ဘောလုံးပွဲတွေကို ချစ်မြတ်နိုးရတဲ့အကြောင်းလေး ပြောချင်လို့ပါ…အီဗရာရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၃)

Photo Credit

Photo Credit

အဲဒီအချိန်မှာ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးကောင်လေးတစ်ယောက်ဖြစ်ခဲ့မှာသေချာပါတယ်။ အပျော်တွေလွန်ပြီး အမေ့ဆီ ဖုန်းဆက်လိုက်ပါတယ်။ ”အမေရေ။ အမေယုံမလားတော့မသိဘူး။ ဒီကလူတွေက သားတို့ကို အစားအသောက်တွေ တည်ခင်းဧည့်ခံကျွေးမွေးပါတယ်။ သားတို့က ထမင်းစားပွဲခုံကြီးမှာ ဇွန်း၊ ခရင်း၊ ဓား အစုံအလင်နဲ့ အေးအေးဆေးဆေးစားသောက်နေတာ”လို့ ပြောလိုက်ပါတယ်။ အမေလည်း အဲဒီမှာ အပျော်လွန်ပြီး ငိုတော့တာပါပဲ။
စစ္စလီကျွန်းမှာရှိတဲ့ ကျွန်တော့်ရဲ့ပထမဆုံးနေ့ရက်ကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ကျွန်တော်ရောက်ရောက်ချင်းမှာပဲ သားအဖနှစ်ဦးရောက်လာပြီး ကျွန်တော်နဲ့ ဓာတ်ပုံတွဲ ရိုက်လို့ရမလားလို့ မေးပါတယ်။ အဲဒီအချိန် စိတ်ထဲမှာလည်း ”ဘာလဲပေါ့။ ငါလည်း တစ်ပွဲမှမကစားရသေးဘဲနဲ့ ဒီလူတွေက ငါ့ကိုဘယ်လိုသိတာလဲ”လို့ တွေးမိသွားပါတယ်။ အဲဒါနဲ့ပဲ ဘာဖြစ်လို့ ကျွန်တော်နဲ့ဓာတ်ပုံတွဲရိုက်ချင်တာလဲဆိုပြီး သူ့ကို မေးလိုက်ပါတယ်။ အဲဒီတော့ ကလေးက ပြန်ပြောပါတယ်။ ”အရင်တုန်းက အသားမည်းလူကို တစ်ခါမှမတွေ့ဖူးလို့ပါ”ဆိုပြီး ပြောပါတယ်။

Photo Credit

ဝိုး …ကြိုဆိုပါတယ် စစ္စလီကျွန်းရေ။ အသင်းဖော်တွေကလည်း ကျွန်တော့်ကိုတွေ့လို့ အံ့အားသင့်သွားပုံရပါတယ်။ အသင်းမှာ ကျွန်တော်တစ်ယောက်တည်း လူမည်းကစားသမားဖြစ်နေတာကိုး။ လူမည်းတွေအကြောင်း သိပ်နားမလည်တဲ့လူတွေလည်း အဲဒီမှာအများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ အသားအရောင်ခွဲခြားတာထက် နားမလည်တာကပဲ ပိုများပါတယ်။ ပြောရမယ်ဆိုရင် စစ္စလီကျွန်းသားတွေက အရမ်းကို စိတ်ရင်းကောင်းပါတယ်။ လမ်းထဲလမ်းလျှောက်ဝင်လိုက်တာနဲ့ ကျွန်တော့်ကို သူတို့ အိမ်ဖိတ်ပြီး ညစာကျွေးတဲ့လူတွေလည်းအများကြီးပါပဲ။

Photo Credit

အဲဒီမှာ သူတို့က ”မင်းက ငါတို့နဲ့အတူတူပါပဲ”လို့ ဆိုတတ်ကြပါတယ်။ ဆိုးရွားတဲ့အချက်ကတော့ တခြားဒေသမှာ အဝေးကွင်းပွဲတွေကစားရတဲ့အချိန်ပါပဲ။ အဲဒီလိုကစားရပြီဆိုရင် လူတွေက မျောက်အော်သံတွေနဲ့ လှောင်ပြောင်ကြတယ်။ ငှက်ပျောသီးတွေနဲ့လည်း ပစ်ပေါက်ကြတယ်။ ဒါက ကျွန်တော့်အတွက် တကယ့်ကိုခက်ခဲလွန်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ လက်စ်အူလစ်ကနေ ကြီးပြင်းလာသူဖြစ်လို့ ဒူပေဒဏ်ပေခံနိုင်ရည်ရှိပြီးသားပါ။

Photo Credit

တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ စီးရီးဘီကလပ် မွန်ဇာကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် တစ်ရာသီအကြာမှာတော့ ပြင်သစ်ဒုတိယတန်းမှာရှိနေတဲ့ နိုက်စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော်က တိုက်စစ်မှူးတစ်ယောက်ပါ။ ဒါပေမဲ့ အသင်းမှာရှိတဲ့ ဘယ်နောက်ခံလူက ဒဏ်ရာရနေတဲ့အချိန်မှာ နည်းပြဆယ်လ်ဗီယိုနီက ကျွန်တော့်ကို နောက်တန်းဆင်းကစားခိုင်းတယ်။ ကျွန်တော်လည်း ဒေါသထွက်သွားတာပေါ့။ အဲဒါနဲ့ သူ့ကို ”ခင်ဗျားဒီလိုလုပ်လို့မရဘူးလေ။ ကျုပ်ကတိုက်စစ်မှူးဗျ”လို့ ပြောလိုက်တယ်။

Photo Credit

ဒါပေမဲ့လည်း မရပါဘူးဗျာ။ အဲဒီမှာ ပြဿနာတက်တာကတော့ ကျွန်တော်ဟာ နေရာသစ်မှာ ကောင်းကောင်းကစားနိုင်တဲ့အချက်ပါပဲ။ တစ်နေ့မှာတော့ ဆယ်လ်ဗီယိုနီက ကျွန်တော့်ကိုပြောလာပါတယ်။ ”ပက်ထရစ်ရေ…ဒီနေရာမှာကစားတာ ဘာလို့ကောင်းနေရတာလဲသိလား။ အဓိကအချက်ကတော့ အဲဒီနေရာမှာ မင်းမကစားချင်တဲ့အချက်ပဲ”လို့ ဆိုပါတယ်။ သူပြောတာက မှန်ပါတယ်။ ပက်ထရစ်ဆိုတာ တိုက်စစ်မှူးတစ်ယောက်မှန်း အားလုံးသိသွားအောင် ပြသချင်တဲ့အငုံစိတ်ကြောင့် ကျွန်တော်ဟာ ဘယ်နောက်ခံလူနေရာမှာကစားရပေမယ့် တိုက်စစ်ကို အရူးတစ်ယောက်လို လိုက်ပါကစားခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ဒေါသတွေကို ကိုယ်ကစားတဲ့ပွဲထဲ အရည်ဖျော်လိုက်တဲ့သဘောပါ။ နိုက်စ်ကစားသမားဘဝ ဒုတိယမြောက်ရာသီမှာတော့ ကျွန်တော်ဟာ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ကျွန်တော်တို့အသင်းလည်း ပထမတန်းကို တန်းတက်ခဲ့ပါတယ်။

Photo Credit

အဲဒီနောက် ပြင်သစ်ဘောလုံးလောကရဲ့ အကြီးမားဆုံးအသင်း တစ်သင်းဖြစ်တဲ့ မိုနာကိုက ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်လည်း လစာမြိုးမြိုးမြတ်မြတ်ရတော့တာပါပဲ။ စာအများကြီးရတော့ အမေ့အတွက် အိမ်တစ်လုံးဝယ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်။ ၂၀ဝ၄ ခုနှစ် က ကျွန်တော်တို့အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တော့ လူတွေက အဲဒီအကြောင်း အများကြီးပြောကြပါတယ်။ ဒါပေမဲ့ မိုနာကိုအသင်းမှာ ကျွန်တော့်ရဲ့ ရူးသွပ်ချင်စရာအကောင်းဆုံး အစိတ်ပိုင်းတစ်ရပ်က ပြင်သစ်ယူ-၂၁ အသင်းအတွက် ကစားပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတာပါ။ အဲဒီပွဲမှာ ပြိုင်ဘက်က ကျွန်တော့်ခြေထောက်ကို တက်နင်းလိုက်လို့ ဒဏ်ရာဆိုးဆိုးရွားရွားရရှိသွားခဲ့ပါတယ်။

Photo Credit

ဆေးရုံမှာ လူနာလာကြည့်တဲ့ နည်းပြနည်းပြ ဒက်စ်ချမ့်ကို ”အရမ်းနာတာပဲ ဆရာရယ်။ ကျွန်တော် မကစားနိုင်ဘူး။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘူး”လို့ အသိပေးလိုက်ပါတယ်။ ဒါပေမဲ့ အသင်းကလည်း ကျွန်တော့်ကိုအရမ်းလိုအပ်နေတဲ့အချိန်ပါ။ အဲဒါနဲ့ဆရာဝန်တွေကလည်း ကျွန်တော်နာကျင်ကိုက်ခဲမှုတွေပျောက်အောင် အစွမ်းကုန် ကြိုးစားကုသပေးကြပါတယ်။ ဒါပေမဲ့ ဘာတစ်ခုမှ အလုပ်ဖြစ်ခဲ့ပါဘူး။ အဲဒီနောက်တော့ ရုံးဝန်ထမ်းတစ်ဦးက ”ဘာလို့များ နည်းလမ်းဟောင်းကို မသုံးကြတာလဲ”လို့ ဆိုလာပါတယ်။ လူတွေကလည်း ဘာလဲဆိုတဲ့သဘောနဲ့ ကြည့်လာ ပါတယ်။ ဒီတော့ သူကဆက်ပြောပါတယ်။ သူ့ဘောကန်ဖိနပ်ထဲမှာ ကြက်သားထည့် ထားလိုက်ရုံပါပဲ”လို့ သူ့ရဲ့အကြံဉာဏ်ကို ပြောလာပါတယ်။

Zawgyi

ေဘာလုံးပြဲေတြကို ခ်စ္ျမတ္ႏုိးရတဲ့အေၾကာင္းေလး ေျပာခ်င္လုိ႔ပါ…
အီဗရာရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၃)

အဲဒီအခ်ိန္မွာ ကြ်န္ေတာ္ဟာ ကမၻာေပၚမွာ အေပ်ာ္ရႊင္ဆံုးေကာင္ေလးတစ္ေယာက္ျဖစ္ခဲ့မွာေသခ်ာပါတယ္။ အေပ်ာ္ေတြလြန္ၿပီး အေမ့ဆီ ဖုန္းဆက္လိုက္ပါတယ္။ ”အေမေရ။ အေမယံုမလားေတာ့မသိဘူး။ ဒီကလူေတြက သားတို႔ကို အစားအေသာက္ေတြ တည္ခင္းဧည့္ခံေကြ်းေမြးပါတယ္။ သားတို႔က ထမင္းစားပြဲခံုႀကီးမွာ ဇြန္း၊ ခရင္း၊ ဓား အစံုအလင္နဲ႔ ေအးေအးေဆးေဆးစားေသာက္ေနတာ”လို႔ ေျပာလိုက္ပါတယ္။ အေမလည္း အဲဒီမွာ အေပ်ာ္လြန္ၿပီး ငိုေတာ့တာပါပဲ။
စစၥလီကြ်န္းမွာရွိတဲ့ ကြ်န္ေတာ့္ရဲ႕ပထမဆံုးေန႔ရက္ကို ဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး။ ကြ်န္ေတာ္ေရာက္ေရာက္ခ်င္းမွာပဲ သားအဖႏွစ္ဦးေရာက္လာၿပီး ကြ်န္ေတာ္နဲ႔ ဓာတ္ပံုတြဲ ႐ိုက္လို႔ရမလားလို႔ ေမးပါတယ္။ အဲဒီအခ်ိန္ စိတ္ထဲမွာလည္း ”ဘာလဲေပါ့။ ငါလည္း တစ္ပြဲမွမကစားရေသးဘဲနဲ႔ ဒီလူေတြက ငါ့ကိုဘယ္လိုသိတာလဲ”လို႔ ေတြးမိသြားပါတယ္။ အဲဒါနဲ႔ပဲ ဘာျဖစ္လို႔ ကြ်န္ေတာ္နဲ႔ဓာတ္ပံုတြဲ႐ိုက္ခ်င္တာလဲဆိုၿပီး သူ႕ကို ေမးလိုက္ပါတယ္။ အဲဒီေတာ့ ကေလးက ျပန္ေျပာပါတယ္။ ”အရင္တုန္းက အသားမည္းလူကို တစ္ခါမွမေတြ႕ဖူးလို႔ပါ”ဆိုၿပီး ေျပာပါတယ္။
ဝိုး …ႀကိဳဆိုပါတယ္ စစၥလီကြ်န္းေရ။ အသင္းေဖာ္ေတြကလည္း ကြ်န္ေတာ့္ကိုေတြ႕လို႔ အံ့အားသင့္သြားပံုရပါတယ္။ အသင္းမွာ ကြ်န္ေတာ္တစ္ေယာက္တည္း လူမည္းကစားသမားျဖစ္ေနတာကိုး။ လူမည္းေတြအေၾကာင္း သိပ္နားမလည္တဲ့လူေတြလည္း အဲဒီမွာအမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ အဲဒီမွာ အသားအေရာင္ခြဲျခားတာထက္ နားမလည္တာကပဲ ပိုမ်ားပါတယ္။ ေျပာရမယ္ဆိုရင္ စစၥလီကြ်န္းသားေတြက အရမ္းကို စိတ္ရင္းေကာင္းပါတယ္။ လမ္းထဲလမ္းေလွ်ာက္ဝင္လိုက္တာနဲ႔ ကြ်န္ေတာ့္ကို သူတို႔ အိမ္ဖိတ္ၿပီး ညစာေကြ်းတဲ့လူေတြလည္းအမ်ားႀကီးပါပဲ။
အဲဒီမွာ သူတို႔က ”မင္းက ငါတို႔နဲ႔အတူတူပါပဲ”လို႔ ဆိုတတ္ၾကပါတယ္။ ဆိုးရြားတဲ့အခ်က္ကေတာ့ တျခားေဒသမွာ အေဝးကြင္းပြဲေတြကစားရတဲ့အခ်ိန္ပါပဲ။ အဲဒီလိုကစားရၿပီဆိုရင္ လူေတြက ေမ်ာက္ေအာ္သံေတြနဲ႔ ေလွာင္ေျပာင္ၾကတယ္။ ငွက္ေပ်ာသီးေတြနဲ႔လည္း ပစ္ေပါက္ၾကတယ္။ ဒါက ကြ်န္ေတာ့္အတြက္ တကယ့္ကိုခက္ခဲလြန္းခဲ့ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ဟာ လက္စ္အူလစ္ကေန ႀကီးျပင္းလာသူျဖစ္လို႔ ဒူေပဒဏ္ေပခံႏိုင္ရည္ရွိၿပီးသားပါ။
တစ္ႏွစ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ စီးရီးဘီကလပ္ မြန္ဇာကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲဒီေနာက္ တစ္ရာသီအၾကာမွာေတာ့ ျပင္သစ္ဒုတိယတန္းမွာရွိေနတဲ့ ႏိုက္စ္အသင္းကို ေျပာင္းေရႊ႕ခဲ့ျပန္ပါတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ ကြ်န္ေတာ္က တိုက္စစ္မွဴးတစ္ေယာက္ပါ။ ဒါေပမဲ့ အသင္းမွာရွိတဲ့ ဘယ္ေနာက္ခံလူက ဒဏ္ရာရေနတဲ့အခ်ိန္မွာ နည္းႁပဆယ္လ္ဗီယိုနီက ကြ်န္ေတာ့္ကို ေနာက္တန္းဆင္းကစားခိုင္းတယ္။ ကြ်န္ေတာ္လည္း ေဒါသထြက္သြားတာေပါ့။ အဲဒါနဲ႔ သူ႕ကို ”ခင္ဗ်ားဒီလိုလုပ္လို႔မရဘူးေလ။ က်ဳပ္ကတိုက္စစ္မွဴးဗ်”လို႔ ေျပာလိုက္တယ္။
ဒါေပမဲ့လည္း မရပါဘူးဗ်ာ။ အဲဒီမွာ ျပႆနာတက္တာကေတာ့ ကြ်န္ေတာ္ဟာ ေနရာသစ္မွာ ေကာင္းေကာင္းကစားႏိုင္တဲ့အခ်က္ပါပဲ။ တစ္ေန႔မွာေတာ့ ဆယ္လ္ဗီယိုနီက ကြ်န္ေတာ့္ကိုေျပာလာပါတယ္။ ”ပက္ထရစ္ေရ…ဒီေနရာမွာကစားတာ ဘာလို႔ေကာင္းေနရတာလဲသိလား။ အဓိကအခ်က္ကေတာ့ အဲဒီေနရာမွာ မင္းမကစားခ်င္တဲ့အခ်က္ပဲ”လို႔ ဆိုပါတယ္။
သူေျပာတာက မွန္ပါတယ္။ ပက္ထရစ္ဆိုတာ တိုက္စစ္မွဴးတစ္ေယာက္မွန္း အားလံုးသိသြားေအာင္ ျပသခ်င္တဲ့အငံုစိတ္ေၾကာင့္ ကြ်န္ေတာ္ဟာ ဘယ္ေနာက္ခံလူေနရာမွာကစားရေပမယ့္ တိုက္စစ္ကို အ႐ူးတစ္ေယာက္လို လိုက္ပါကစားခဲ့ပါတယ္။ ေျပာရမယ္ဆိုရင္ ကိုယ့္ေဒါသေတြကို ကိုယ္ကစားတဲ့ပြဲထဲ အရည္ေဖ်ာ္လိုက္တဲ့သေဘာပါ။ ႏိုက္စ္ကစားသမားဘဝ ဒုတိယေျမာက္ရာသီမွာေတာ့ ကြ်န္ေတာ္ဟာ တစ္ႏွစ္တာ အေကာင္းဆံုးအသင္းမွာ ေရြးခ်ယ္ခံခဲ့ရႃပီး ကြ်န္ေတာ္တို႔အသင္းလည္း ပထမတန္းကို တန္းတက္ခဲ့ပါတယ္။
အဲဒီေနာက္ ျပင္သစ္ေဘာလံုးေလာကရဲ႕ အႀကီးမားဆံုးအသင္း တစ္သင္းျဖစ္တဲ့ မိုနာကိုက ကြ်န္ေတာ့္ကို ေခၚခဲ့ပါတယ္။ အဲဒီမွာ ကြ်န္ေတာ္လည္း လစာၿမိဳးၿမိဳးျမတ္ျမတ္ရေတာ့တာပါပဲ။ စာအမ်ားႀကီးရေတာ့ အေမ့အတြက္ အိမ္တစ္လံုးဝယ္ေပးႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ကြ်န္ေတာ့္မွာ စိန္ေခၚမႈေတြ အမ်ားႀကီးရွိေနပါေသးတယ္။ ၂၀ဝ၄ ခုႏွစ္ က ကြ်န္ေတာ္တို႔အသင္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ေတာ့ လူေတြက အဲဒီအေၾကာင္း အမ်ားႀကီးေျပာၾကပါတယ္။
ဒါေပမဲ့ မိုနာကိုအသင္းမွာ ကြ်န္ေတာ့္ရဲ႕ ႐ူးသြပ္ခ်င္စရာအေကာင္းဆံုး အစိတ္ပိုင္းတစ္ရပ္က ျပင္သစ္ယူ-၂၁ အသင္းအတြက္ ကစားၿပီးေနာက္ပိုင္းမွာ ျဖစ္ေပၚလာတာပါ။ အဲဒီပြဲမွာ ၿပိဳင္ဘက္က ကြ်န္ေတာ့္ေျခေထာက္ကို တက္နင္းလိုက္လို႔ ဒဏ္ရာဆိုးဆိုးရြားရြားရရွိသြားခဲ့ပါတယ္။
ေဆး႐ံုမွာ လူနာလာၾကည့္တဲ့ နည္းျပနည္းျပ ဒက္စ္ခ်မ့္ကို ”အရမ္းနာတာပဲ ဆရာရယ္။ ကြ်န္ေတာ္ မကစားႏိုင္ဘူး။ လမ္းေတာင္ ေကာင္းေကာင္းမေလွ်ာက္ႏိုင္ဘူး”လို႔ အသိေပးလိုက္ပါတယ္။ ဒါေပမဲ့ အသင္းကလည္း ကြ်န္ေတာ့္ကိုအရမ္းလိုအပ္ေနတဲ့အခ်ိန္ပါ။ အဲဒါနဲ႔ဆရာဝန္ေတြကလည္း ကြ်န္ေတာ္နာက်င္ကိုက္ခဲမႈေတြေပ်ာက္ေအာင္ အစြမ္းကုန္ ႀကိဳးစားကုသေပးႂကပါတယ္။ ဒါေပမဲ့ ဘာတစ္ခုမွ အလုပ္ႁဖစ္ခဲ့ပါဘူး။ အဲဒီေနာက္ေတာ့ ႐ံုးဝန္ထမ္းတစ္ဦးက ”ဘာလို႔မ်ား နည္းလမ္းေဟာင္းကို မသံုးၾကတာလဲ”လို႔ ဆိုလာပါတယ္။ လူေတြကလည္း ဘာလဲဆိုတဲ့သေဘာနဲ႔ ႂကည့္လာ ပါတယ္။ ဒီေတာ့ သူကဆက္ေႁပာပါတယ္။ သူ႕ေဘာကန္ဖိနပ္ထဲမွာ ၾကက္သားထည့္ ထားလိုက္႐ံုပါပဲ”လို႔ သူ႕ရဲ႕အႀကံဉာဏ္ကို ေျပာလာပါတယ္။