးရပ်မြေဂါနာနိုင်ငံမှာ အလှူအတန်းတွေ ပုံမှန်လုပ်လေ့ရှိပါတယ်။ သူဟာ မိုက်ကယ်အက်ဆီယန်ဖောင်ဒေးရှင်းတည်ထောင်ပြီး ဂါနာနိုင်ငံမှာ ပညာရေးတိုးတက်စေရေးအတွက် စာကြည့်တိုက်တွေအများအပြားတည်ထောင်ခဲ့ပြီး အများပြည်သူနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေကိုလည်း တစ်ပိုင်တစ်နိုင်ကူညီခဲ့ပါတယ်။ အထူးသဖြင့် အက်ဆီယန်ဟာ ဂါနာမှာ သန့်ရှင်းတဲ့သောက်ရေရရှိရေးအတွက် ဦးစားပေးလှူဒါန်းနေပါတယ်။
Photo Credit
ပြည်တွင်းစစ်ကို ရပ်တန့်စေနိုင်ခဲ့သူက ဒရော့ဘာ
ဒရော့ဘာဟာ အိုင်ဗရီကို့စ်ပြည်တွင်းမှာ ကာလရှည်ဖြစ်ပွားနေတဲ့စစ်ပွဲ ရပ်တန့်အောင် ဦးဆောင်စည်းရုံးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း လက်ရွေးစင်အသင်းကို အပြည့်အဝအားပေးဖို့အတွက် လက်နက်တွေဘေးချပြီး စည်းလုံးညီညွတ်စွာအားပေးဖို့ စစ်ဖြစ်နေသူတွေကို တောင်းဆိုခဲ့ပါတယ်။ အစိုးရနဲ့ တော်လှန်ရေးသမားတွေလည်း ဒရော့ဘာရဲ့တိုက်တွန်းမှုကို လက်သင့်ခံကာ စစ်ပွဲကို ရပ်တန့်ခဲ့ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်ကလည်း ဒရော့ဘာဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီး အာဖရိကတိုက်မှာ အဓိကဒုက္ခပေးနေတဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီနိုင်ခဲ့ပါတယ်။
Photo Credit ; Getty Images
သန့်ရှင်းတဲ့သောက်ရေရဖို့ လှူဒါန်းခဲ့သူ နေမာ
နေမာဟာ ကမ္ဘာ့ဘောလုံးလောကမှာ တတိယမြောက်ဝင်ငွေအများဆုံးကစားသမားဖြစ်ပြီး တခြားကစားသမားအများစုလိုပဲ သူလည်း အလှူဒါနလက်မနှေးသူဖြစ်ပါတယ်။ သူဟာ တခြားအဖွဲ့အစည်းတွေကို တတ်နိုင်သလောက်ငွေကြေးလှူဒါန်းလေ့ရှိသလို Waves for Water အဖွဲ့အစည်းကိုလည်း ကိုယ်တိုင်တည်ထောင်ထားပါတယ်။ အဲဒီအဖွဲ့အစည်းက ဘရာဇီးနိုင်ငံတစ်ဝှမ်း သန့်ရှင်းတဲ့သောက်ရေရရှိရေးအတွက် အဓိကထားဆောင်ရွက်နေပြီး ရန်ပုံငွေပိုမိုရရှိအောင် ဘောလုံးပွဲတွေ ကျင်းပလေ့ရှိပါတယ်။
Photo Credit
Zawgyi
ေဘာလုံးေလာကရဲ႕ထင္ရွားေက်ာ္ၾကားအလွဴရွင္မ်ား
ေဘာလုံးအားကစားနည္းဆိုတာ ကမၻာေပၚမွာ ပရိသတ္စိတ္၀င္စားမႈအမ်ားဆုံးအားကစားနည္းျဖစ္ၿပီး ဥေရာပထိပ္တန္းလိဂ္ေတြမွာ ကစားသမားေတြရဲ႕၀င္ေငြက အားက်ခ်င္စရာေကာင္းေလာက္ေအာင္ မ်ားျပားပါတယ္။ ကစားသမားအမ်ားစုက ၀င္ေငြျမင့္မားတာနဲ႔အတူ တန္ဖိုးႀကီးစံအိမ္ေတြ ၀ယ္ယူေလ့ရွိသလုိ တျခားစီးပြားေရးလုပ္ငန္းေတြမွာလည္း ရင္းႏွီးျမႇဳပ္ႏွံေလ့ရွိပါတယ္။ ဒါ့အျပင္ ေဘာလုံးသမားေတြဟာ အလွဴအတန္းရက္ေရာမႈမွာလည္း ေရွ႕ကေန ဦးေဆာင္လမ္းျပေနသူေတြျဖစ္ၿပီး သူတုိ႔ရဲ႕နာမည္ေက်ာ္ၾကားမႈနဲ႔အတူ တျခားလူေတြပါ လိုက္လုပ္ခ်င္လာေအာင္ေရာ၊ သူတုိ႔ရဲ႕အတြင္းခံစိတ္အရပါ အမ်ားစုမွာ လွဴဒါန္းေလ့ရွိပါတယ္။
ဘက္ခမ္းဆိုတာ ဖက္ရွင္အုိင္ကြန္တစ္ဦးဆုိတာထက္ ပိုပါတယ္
အဂၤလိပ္ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးကစားသမားတစ္ဦးျဖစ္သလုိ အလွဴအတန္းအရက္ေရာဆုံးကစားသမားတစ္ဦးအျဖစ္လည္း ထင္ရွားေက်ာ္ၾကားပါတယ္။ သူဟာ UNICEF နဲ႔ Help For Heroes တို႔အတြက္ သံတမန္တစ္ဦးအျဖစ္ ေဆာင္ရြက္ေနသလို Malaria No More နဲ႔ Victoria and David Beckham Charitable Trust အဖြဲ႕အစည္းေတြအတြက္လည္း ကိုယ္စားျပဳေဆာင္ရြက္ေနပါတယ္။ Victoria and David Beckham Charitable Trust က ကေလးေတြအတြက္ လုိအပ္တာေတြ ေထာက္ပံ့ေပးႏိုင္ဖို႔အတြက္ ရန္ပုံေငြအဓိကရွာေဖြတ့ဲအဖြဲ႕ျဖစ္သလုိ တျခားလူမႈအဖြဲ႕အစည္းေတြ၊ မသန္စြမ္းေတြအတြက္လည္း ေထာက္ပံ့ေပးေနတဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။ ဘက္ခမ္းဟာ အခုခ်ိန္အထိလည္း ကမၻာေလာကႀကီး ဒီထက္ပိုမိုေကာင္းမြန္လာေစေရးအတြက္ သူတတ္ႏိုင္တဲ့ဘက္ကေန တတ္ႏိုင္သမွ် ေငြအား၊ လူအားပါ၀င္ကူညီေပးေလ့ရွိပါတယ္။
ႏူးည့ံတဲ့ႏွလုံးသားပိုင္ရွင္ ဂ်ာမိန္းဒီဖိုး
လက္ရွိရိန္းဂ်ားစ္အသင္းတုိက္စစ္မွဴး ဂ်ာမိန္းဒီဖိုး ဘယ္ေလာက္လွဴတယ္၊ ဘယ္ေနရာကိုလွဴတယ္ စသျဖင့္ အဲဒီအခ်က္အလက္ေတြကို သိပ္မသိၾကေပမယ့္ ပရိသတ္ေတြကေတာ့ ႏူးညံ့တ့ဲႏွလုံးသားပိုင္ရွင္အျဖစ္ သူ႕ကို သတ္မွတ္ထားပါတယ္။ သူဟာ ဆန္းဒါးလန္းအသင္းမွာ ကစားေနတုန္းက ဆန္းဒါးလန္းကေလးပရိသတ္တစ္ဦး ကင္ဆာေရာဂါခံစားေနတယ္လုိ႔ သိသြားခဲ့ၿပီး ဘရက္ဒေလေလာ္ေရးလုိ႔ အမည္ရတ့ဲအဲဒီကေလးေလးကို သြားေတြ႕ကာ အသင္းရဲ႕လာက္ေကာင္႐ုပ္ေလးအျဖစ္ ကြင္းထဲအထိ ေခၚေဆာင္လာခဲ့ပါတယ္။ ေလာ္ေရးတစ္ေယာက္ ကင္ဆာေရာဂါကို အ႐ံႈးေပးသြားခဲ့ရၿပီးေနာက္ ဒီဖုိးလည္း ညာဘက္လက္ေမာင္းမွာ အဲဒီကေလးေလးရဲ႕နာမည္ကို တက္တူးေရးထုိးကာ ဂုဏ္ျပဳခဲ့ပါတယ္။
အလွဴအတန္းေတြကို ျမတ္ႏိုးတဲ့မက္ဆီ
ကမၻာ့အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ဘာစီလုိနာတုိက္စစ္မွဴး မက္ဆီဟာ UNICEF ရဲ႕တစ္ကမၻာလုံးဆုိင္ရာသံတမန္တစ္ဦးအျဖစ္ ေဆာင္ရြက္ေနပါတယ္။ သူဟာ အဲဒီအဖြဲ႕နဲ႔အတူ လက္တြဲေဆာာင္ရြက္ရင္း အင္ဒိုနီးရွား၊ နီေပါနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြမွာ ပညာေရးစနစ္ပိုမိုတုိးတက္ေကာင္းမြန္လာေစဖုိ႔ ကူညီႏိုင္ခဲ့ပါတယ္။ ဒီလုိ UNICEF နဲ႔ လက္တဲြလုပ္ေဆာင္ေနတဲ့အျပင္ သူ႕ေမြးရပ္ေျမအာဂ်င္တီးနားႏိုင္ငံမွာလည္း လူမႈအက်ိဳးျပဳလုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္။ အထူးသျဖင့္ အမ်ားျပည္သူနဲ႔သက္ဆုိင္တဲ့ပေရာဂ်က္လုပ္ငန္းေတြမွာ အမ်ားအျပားလွဴဒါန္းေလ့ရွိသလုိ အာဂ်င္တီးနားႏိုင္ငံမွာ လိုအပ္ခ်က္မ်ားေနတဲ့ ေဆး႐ုံပါ ေဆာက္လုပ္လွဴဒါန္းခဲ့ပါတယ္။
ကေလးေတြအတြက္ ကႏူးရဲ႕အလွဴဒါန
အာဆင္နယ္နဲ႔ ပို႔စ္ေမာက္အသင္းတုိက္စစ္မွဴးေဟာင္း ကႏူးဟာ ေမြးရပ္ေျမ ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ကေလးေတြနဲ႔ပတ္သက္လုိ႔ ေဖာင္ေဒးရွင္းတစ္ခုတည္ေထာင္ထားပါတယ္။ အဲဒီေဖာင္ေဒးရွင္းက ႏွလုံးေရာဂါခံစားေနရတဲ့ ကေလးေတြကို အခမဲ့ကုသေပးေနတာျဖစ္ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ အဲဒီေဖာင္ေဒးရွင္းစတင္တည္ေထာင္ခဲ့ၿပီးေနာက္ ကေလးငယ္ေပါင္း ၅၀၀ ေက်ာ္ကို ႏွလုံးေရာဂါခြဲစိတ္ကုသမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ဘ၀ရွင္သန္ခြင့္ရရွိေအာင္ ကူညီေပးႏုိင္ခဲ့ပါတယ္။
အုိေဇးလ္လည္း အလွဴဒါနစိတ္ရွိသူပါ
အာဆင္နယ္အသင္းကြင္းလယ္လူ အိုေဇးလ္ဟာ ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဂ်ာမနီအသင္း ဗိုလ္စြဲႏိုင္ခဲ့ၿပီးေနာက္ ဘယ္သူမွမထင္မွတ္ထားတာ လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒါကေတာ့ ၿပိဳင္ပြဲတစ္ခုလုံးမွာ ရရွိခဲ့တဲ့ဆုေၾကးအားလုံး (ေပါင္ ၂၃၇၀၀၀)ကို ကမၻာ့ဖလားအိမ္ရွင္ ဘရာဇီးႏိုင္ငံရွိ လူမႈအဖြဲ႕အစည္းေတြဆီ လွဴဒါန္းခဲ့ပါတယ္။ အဲဒီအဖြဲ႕အစည္းေတြကလည္း ကေလးငယ္ေတြအတြက္ လိုအပ္ေနတဲ့ေဆး၀ါးေတြ ၀ယ္ယူရာမွာ အက်ိဳးရွိရွိ အသုံးခ်ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာလည္း အိုေဇးလ္ဟာ My Shining Star လူမႈအဖြဲ႕အစည္းနဲ႔အတူ လက္တြဲလုပ္ေဆာင္ၿပီး ကင္ဆာေရာဂါခံစားေနရတဲ့ကေလးငယ္ေတြ သူတို႔ရဲ႕အိပ္မက္ေတြ ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ေစဖို႔ အကူအညီေပးခဲ့ပါတယ္။ ကင္ဆာေရာဂါသည္ကေလးေလးတစ္ေယာက္ကိုေတာင္ ဆန္းဒါးလန္းနဲ႔ပြဲမွာ အထူးဧည့္သည္ေတာ္အျဖစ္ ဖိတ္ေခၚခဲ့ပါေသးတယ္။
ေငြထုတ္စက္ေရာ္နယ္ဒိုလည္း သဒၵါစိတ္ျပည့္၀သူပါ
လူမႈအက်ိဳးျပဳလုပ္ငန္းေတြမွာ ေရာ္နယ္ဒိုေလာက္ လွဴဒါန္းသူ ကစားသမားအနည္းငယ္ေလာက္ပဲရွိမွာပါ။ သူဟာ ေဒၚလာ ၁၀၈ သန္းေလာက္တန္ေၾကးရွိေပမယ့္ သူ႕ႏွလုံးသားက အဲဒီပမာဏထက္ အမ်ားႀကီးပိုတန္ဖုိးရွိပါတယ္။ သူဟာ ၂၀၁၂ ခုႏွစ္မွာ သူရရွိခဲ့တဲ့ ဥေရာပေရႊဖိနပ္ဆုကို ေလလံတင္ခဲ့ၿပီး ရရွိလာတဲ့ ယူ႐ို ၁.၅သန္းကို စစ္ေဘးဒဏ္သင့္ ဂါဇာေဒသမွာ ေက်ာင္းေဆာက္လွဴဒါန္းခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ Save the Children လို အဖြဲ႕အစည္းမွာလည္း သံတမန္အျဖစ္ ေဆာင္ရြက္ေနၿပီး အဲဒီအဖြဲ႕ကေနတစ္ဆင့္ ၂၀၁၅ ခုႏွစ္မွာျဖစ္ပြားခဲ့တဲ့ နီေပါငလ်င္ဒဏ္အတြက္ ေငြေၾကးအမ်ားအျပား လွဴဒါန္းခဲ့ပါတယ္။
ဂါနာအတြက္ လွဴဒါန္းေနတဲ့ အက္ဆီယန္
ကြင္းလယ္မွာ မေမာမပန္းကစားႏိုင္ခဲ့သူအျဖစ္ ထင္ရွားေက်ာ္ၾကားခဲ့တဲ့ ကြင္းလယ္လူေဟာင္း မုိက္ကယ္အက္ဆီယန္ကလည္း ခ်ဲလ္ဆီးအသင္းနဲ႔အတူ သူ႕ရဲ႕နာမည္ကို အေကာင္းဆုံးတည္ေဆာက္ႏိုင္ခဲ့သူပါ။ ကြင္းျပင္ပမွာေတာ့ သူက ႏွလုံးသားလွသူျဖစ္ၿပီး ေမြးရပ္ေျမဂါနာႏို္င္ငံမွာ အလွဴအတန္းေတြ ပုံမွန္လုပ္ေလ့ရွိပါတယ္။ သူဟာ မုိက္ကယ္အက္ဆီယန္ေဖာင္ေဒးရွင္းတည္ေထာင္ၿပီး ဂါနာႏိုင္ငံမွာ ပညာေရးတုိးတက္ေစေရးအတြက္ စာၾကည့္တုိက္ေတြအမ်ားအျပားတည္ေထာင္ခဲ့ၿပီး အမ်ားျပည္သူနဲ႔သက္ဆုိင္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈစင္တာေတြကိုလည္း တစ္ပိုင္တစ္ႏိုင္ကူညီခဲ့ပါတယ္။ အထူးသျဖင့္ အက္ဆီယန္ဟာ ဂါနာမွာ သန္႔ရွင္းတဲ့ေသာက္ေရရရွိေရးအတြက္ ဦးစားေပးလွဴဒါန္းေနပါတယ္။
ျပည္တြင္းစစ္ကို ရပ္တန္႔ေစႏိုင္ခဲ့သူက ဒေရာ့ဘာ
ဒေရာ့ဘာဟာ အုိင္ဗရီကို႔စ္ျပည္တြင္းမွာ ကာလရွည္ျဖစ္ပြားေနတဲ့စစ္ပဲြ ရပ္တန္႔ေအာင္ ဦးေဆာင္စည္း႐ုံးႏိုင္ခဲ့ပါတယ္။ သူဟာ ၂၀၀၆ ကမၻာ့ဖလားၿပိဳင္ပြဲကာလအတြင္း လက္ေရြးစင္အသင္းကို အျပည့္အ၀အားေပးဖို႔အတြက္ လက္နက္ေတြေဘးခ်ၿပီး စညး္လုံးညီညြတ္စြာအားေပးဖို႔ စစ္ျဖစ္ေနသူေတြကို ေတာင္းဆုိခဲ့ပါတယ္။ အစုိးရနဲ႔ ေတာ္လွန္ေရးသမားေတြလည္း ဒေရာ့ဘာရဲ႕တုိက္တြန္းမႈကို လက္သင့္ခံကာ စစ္ပြဲကို ရပ္တန္႔ခဲ့ပါတယ္။ သူဟာ ၂၀၀၇ ခုႏွစ္ကလည္း ဒေရာ့ဘာေဖာင္ေဒးရွင္းတည္ေထာင္ခဲ့ၿပီး အာဖရိကတိုက္မွာ အဓိကဒုကၡေပးေနတဲ့ က်န္းမာေရးနဲ႔ ပညာေရးက႑ေတြမွာ ကူညီႏုိင္ခဲ့ပါတယ္။
သန္႔ရွင္းတဲ့ေသာက္ေရရဖို႔ လွဴဒါန္းခဲ့သူ ေနမာ
ေနမာဟာ ကမၻာ့ေဘာလုံးေလာကမွာ တတိယေျမာက္၀င္ေငြအမ်ားဆုံးကစားသမားျဖစ္ၿပီး တျခားကစားသမားအမ်ားစုလုိပဲ သူလည္း အလွဴဒါနလက္မေႏွးသူျဖစ္ပါတယ္။ သူဟာ တျခားအဖြဲ႕အစည္းေတြကို တတ္ႏိုင္သေလာက္ေငြေၾကးလွဴဒါန္းေလ့ရွိသလို Waves for Water အဖြဲ႕အစည္းကိုလည္း ကိုယ္တုိင္တည္ေထာင္ထားပါတယ္။ အဲဒီအဖြဲ႕အစည္းက ဘရာဇီးႏုိင္ငံတစ္၀ွမ္း သန္႔ရွင္းတဲ့ေသာက္ေရရရွိေရးအတြက္ အဓိကထားေဆာင္ရြက္ေနၿပီး ရန္ပုံေငြပုိမုိရရွိေအာင္ ေဘာလုံးပြဲေတြ က်င္းပေလ့ရွိပါတယ္။