ဘောလုံးပွဲတွေကို ချစ်မြတ်နိုးရတဲ့အကြောင်းလေး ပြောချင်လို့ပါ… အီဗရာရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၃)

Photo Credit

Photo Credit

အဲဒီတော့ သူ က လက်မှတ်ကိုကြည့်ပြီး ”မင်းစီးရမယ့်ရထားက သွားပြီကွ။ ၁ နာရီလောက်တောင် ရှိနေပြီ”ပြောလာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ်မှတ်လာတဲ့အိမ်ကဖုန်းနံပါတ် သူ့ကိုပြလိုက်ပါတယ်။ သူကလည်း တစ်ခါတည်းခေါ်လိုက်ပါတယ်။ ကျွန်တော့်အမေက ဖုန်းလာကိုင်ပါတယ်။ ကျွန်တော် စီးရမယ့်မီးရထားလွတ်သွားမှန်း အမေသိသွားပြီး ဘူတာထဲမှာ သူစိမ်းတစ်ယောက်နဲ့ အတူတူရှိနေမှန်းလည်း သိသွားပါတယ်။

Photo Credit

အဲဒါနဲ့ အမေကလည်း ”အဲဒီကောင်လေးကို ပဲရစ်ပြန်မယ့် ရထားပေါ် တင်ပေးလိုက်စမ်းပါသားရယ်” ဆိုပြီး အဲဒီသူစိမ်းကို တောင်းတောင်းပန်ပန်နဲ့ပြောပါတယ်။ ဒါပေမဲ့ အဲဒီလူကတော့ ခပ်ပြုံးပြုံးလေးနဲ့ ”စိတ်မပူပါနဲ့ အန်တီ။ မနက်ဖြန်ကျရင် သူ့ကို သွားချင်တဲ့နေရာရောက်ဖို့ လိုက်ပို့ပေးပါမယ်”လို့ အမေ့ကို ကတိပေးလိုက်ပါတယ်။ အဲဒီနောက် သူက လမ်းထောင့်နားမှာရှိတဲ့ သူ့အိမ်ကို ခေါ်သွားပါတယ်။ အစားအသောက်လည်း ကျွေးတယ်။ ညရောက်တော့ တခြားကိုယ်မသိတဲ့ သူစိမ်း ၈ ယောက်နဲ့အတူ ကြမ်းပြင်ပေါ်မှာအိပ်ခဲ့ပါတယ်။

Photo Credit

မနက် ၆ နာရီ လောက်မှာ သူက ကျွန်တော့်ကိုလာနှိုးပြီး ဘူတာဆီ နှစ်ယောက်သား လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်လည်း ရွာလေးဆီရောက်မယ့် မီးရထားပေါ် တန်းတန်းမတ်မတ်ရောက်သွားပါတော့တယ်။ အဲဒီအချိန်တုန်းက သူ ဘယ်သူလဲဆိုတာ ကျွန်တော်မေးရကောင်းမှန်းမသိခဲ့သလို ကျေးဇူးတင်စကားလည်း ကောင်းကောင်းမပြောခဲ့ရပါဘူး။ ကျွန်တော်သိတာတစ်ခုက ကိုယ်ဆင်းရမယ့်ဘူတာရုံရဲ့ နာမည်လေးပါပဲ။

Photo Credit

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကိုကူညီခဲ့တဲ့ အဲဒီသူစိမ်းက စာရွက်ပေါ်မှာ ဘူတာရုံနာမည်ချရေးခဲ့လို့ပါ။ အဲဒီတော့ ကျွန်တော်လည်း ဘူတာရုံတစ်ရုံတွေ့တိုင်း လက်ထဲက စာရွက်လေးပြပြီး ဒီဘူတာလားလို့ မေးရတာလည်း အမောဖြစ်လာခဲ့ပါတယ်။ ရထား ပေါ်မှာ ကျွန်တော်အပါအဝင် သီလရှင် ၃ ယောက်ပဲ ပါလာတာပါ။ အဲဒီတော့ ကျွန်တော်လည်း သူတို့ကို ဒီမှတ်တိုင်လား၊ ဒီမှတ်တိုင်လားဆိုပြီး ခဏခဏမေးရပါတယ်။

Photo Credit

သူတို့ကလည်း မဟုတ်ဘူး၊ မဟုတ်ဘူးလို့ပြန်ဖြေပေးရှာပါတယ်။ ဒါပေမဲ့ ၃၊ ၄ ခါလောက်မေးပြီးချိန်မှာတော့ သူတို့လည်း သိပ်စိတ်မရှည်ချင်တော့ဘဲ နည်းနည်းဒေါသထွက်လာပုံရပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်တော်လည်း ကိုယ်ဆင်းရမယ့် ဘူတာသိသွားခဲ့ပြီး ရထားပေါ်ကနေ ဆင်းလိုက်ပါတယ်။ ပတ်ဝန်းကျင်ကိြကြည့်လိုက်တော့ ကျွန်တော်ဘာတွေ့ခဲ့သလဲဆိုတာ မှန်းကြည့်ပါဦး။

Photo Credit

ဘာမှကိုမရှိတာပါ။ ပြောရရင် ကမ်းခြေလေးတစ်ခုတောင် မရှိပါဘူး။ လေတွေပဲ တဟူးဟူးတိုက်နေခဲ့တာပါ။ အဲဒီတော့ ကျွန်တော်လည်း တွေးလိုက်မိတာပေါ့။ ”ငါတော့သွားပြီ။ ဖုန်းလည်းမရှိ၊ ကူညီပေးမယ့် ဟိုလူလည်းမရှိ၊ နောက်ဆုံး သီလရှင်တွေတောင်မရှိတော့ဘူး။ ဒီအနေအထားကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်ရပါမလဲ” ဆိုပြီးတော့ပေါ့။ ကျွန်တော်လည်း အကူအညီရလုရငြား ခဏစောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Photo Credit

ဒီလိုနဲ့ ၅ မိနစ်ကြာသွားတယ်။ မထူးခြားဘူး။ ၁၀ မိနစ်ကြာလာတယ်။ နာရီဝက်၊ ၁ နာရီ၊ ၂ နာရီ။ ဘယ်သူမှရောက်မလာပါဘူး။ မိုးကလည်း တဖြည်းဖြည်းချုပ်လာပါပြီ။ ၆ နာရီလောက်အထိကြာသွားပါတယ်။ နောက်ဆုံးမှာတော့ ကားတစ်စီးလာနေတဲ့ မီးအလင်းရောင်တစ်ခု ကျွန်တော် တွေ့လိုက်ရပါတယ်။ အဲဒီကားပိုင်ရှင်ကလည်း ကျွန်တော်သွားမယ့်အသင်းက ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

Photo Credit

”ကိုယ်တောင်းပန်ပါတယ်ကွာ။ ငါတို့က မင်းလမ်းပျောက်သွားပြီလို့ထင်နေတာ”လို့ဆိုပြီး တောင်းပန်ပါတယ်။ အဲဒီနောက် သူတို့က ရွာထဲမှာရှိတဲ့ အသင်းတည်းခိုရာဟိုတယ်ကို ခေါ်သွားပါတယ်။ အဲဒီမှာ ထရက်ဆုနဲ့ လေ့ကျင့်ရေး ပစ္စည်းတွေရခဲ့ပါတယ်။ ကျွန်တော်လည်း အဲဒါတွေဝတ်ကြည့်ပြီး မှန်ရှေ့ရပ်လိုက်ပါတယ်။ ”အိုးမိုင်ဂေါ့ “လို့ တစ်ခွန်းတည်းပြောထွက်ပါတော့တယ်။

Photo Credit

Zawgyi

ေဘာလုံးပြဲေတြကို ခ်စ္ျမတ္ႏုိးရတဲ့အေၾကာင္းေလး ေျပာခ်င္လုိ႔ပါ…
အီဗရာရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၃)

အဲဒီေတာ့ သူ က လက္မွတ္ကိုၾကည့္ၿပီး ”မင္းစီးရမယ့္ရထားက သြားၿပီကြ။ ၁ နာရီေလာက္ေတာင္ ရွိေနၿပီ”ေျပာလာပါတယ္။ ဒါနဲ႔ ကြၽန္ေတာ္လည္း ကိုယ္မွတ္လာတဲ့အိမ္ကဖုန္းနံပါတ္ သူ႔ကိုျပလိုက္ပါတယ္။ သူကလည္း တစ္ခါတည္းေခၚလိုက္ပါတယ္။ ကြၽန္ေတာ့္အေမက ဖုန္းလာကိုင္ပါတယ္။ ကြၽန္ေတာ္ စီးရမယ့္မီးရထားလြတ္သြားမွန္း အေမသိသြားၿပီး ဘူတာထဲမွာ သူစိမ္းတစ္ေယာက္နဲ႔ အတူတူရွိေနမွန္းလည္း သိသြားပါတယ္။
အဲဒါနဲ႔ အေမကလည္း ”အဲဒီေကာင္ေလးကို ပဲရစ္ျပန္မယ့္ ရထားေပၚ တင္ေပးလိုက္စမ္းပါသားရယ္” ဆိုၿပီး အဲဒီသူစိမ္းကို ေတာင္းေတာင္းပန္ပန္နဲ႔ေျပာပါတယ္။ ဒါေပမဲ့ အဲဒီလူကေတာ့ ခပ္ၿပဳံးၿပဳံးေလးနဲ႔ ”စိတ္မပူပါနဲ႔ အန္တီ။ မနက္ျဖန္က်ရင္ သူ႔ကို သြားခ်င္တဲ့ေနရာေရာက္ဖို႔ လိုက္ပို႔ေပးပါမယ္”လို႔ အေမ့ကို ကတိေပးလိုက္ပါတယ္။ အဲဒီေနာက္ သူက လမ္းေထာင့္နားမွာရွိတဲ့ သူ႔အိမ္ကို ေခၚသြားပါတယ္။ အစားအေသာက္လည္း ေကြၽးတယ္။ ညေရာက္ေတာ့ တျခားကိုယ္မသိတဲ့ သူစိမ္း ၈ ေယာက္နဲ႔အတူ ၾကမ္းျပင္ေပၚမွာအိပ္ခဲ့ပါတယ္။
မနက္ ၆ နာရီ ေလာက္မွာ သူက ကြၽန္ေတာ့္ကိုလာႏႈိးၿပီး ဘူတာဆီ ႏွစ္ေယာက္သား လမ္းေလွ်ာက္ထြက္လာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္လည္း ႐ြာေလးဆီေရာက္မယ့္ မီးရထားေပၚ တန္းတန္းမတ္မတ္ေရာက္သြားပါေတာ့တယ္။ အဲဒီအခ်ိန္တုန္းက သူ ဘယ္သူလဲဆိုတာ ကြၽန္ေတာ္ေမးရေကာင္းမွန္းမသိခဲ့သလို ေက်းဇူးတင္စကားလည္း ေကာင္းေကာင္းမေျပာခဲ့ရပါဘူး။ ကြၽန္ေတာ္သိတာတစ္ခုက ကိုယ္ဆင္းရမယ့္ဘူတာ႐ုံရဲ႕ နာမည္ေလးပါပဲ။
ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္ကိုကူညီခဲ့တဲ့ အဲဒီသူစိမ္းက စာ႐ြက္ေပၚမွာ ဘူတာ႐ုံနာမည္ခ်ေရးခဲ့လို႔ပါ။ အဲဒီေတာ့ ကြၽန္ေတာ္လည္း ဘူတာ႐ုံတစ္႐ုံေတြ႕တိုင္း လက္ထဲက စာ႐ြက္ေလးျပၿပီး ဒီဘူတာလားလို႔ ေမးရတာလည္း အေမာျဖစ္လာခဲ့ပါတယ္။ ရထား ေပၚမွာ ကြၽန္ေတာ္အပါအဝင္ သီလရွင္ ၃ ေယာက္ပဲ ပါလာတာပါ။ အဲဒီေတာ့ ကြၽန္ေတာ္လည္း သူတို႔ကို ဒီမွတ္တိုင္လား၊ ဒီမွတ္တိုင္လားဆိုၿပီး ခဏခဏေမးရပါတယ္။
သူတို႔ကလည္း မဟုတ္ဘူး၊ မဟုတ္ဘူးလို႔ျပန္ေျဖေပးရွာပါတယ္။ ဒါေပမဲ့ ၃၊ ၄ ခါေလာက္ေမးၿပီးခ်ိန္မွာေတာ့ သူတို႔လည္း သိပ္စိတ္မရွည္ခ်င္ေတာ့ဘဲ နည္းနည္းေဒါသထြက္လာပုံရပါတယ္။ ဒါေပမဲ့ အဆုံးသတ္မွာေတာ့ ကြၽန္ေတာ္လည္း ကိုယ္ဆင္းရမယ့္ ဘူတာသိသြားခဲ့ၿပီး ရထားေပၚကေန ဆင္းလိုက္ပါတယ္။ ပတ္ဝန္းက်င္ကိျၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ဘာေတြ႕ခဲ့သလဲဆိုတာ မွန္းၾကည့္ပါဦး။
ဘာမွကိုမရွိတာပါ။ ေျပာရရင္ ကမ္းေျခေလးတစ္ခုေတာင္ မရွိပါဘူး။ ေလေတြပဲ တဟူးဟူးတိုက္ေနခဲ့တာပါ။ အဲဒီေတာ့ ကြၽန္ေတာ္လည္း ေတြးလိုက္မိတာေပါ့။ ”ငါေတာ့သြားၿပီ။ ဖုန္းလည္းမရွိ၊ ကူညီေပးမယ့္ ဟိုလူလည္းမရွိ၊ ေနာက္ဆုံး သီလရွင္ေတြေတာင္မရွိေတာ့ဘူး။ ဒီအေနအထားကေန လြတ္ေျမာက္ေအာင္ ဘယ္လိုလုပ္ရပါမလဲ” ဆိုၿပီးေတာ့ေပါ့။ ကြၽန္ေတာ္လည္း အကူအညီရလုရျငား ခဏေစာင့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ဒီလိုနဲ႔ ၅ မိနစ္ၾကာသြားတယ္။ မထူးျခားဘူး။ ၁၀ မိနစ္ၾကာလာတယ္။ နာရီဝက္၊ ၁ နာရီ၊ ၂ နာရီ။ ဘယ္သူမွေရာက္မလာပါဘူး။ မိုးကလည္း တျဖည္းျဖည္းခ်ဳပ္လာပါၿပီ။ ၆ နာရီေလာက္အထိၾကာသြားပါတယ္။ ေနာက္ဆုံးမွာေတာ့ ကားတစ္စီးလာေနတဲ့ မီးအလင္းေရာင္တစ္ခု ကြၽန္ေတာ္ ေတြ႕လိုက္ရပါတယ္။ အဲဒီကားပိုင္ရွင္ကလည္း ကြၽန္ေတာ္သြားမယ့္အသင္းက ဒါ႐ိုက္တာတစ္ဦးျဖစ္ပါတယ္။
”ကိုယ္ေတာင္းပန္ပါတယ္ကြာ။ ငါတို႔က မင္းလမ္းေပ်ာက္သြားၿပီလို႔ထင္ေနတာ”လို႔ဆိုၿပီး ေတာင္းပန္ပါတယ္။ အဲဒီေနာက္ သူတို႔က ႐ြာထဲမွာရွိတဲ့ အသင္းတည္းခိုရာဟိုတယ္ကို ေခၚသြားပါတယ္။ အဲဒီမွာ ထရက္ဆုနဲ႔ ေလ့က်င့္ေရး ပစၥည္းေတြရခဲ့ပါတယ္။ ကြၽန္ေတာ္လည္း အဲဒါေတြဝတ္ၾကည့္ၿပီး မွန္ေရွ႕ရပ္လိုက္ပါတယ္။ ”အိုးမိုင္ေဂါ့ “လို႔ တစ္ခြန္းတည္းေျပာထြက္ပါေတာ့တယ္။