ဘောလုံးပွဲတွေပြန်စတဲ့အခါ အသင်းတွေ လူစားလဲခွင့် ၅ ယောက်ရရေး ဖီဖာအဆိုပြုဖို့ရှိ

photo-gettyimages

photo-gettyimages

ကိုရိုနာဗိုင်းရပ်စ်ရဲ့ရိုက်ခတ်မှုနဲ့ ပွဲစဉ်တွေ ပြည့်ကျပ်နေမှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ ဘောလုံးပွဲတွေပြန်စတဲ့အခါ အသင်းတွေ လူစားလဲ ၅ ယောက်အသုံးပြုနိုင်ရေးကို ခွင့်ပြုပေးချင်နေပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဘောလုံးပွဲတစ်ပွဲမှာ အသင်းတစ်သင်းဟာ လူစားလဲ ၃ ယောက်ထက် ပိုလဲခွင့်မရှိပါဘူး။

photo-gettyimages

ဒါပေမဲ့ လက်ရှိအနေအထားကြောင့် ဖီဖာဟာ မိနစ် ၉၀ အတွင်း လူစားလဲမှုကို ၃ ယောက်ကနေ ၅ ယောက်ထိတိုးခွင့်ပြုပေးဖို့ရှိပြီး ရှုံးထွက်အဆင့်ပွဲတွေမှာဆိုရင် နာကျင်အချိန်ပိုမှာ ၆ ယောက်မြောက်လူစားလဲခွင့်ပေးဖို့တောင် စီစဉ်နေပါတယ်။ တိုတောင်းတဲ့အချိန်အတွင်းမှာ ပွဲတွေပိုကစားရလို့ ရလာနိုင်တဲ့ဒဏ်ရာပြသနာတွေ လျှော့ချနိုင်ရေး ကူညီပေးဖို့အတွက် ဖြစ်ပါတယ်။

photo-gettyimages

အမှတ်ပေးပြိုင်ပွဲတွေ၊ ပြည်တွင်းဖလားပြိုင်ပွဲတွေနဲ့ ချန်ပီယံလိဂ်နဲ့ယူရိုပါလိဂ်တို့လို တိုက်ကြီးအလိုက်ပြိုင်ပွဲတွေဟာ ပြီးဆုံးအောင် ကစားသွားဖို့ ရှိနေတာပါ။ တချို့အသင်းတွေဆိုရင် ပြန်ကစားခွင့်ရပြီဆိုတာနဲ့ ပွဲတွေအမြောက်အများယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ ဖီဖာရဲ့အဆိုပြုချက်အောက်မှာ အဲဒီစည်းမျဉ်းဟာ ၂၀၂၁ ဒီဇင်ဘာ ၃၁ အထိ သက်ရောက်မှာဖြစ်လို့ ၂၀၂၀-၂၁ ဘောလုံးရာသီက ပြိုင်ပွဲအားလုံးမှာလည်း လူစား ၅ ယောက်လဲနိုင်တဲ့ သဘောဖြစ်ပါတယ်။ အဲဒါဟာ လက်ရွေးစင်အသင်းတွေအတွက်လည်း သက်ဆိုင်ပါတယ်။ ကိုဗစ်ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေလည်း ထိခိုက်ဖို့ရှိနေတာကြောင့်ပါ။

[Zawgyi]

ေဘာလုံးပြဲေတြျပန္စတဲ့အခါ အသင္းေတြ လူစားလဲခြင့္ ၅ ေယာက္ရေရး ဖီဖာအဆိုျပဳဖို႔ရွိ

ကိုရိုနာဗုိင္းရပ္စ္ရဲ႕ရိုက္ခတ္မႈနဲ႔ ပြဲစဥ္ေတြ ျပည့္က်ပ္ေနမႈေၾကာင့္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ဖီဖာဟာ ေဘာလုံးပြဲေတြျပန္စတဲ့အခါ အသင္းေတြ လူစားလဲ ၅ ေယာက္အသုံးျပဳႏိုင္ေရးကို ခြင့္ျပဳေပးခ်င္ေနပါတယ္။ ပုံမွန္အတိုင္းဆုိရင္ေတာ့ ေဘာလုံးပြဲတစ္ပြဲမွာ အသင္းတစ္သင္းဟာ လူစားလဲ ၃ ေယာက္ထက္ ပိုလဲခြင့္မရွိပါဘူး။

ဒါေပမဲ့ လက္ရွိအေနအထားေၾကာင့္ ဖီဖာဟာ မိနစ္ ၉၀ အတြင္း လူစားလဲမႈကို ၃ ေယာက္ကေန ၅ ေယာက္ထိတုိးခြင့္ျပဳေပးဖုိ႔ရွိၿပီး ရႈံးထြက္အဆင့္ပြဲေတြမွာဆုိရင္ နာက်င္အခ်ိန္ပုိမွာ ၆ ေယာက္ေျမာက္လူစားလဲခြင့္ေပးဖုိ႔ေတာင္ စီစဥ္ေနပါတယ္။ တုိေတာင္းတဲ့အခ်ိန္အတြင္းမွာ ပြဲေတြပိုကစားရလုိ႔ ရလာႏိုင္တဲ့ဒဏ္ရာျပသနာေတြ ေလွ်ာ့ခ်ႏိုင္ေရး ကူညီေပးဖို႔အတြက္ ျဖစ္ပါတယ္။

အမွတ္ေပးၿပိဳင္ပြဲေတြ၊ ျပည္တြင္းဖလားၿပိဳင္ပြဲေတြနဲ႔ ခ်န္ပီယံလိဂ္နဲ႔ယူရုိပါလိဂ္တို႔လို တိုက္ႀကီးအလိုက္ၿပိဳင္ပြဲေတြဟာ ၿပီးဆုံးေအာင္ ကစားသြားဖို႔ ရွိေနတာပါ။ တခ်ိဳ႕အသင္းေတြဆိုရင္ ျပန္ကစားခြင့္ရၿပီဆိုတာနဲဲ႔ ပြဲေတြအေျမာက္အမ်ားယွဥ္ၿပိဳင္သြားရဖို႔ ရွိေနပါတယ္။ ဖီဖာရဲ႕အဆုိျပဳခ်က္ေအာက္မွာ အဲဒီစည္းမ်ဥ္းဟာ ၂၀၂၁ ဒီဇင္ဘာ ၃၁ အထိ သက္ေရာက္မွာျဖစ္လုိ႔ ၂၀၂၀-၂၁ ေဘာလုံးရာသီက ၿပိဳ္င္ပြဲအားလုံးမွာလည္း လူစား ၅ ေယာက္လဲႏိုင္တဲ့ သေဘာျဖစ္ပါတယ္။ အဲဒါဟာ လက္ေရြးစင္အသင္းေတြအတြက္လည္း သက္ဆိုင္ပါတယ္။ ကိုဗစ္ေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြလည္း ထိခုိက္ဖုိ႔ရွိေနတာေၾကာင့္ပါ။