ဘောလုံးပွဲတွေကို ချစ်မြတ်နိုးရတဲ့အကြောင်းလေး ပြောချင်လို့ပါ…အီဗရာရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၄/ဇာတ်သိမ်း)

Photo Credit

Photo Credit

နည်းနည်းတော့ ရူးသွပ်ချင်စရာကောင်းပေမယ့် ကျွန်တော်ကလည်း ဘာပဲဖြစ်ဖြစ် ဒဏ်ရာပျောက်ရင်ပြီးရောဆိုပြီး စမ်းကြည့်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ပဲ ရပ်ကွက်ထဲက ကြက်သားသည်ဆီ ရောက်သွားပါတော့တယ်။ အဲဒီမှာ ကြက်သည်က ”ဘာများလိုချင်လို့လဲ ကောင်လေး” လို့ မေးပါတယ်။ ကြက်သားတစ်စိတ်ဖြစ်ဖြစ်၊ တစ်ပိုင်းလောက်ဖြစ်ဖြစ် ရောင်းပါလား။ ဒါပေမဲ့ ခပ်သေးသေးတော့လုပ်နော်”လို့ တကယ့်ဈေးဝယ်သူတစ်ယောက်လို ပြောပါတယ်။ အဲဒီတော့သူက ဘယ်အရွယ်လောက်လဲလို့ ပြန်မေးပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်းဘောကန်ဖိနပ်ထဲထည့်လို့ရမယ့်အနေတော်လောက်ပေါ့လို့ ပြောလိုက်ပါတယ်။

Photo Credit

ဒီတော့ သူက ရယ်ရုံပဲ ရယ်နေခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်လည် လက်ထဲမှာ ကြက်သားထုတ်ဆွဲပြီး အိမ်ပြန်လာပါတယ်။ ပြီးတာနဲ့ ဘောကန်ဖိနပ်တစ်ရံ မှာလိုက်ပါတယ်။ ဒါပေမဲ့ ဆိုဒ်ကတော့ တစ်ဖက်နဲ့တစ်ဖက် မတူဘူးပေါ့ဗျာ။ တစ်ဖက်က ဆိုဒ် ၄၂.၅ ရှိပေမယ့် နောက်တစ်ဖက်ကတော့ ၄၄ ရှိပါတယ်။ ကျွန်တော်လည်း ဖိနပ်ထဲ ကြက်သားထည့်ပြီး ဘောလုံးပေးကြည့်ပါတယ်။ စိတ်ထဲမှာ နာ နာကျင်ကျင်မခံစားရပါဘူး။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ဘောလုံးဖိနပ်ထဲ ကြက်သား ထည့်ကန်တာ ၄ လလောက် ကြာသွားပါတယ်။ လေ့ကျင့်ရေးကွင်းမှာတော့ အဲဒီလို မလုပ်ခဲ့ပါဘူး။ အမေကတော့ ကျွန်တော့်ကို အစားအစာတွေ ဖြုန်းတီးတယ်ဆိုပြီး တဗျစ်တောက်တောက်ပြောပါတယ်။

Photo Credit

ဒါပေမဲ့ ပွဲမကစားခင်အချိန်တိုင်း ကြက်သားသည်ဆီ ကျွန်တော်မှန်မှန်သွားလေ့ရှိပါတယ်။ ”မောနင်းပါပက်ထရစ်ရေ…။ပုံမှန်ပဲမဟုတ်လား” အဲဒီစကားက ကြက်သားသည်ရဲ့ နှုတ်ခွန်းဆက်စကားပါ။ ဖိနပ်ထဲ ကြက်သားထည့်ကန်တာက တော်တော်လေးကောင်းတယ်။ အဲဒီလိုကစားပုံကောင်းလို့လားမသိဘူး။ ၂၀ဝ၆ ဇန်နဝါရီလမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။

Photo Credit ; Getty Images

ခင်ဗျားလည်း မန်ယူကစားသမားဘဝ ကျွန်တော့်ရဲ့ပထမဆုံးပွဲထွက်ကို မှတ်မိလောက်မယ်ထင်ပါတယ်။ ပွဲကြီးပွဲကောင်းဖြစ်တာကိုး မန်ချက်စတာဒါဘီပွဲလေဗျာ။ အဲဒီပွဲက ဗြိတိန်စံတော်ချိန် နေ့လယ် ၁၂း ၄၅ မှာ ကစားရတာကြောင့် ပြင်သစ်သားဖြစ်တဲ့ ကျွန်တော့်အတွက်တော့ သိပ်အဆင်မပြေတဲ့အချိန်ပေါ့။ ကျွန်တော်က ဒေသတွင်းမနက်စာတွေကို သိပ်ခံတွင်းမတွေ့လို့ ဘာစားရင် ဘောလုံးကန်ဖို့ အဆင်သင့်ဖြစ်နေမလဲဆိုတာ မသိခဲ့ပါဘူး။

Photo Credit

ကျွန်တော်ကတော့ ပုံမှန်အတိုင်း ပဲတို့၊ အီတလီခေါက်ဆွဲခြောက်တို့ အဲဒါတွေစားတာပေါ့။ အဲဒီလိုလည်း စားပြီးရော နေမကောင်းဖြစ်တော့တာပါပဲ။ အန်လည်း အန်သေးတယ်။ ဘာလုပ်ရမလဲဆိုပြီးတော့ ခေါင်းခြောက်မတတ် စဉ်းစားခဲ့ရပါတယ်။ နေမကောင်းလို့ ပွဲမကစားနိုင်ဘူးဆိုပြီး ဖာဂူဆန်ကိုပဲ အကြောင်းကြားရင်ကောင်းမလား။

Photo Credit

အဲဒီလိုအတွေးမျိုးလည်း ဝင်လာသလို မဟုတ်ဘူး ပက်ထရစ်။ မင်းဟာ ပွဲကစားဖို့ကြောက်နေတာဆိုတဲ့ အတွေးလည်းဝင်လာတယ်။ အဲဒီအတွက်ကြောင့်လည်း ယူနိုက်တက်နဲ့ ကျွန်တော်က အလိုလိုဆက်သွယ်နေတာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ ယူနိုက်တက်နဲ့ပတ်သက်ဆက်နွယ်ခဲ့တာက ကျွန်တော့်မိသားစု အတွက်ပါ အရေးပါလာခဲ့ပါတယ်။ မန်ယူမှာ ကစားရတာပျော်စရာကောင်းပေမယ့် အောင် မြင်မှုရဖို့တော့ အတော်လေးကြိုးစားခဲ့ရပါ တယ်။ မန်ယူအတွက် ကိုယ်စားပြုကစားရ တာက တာဝန်ယူမှု၊ တာဝန်ခံမှုလည်းများ ပါတယ်။ ဥပမာအနေနဲ့ပြောရရင် မန်ယူ စရောက်တော့ ကျွန်တော်ပထမဆုံးလုပ် ဆောင်ခဲ့တဲ့ အရာတွေထဲကတစ်ခုကတော့ ီဠီ အခွေဆိုင်သွားပြီး မန်ယူအသင်းနဲ့ပတ် သက်တဲ့ သမိုင်းကြောင်းတွေ ရိုက်ကူးထား တဲ့အခွေဝယ်ပြီး လေ့လာခဲ့ရတာပါပဲ။ ခင် ဗျားအနေနဲ့ ဘယ်နေရာပဲသွားသွား အဲဒီ အသင်းရဲ့သမိုင်းကြောင်းကိုတော့ သိထား သင့်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မန်ယူကနေ ထွက်ခွာခဲ့ရတာက ကျွန်တော့်ဘဝတစ်လျှောက် အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

Photo Credit

ဒီအကြောင်းကို အသေးစိတ်ပြောရရင် နောက်တစ်ရက်လောက်အထိ အချိန်ပေးရမှာဖြစ်ပေမယ့် အရိုးသားဆုံး ပြောရရင်တော့ ယူနိုက်တက်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ယူနိုက်တက်ကို စွန့်ခွာတော့မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတာ့ ဂျူဗင်တပ်ကို ပျော်ရွှင်စွာနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂျူဗင်တပ်မှာ ကစားခဲ့တဲ့ ၁၈ လတာကာလအတွင်း ယူနိုက်တက်မှာကစားခဲ့သလိုပဲ အားလပ်ရက်တွေရခဲ့သလို ခံစားရပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်း ဂိုးမပေးခဲ့ရရင်တောင် ထောင့်ကန်ဘောတွေအများကြီးပေးခဲ့ရတယ်လို့ တစ်ယောက်နဲ့တစ်ယောက် ဆိုခဲ့ကြပါတယ်။

Photo Credit

နောက်ပြီး စီးရီးအေမှာ ၁၅ မှတ်ဖြတ်ထားပေမယ့် တိုရီနိုကို ရှုံးနိမ့်တဲ့အခါ နောက် တစ်ရက် အသင်းရဲ့လေ့ကျင့်ရေးကွင်းက တစ်ယောက်ယောက်သေသွားတဲ့ပုံစံမျိုး တိတ်ဆိတ်ခြောက်ကပ်နေတတ်ပါတယ်။ အဲဒီမှာ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုကိုလည်း အခုထိမှတ်မိနေပါသေးတယ်။ အဲဒီမှာ မာချီစီယိုက လေ့ကျင့်ခန်းဆင်းနေတုန်း အန်နေတာကြောင့် လေ့ကျင့်ခန်းရပ်လိုက်ပါတယ်။

Photo Credit

အဲဒီမှာ အားလုံးက ကွင်းထဲက လမ်းလျှောက်ထွက်သွားကြပါတယ်။ အဲဒီမှာ နည်းပြက ကျွန်တော့်ကိုလာပြောပါ တယ်။ ”မင်းမပါဘူး။ မင်းကတော့ အခု လေ့ကျင့်နေတာတွေကို ပြီးအောင်လုပ်ရမယ်။ မာချီစီယိုက နေမကောင်းလို့အန်နေတာဖြစ်ပေမယ့် သူလုပ်ရမယ့်လေ့ကျင့်ခန်း အစီအစဉ်တွေကိုတော့ ပြီးအောင်လုပ်ပြီးသွာြပြီလေ”လို့ ပြောပါတယ်။ ဒါက ဂျူဗင်တပ်ရဲ့ပုံစံပါပဲ။ ဒါပေမဲ့ မန်ယူကတော့ ကွဲပြားခြားနားပါတယ်။ ဂျူဗင်တပ်ကနေထွက်ခွာခဲ့ပြီးတဲ့နောက် ကျွန်တော့်အနေနဲ့ အနိုင်ရတဲ့ခံစားချက်ကို လွမ်းဆွတ်လာပါတယ်။အခုဆိုရင် ကျွန်တော့်အသက်က ၃၈ နှစ်ရှိ နေပါပြီ။ ကစားသမားဘဝကနေ အနားယူ ဖို့အချိန်ရောက်ပြီလို့လည်း ခံစားနေရပါပြီ။ အခုအချိန်မှာ ကျွန်တော့်ရဲ့တစ်ခုတည်းသော ရည်မှန်းချက်ကတော့ လူသားတစ်ဦးအနေနဲ့ အကောင်းဆုံးဖြစ်ဖို့ပါပဲ။

Photo Credit

ကျွန်တော့်အနေနဲ့ ဒီလိုစကားကြီးစကား ကျယ်မပြောသင့်မှန်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဆီနီဂေါနိုင်ငံမှာ ဂေဟာ နှစ်ခု ဆောက်လုပ်လှူဒါန်းပြီးသွားပါပြီ။ အဲဒီမှာဆိုရင် ကလေး ၄၀ဝ ကျော် ကောင်းကောင်းနေ၊ ကောင်းကောင်းစားလို့ရပြီး ကျောင်းလည်း ကောင်းကောင်းတက်နိုင်ပါပြီ။ ဒါက ကျွန်တော့်ရဲ့ဘဝတစ်လျှောက် အကြီးမားဆုံးအောင်မြင်မှုလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ဗီဒီယိုဖိုင်တွေကို ဆက်လက်ဖြန့်သွားမှာဖြစ်ပြီး ကိုယ့်ရဲ့ အပျော်တွေကို တခြားသူတွေဆီ ပြန်လည်မျှဝေပေးချင်တဲ့စိတ်က အဓိကကျပါတယ်။

Photo Credit

၂၀ဝ၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မော်စကိုမှာ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ပွဲကိုလည်း မှတ်မိနေပါတယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲရှိနေချိန် နည်းပြကြီးဝင်လာပါတယ်။ ထုံးစံအတိုင်း သီချင်းတွေလည်း တိတ်သွားပါတယ်။ ”ငါကတော့ နိုင်ပြီးသွားပြီ”လို့ ဖာဂူဆန်ကပြောပါတယ်။

Photo Credit

ကျွန်တော်တို့လည်း ကြောင်သွားတာပေါ့။ ဒါနဲ့ သူက ဆက်ပြောပြန်တယ်။ ”တကယ်ပြောတာ။ ဒီပွဲကို ငါတို့ကစားဖို့တောင်မလိုတော့ဘူး” လို့ ဖာဂူဆန်က ပြောပါတယ်။ ကျွန်တော်တို့က အဲဒီအတိုင်းပါပဲ။ ပွဲက စတောင်မစရသေးတဲ့အချိန်မှာ ဖာဂူဆန်ရဲ့စိတ်ဓာတ် တွန်းအားပေးတဲ့စကားက တကယ့်ကိုထိရောက်ပါတယ်။ အဲဒီမှာ ဖာဂူဆန်က အသင်းသားတစ်ယောက်ချင်းစီရဲ့ ဘဝဇာတ် ကြောင်းကို သေချာပြန်ပြောပြတယ်။ ကျွန် တော်တို့ဟာ ဘောလုံးအသင်းတစ်သင်း ထက်ပိုပါတယ်။ နေရာစုံ၊ ဘာသာစုံကနေ လာရောက်ပေါင်းစည်းထားတာဖြစ်ပြီး ဘောလုံးထက် ညီရင်းအစ်ကိုတွေလို ခံစားခဲ့ရပါတယ်။ ဒါက ဘောလုံးပွဲတွေကို ကျွန်တော် ချစ်မြတ်နိုးရတဲ့ အကြောင်းအရင်းပါ။

Unicode

နည္းနည္းေတာ့ ႐ူးသြပ္ခ်င္စရာေကာင္းေပမယ့္ ကြ်န္ေတာ္ကလည္း ဘာပဲျဖစ္ျဖစ္ ဒဏ္ရာေပ်ာက္ရင္ၿပီးေရာဆိုၿပီး စမ္းၾကည့္ဖို႔ စိတ္ပိုင္းျဖတ္လိုက္ပါတယ္။ အဲဒါနဲ႔ပဲ ရပ္ကြက္ထဲက ၾကက္သားသည္ဆီ ေရာက္သြားပါေတာ့တယ္။ အဲဒီမွာ ၾကက္သည္က ”ဘာမ်ားလိုခ်င္လို႔လဲ ေကာင္ေလး” လို႔ ေမးပါတယ္။
ၾကက္သားတစ္စိတ္ျဖစ္ျဖစ္၊ တစ္ပိုင္းေလာက္ျဖစ္ျဖစ္ ေရာင္းပါလား။ ဒါေပမဲ့ ခပ္ေသးေသးေတာ့လုပ္ေနာ္”လို႔ တကယ့္ေဈးဝယ္သူတစ္ေယာက္လို ေျပာပါတယ္။ အဲဒီေတာ့သူက ဘယ္အရြယ္ေလာက္လဲလို႔ ျပန္ေမးပါတယ္။ အဲဒါနဲ႔ ကြ်န္ေတာ္လည္းေဘာကန္ဖိနပ္ထဲထည့္လို႔ရမယ့္အေနေတာ္ေလာက္ေပါ့လို႔ ေျပာလိုက္ပါတယ္။
ဒီေတာ့ သူက ရယ္႐ံုပဲ ရယ္ေနခဲ့ပါတယ္။ အဲဒီေနာက္ ကြ်န္ေတာ္လည္ လက္ထဲမွာ ၾကက္သားထုတ္ဆြဲၿပီး အိမ္ျပန္လာပါတယ္။ ၿပီးတာနဲ႔ ေဘာကန္ဖိနပ္တစ္ရံ မွာလိုက္ပါတယ္။ ဒါေပမဲ့ ဆိုဒ္ကေတာ့ တစ္ဖက္နဲ႔တစ္ဖက္ မတူဘူးေပါ့ဗ်ာ။ တစ္ဖက္က ဆိုဒ္ ၄၂.၅ ရွိေပမယ့္ ေနာက္တစ္ဖက္ကေတာ့ ၄၄ ရွိပါတယ္။
ကြ်န္ေတာ္လည္း ဖိနပ္ထဲ ၾကက္သားထည့္ၿပီး ေဘာလံုးေပးၾကည့္ပါတယ္။ စိတ္ထဲမွာ နာ နာက်င္က်င္မခံစားရပါဘူး။ အဲဒါနဲ႔ပဲ ကြ်န္ေတာ္လည္း ေဘာလံုးဖိနပ္ထဲ ၾကက္သား ထည့္ကန္တာ ၄ လေလာက္ ၾကာသြားပါတယ္။ ေလ့က်င့္ေရးကြင္းမွာေတာ့ အဲဒီလို မလုပ္ခဲ့ပါဘူး။ အေမကေတာ့ ကြ်န္ေတာ့္ကို အစားအစာေတြ ျဖဳန္းတီးတယ္ဆိုႃပီး တဗ်စ္ေတာက္ေတာက္ေျပာပါတယ္။
ဒါေပမဲ့ ပြဲမကစားခင္အခ်ိန္တိုင္း ၾကက္သားသည္ဆီ ကြ်န္ေတာ္မွန္မွန္သြားေလ့ရွိပါတယ္။ ”ေမာနင္းပါပက္ထရစ္ေရ…။ပံုမွန္ပဲမဟုတ္လား” အဲဒီစကားက ၾကက္သားသည္ရဲ႕ ႏႈတ္ခြန္းဆက္စကားပါ။ ဖိနပ္ထဲ ၾကက္သားထည့္ကန္တာက ေတာ္ေတာ္ေလးေကာင္းတယ္။ အဲဒီလိုကစားပံုေကာင္းလို႔လားမသိဘူး။ ၂၀ဝ၆ ဇန္နဝါရီလမွာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ခြင့္ရခဲ့ပါတယ္။
ခင္ဗ်ားလည္း မန္ယူကစားသမားဘဝ ကြ်န္ေတာ့္ရဲ႕ပထမဆံုးပြဲထြက္ကို မွတ္မိေလာက္မယ္ထင္ပါတယ္။ ပြဲႀကီးပြဲေကာင္းျဖစ္တာကိုး မန္ခ်က္စတာဒါဘီပြဲေလဗ်ာ။ အဲဒီပြဲက ၿဗိတိန္စံေတာ္ခ်ိန္ ေန႔လယ္ ၁၂း ၄၅ မွာ ကစားရတာေၾကာင့္ ျပင္သစ္သားျဖစ္တဲ့ ကြ်န္ေတာ့္အတြက္ေတာ့ သိပ္အဆင္မေႁပတဲ့အခ်ိန္ေပါ့။ ကြ်န္ေတာ္က ေဒသတြင္းမနက္စာေတြကို သိပ္ခံတြင္းမေတြ႕လို႔ ဘာစားရင္ ေဘာလံုးကန္ဖို႔ အဆင္သင့္ျဖစ္ေနမလဲဆိုတာ မသိခဲ့ပါဘူး။
ကြ်န္ေတာ္ကေတာ့ ပံုမွန္အတိုင္း ပဲတို႔၊ အီတလီေခါက္ဆြဲေႁခာက္တို႔ အဲဒါေတြစားတာေပါ့။ အဲဒီလိုလည္း စားၿပီးေရာ ေနမေကာင္းျဖစ္ေတာ့တာပါပဲ။ အန္လည္း အန္ေသးတယ္။ ဘာလုပ္ရမလဲဆိုၿပီးေတာ့ ေခါင္းေျခာက္မတတ္ စဥ္းစားခဲ့ရပါတယ္။ ေနမေကာင္းလို႔ ပြဲမကစားႏိုင္ဘူးဆိုၿပီး ဖာဂူဆန္ကိုပဲ အေၾကာင္းၾကားရင္ေကာင္းမလား။
အဲဒီလိုအေတြးမ်ိဳးလည္း ဝင္လာသလို မဟုတ္ဘူး ပက္ထရစ္။ မင္းဟာ ပြဲကစားဖို႔ေၾကာက္ေနတာဆိုတဲ့ အေတြးလည္းဝင္လာတယ္။ အဲဒီအတြက္ေၾကာင့္လည္း ယူႏိုက္တက္နဲ႔ ကြ်န္ေတာ္က အလိုလိုဆက္သြယ္ေနတာ ျဖစ္ပါတယ္။ တစ္ခ်ိန္ခ်ိန္မွာ ယူႏိုက္တက္နဲ႔ပတ္သက္ဆက္ႏြယ္ခဲ့တာက ကြ်န္ေတာ့္မိသားစု အတြက္ပါ အေရးပါလာခဲ့ပါတယ္။ မန္ယူမွာ ကစားရတာေပ်ာ္စရာေကာင္းေပမယ့္ ေအာင္ ႁမင္မႈရဖို႔ေတာ့ အေတာ္ေလးႄကိဳးစားခဲ့ရပါ တယ္။ မန္ယူအတြက္ ကိုယ္စားႁပဳကစားရ တာက တာဝန္ယူမႈ၊ တာဝန္ခံမႈလည္းမ်ား ပါတယ္။ ဥပမာအေနနဲ႔ေႁပာရရင္ မန္ယူ စေရာက္ေတာ့ ကြ်န္ေတာ္ပထမဆံုးလုပ္ ေဆာင္ခဲ့တဲ့ အရာေတြထဲကတစ္ခုကေတာ့ ီဠီ အေခြဆိုင္သြားႃပီး မန္ယူအသင္းနဲ႔ပတ္ သက္တဲ့ သမိုင္းေႂကာင္းေတြ ႐ိုက္ကူးထား တဲ့အေခြဝယ္ႃပီး ေလ့လာခဲ့ရတာပါပဲ။ ခင္ ဗ်ားအေနနဲ႔ ဘယ္ေနရာပဲသြားသြား အဲဒီ အသင္းရဲ႕သမိုင္းေႂကာင္းကိုေတာ့ သိထား သင့္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ မန္ယူကေန ထြက္ခြာခဲ့ရတာက ကြ်န္ေတာ့္ဘဝတစ္ေလွ်ာက္ အခက္ခဲဆံုးဆံုးျဖတ္ခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။
ဒီအေၾကာင္းကို အေသးစိတ္ေျပာရရင္ ေနာက္တစ္ရက္ေလာက္အထိ အခ်ိန္ေပးရမွာျဖစ္ေပမယ့္ အ႐ိုးသားဆံုး ေျပာရရင္ေတာ့ ယူႏိုက္တက္မွာပဲ ကစားသမားဘဝကို အဆံုးသတ္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ ယူႏိုက္တက္ကို စြန္႔ခြာေတာ့မယ္လို႔ ဆံုးျဖတ္ၿပီးေနာက္မွာတာ့ ဂ်ဴဗင္တပ္ကို ေပ်ာ္ရႊင္စြာနဲ႔ေျပာင္းေရႊ႕သြားခဲ့ပါတယ္။
ဂ်ဴဗင္တပ္မွာ ကစားခဲ့တဲ့ ၁၈ လတာကာလအတြင္း ယူႏိုက္တက္မွာကစားခဲ့သလိုပဲ အားလပ္ရက္ေတြရခဲ့သလို ခံစားရပါတယ္။ တကယ္လို႔ ကြ်န္ေတာ္တို႔အသင္း ဂိုးမေပးခဲ့ရရင္ေတာင္ ေထာင့္ကန္ေဘာေတြအမ်ားႀကီးေပးခဲ့ရတယ္လို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဆိုခဲ့ၾကပါတယ္။
ေနာက္ၿပီး စီးရီးေအမွာ ၁၅ မွတ္ျဖတ္ထားေပမယ့္ တိုရီႏိုကို ႐ံႈးနိမ့္တဲ့အခါ ေနာက္ တစ္ရက္ အသင္းရဲ႕ေလ့က်င့္ေရးကြင္းက တစ္ေယာက္ေယာက္ေသသြားတဲ့ပံုစံမ်ိဳး တိတ္ဆိတ္ေျခာက္ကပ္ေနတတ္ပါတယ္။ အဲဒီမွာ ေလ့က်င့္ခန္းအစီအစဥ္တစ္ခုကိုလည္း အခုထိမွတ္မိေနပါေသးတယ္။ အဲဒီမွာ မာခ်ီစီယိုက ေလ့က်င့္ခန္းဆင္းေနတုန္း အန္ေနတာေၾကာင့္ ေလ့က်င့္ခန္းရပ္လိုက္ပါတယ္။
အဲဒီမွာ အားလံုးက ကြင္းထဲက လမ္းေလွ်ာက္ထြက္သြားၾကပါတယ္။ အဲဒီမွာ နည္းႁပက ကြ်န္ေတာ့္ကိုလာေႁပာပါ တယ္။ ”မင္းမပါဘူး။ မင္းကေတာ့ အခု ေလ့က်င့္ေနတာေတြကို ၿပီးေအာင္လုပ္ရမယ္။ မာခ်ီစီယိုက ေနမေကာင္းလို႔အန္ေနတာႁဖစ္ေပမယ့္ သူလုပ္ရမယ့္ေလ့က်င့္ခန္း အစီအစဥ္ေတြကိုေတာ့ ၿပီးေအာင္လုပ္ၿပီးသြာၿႃပီေလ”လို႔ ေႁပာပါတယ္။ ဒါက ဂ်ဴဗင္တပ္ရဲ႕ပံုစံပါပဲ။ ဒါေပမဲ့ မန္ယူကေတာ့ ကြဲျပားျခားနားပါတယ္။ ဂ်ဴဗင္တပ္ကေနထြက္ခြာခဲ့ႃပီးတဲ့ေနာက္ ကြ်န္ေတာ့္အေနနဲ႔ အႏိုင္ရတဲ့ခံစားခ်က္ကို လြမ္းဆြတ္လာပါတယ္။အခုဆိုရင္ ကြ်န္ေတာ့္အသက္က ၃၈ ႏွစ္ရွိ ေနပါႃပီ။ ကစားသမားဘဝကေန အနားယူ ဖို႔အခ်ိန္ေရာက္ၿပီလို႔လည္း ခံစားေနရပါႃပီ။ အခုအခ်ိန္မွာ ကြ်န္ေတာ့္ရဲ႕တစ္ခုတည္းေသာ ရည္မွန္းခ်က္ကေတာ့ လူသားတစ္ဦးအေနနဲ႔ အေကာင္းဆံုးျဖစ္ဖို႔ပါပဲ။
ကြ်န္ေတာ့္အေနနဲ႔ ဒီလိုစကားႀကီးစကား က်ယ္မေျပာသင့္မွန္းသိပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ဟာ ဆီနီေဂါႏိုင္ငံမွာ ေဂဟာ ႏွစ္ခု ေဆာက္လုပ္လွဴဒါန္းၿပီးသြားပါၿပီ။ အဲဒီမွာဆိုရင္ ကေလး ၄၀ဝ ေက်ာ္ ေကာင္းေကာင္းေန၊ ေကာင္းေကာင္းစားလို႔ရၿပီး ေက်ာင္းလည္း ေကာင္းေကာင္းတက္ႏိုင္ပါၿပီ။ ဒါက ကြ်န္ေတာ့္ရဲ႕ဘဝတစ္ေလွ်ာက္ အႀကီးမားဆံုးေအာင္ျမင္မႈလည္းျဖစ္ပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ ကိုယ့္ရဲ႕ဗီဒီယိုဖိုင္ေတြကို ဆက္လက္ျဖန္႔သြားမွာျဖစ္ၿပီး ကိုယ့္ရဲ႕ အေပ်ာ္ေတြကို တျခားသူေတြဆီ ျပန္လည္မွ်ေဝေပးခ်င္တဲ့စိတ္က အဓိကက်ပါတယ္။
၂၀ဝ၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအႁဖစ္ ေမာ္စကိုမွာ ခ်ဲလ္ဆီးနဲ႔ကစားခဲ့တဲ့ပြဲကိုလည္း မွတ္မိေနပါတယ္။ ကြ်န္ေတာ္တို႔ အဝတ္လဲခန္းထဲရွိေနခ်ိန္ နည္းျပႄကီးဝင္လာပါတယ္။ ထံုးစံအတိုင္း သီခ်င္းေတြလည္း တိတ္သြားပါတယ္။ ”ငါကေတာ့ ႏိုင္ၿပီးသြားႃပီ”လို႔ ဖာဂူဆန္ကေႁပာပါတယ္။
ကြ်န္ေတာ္တို႔လည္း ေၾကာင္သြားတာေပါ့။ ဒါနဲ႔ သူက ဆက္ေျပာျပန္တယ္။ ”တကယ္ေႁပာတာ။ ဒီပြဲကို ငါတို႔ကစားဖို႔ေတာင္မလိုေတာ့ဘူး” လို႔ ဖာဂူဆန္က ေႁပာပါတယ္။ ကြ်န္ေတာ္တို႔က အဲဒီအတိုင္းပါပဲ။ ပြဲက စေတာင္မစရေသးတဲ့အခ်ိန္မွာ ဖာဂူဆန္ရဲ႕စိတ္ဓာတ္ တြန္းအားေပးတဲ့စကားက တကယ့္ကိုထိေရာက္ပါတယ္။ အဲဒီမွာ ဖာဂူဆန္က အသင္းသားတစ္ေယာက္ခ်င္းစီရဲ႕ ဘဝဇာတ္ ေႂကာင္းကို ေသခ်ာႁပန္ေႁပာႁပတယ္။ ကြ်န္ ေတာ္တို႔ဟာ ေဘာလံုးအသင္းတစ္သင္း ထက္ပိုပါတယ္။ ေနရာစံု၊ ဘာသာစံုကေန လာေရာက္ေပါင္းစည္းထားတာျဖစ္ၿပီး ေဘာလံုးထက္ ညီရင္းအစ္ကိုေတြလို ခံစားခဲ့ရပါတယ္။ ဒါက ေဘာလံုးပြဲေတြကို ကၽြန္ေတာ္ ခ်စ္ျမတ္ႏိုးရတဲ့ အေၾကာင္းအရင္းပါ။