ဘောလုံးပွဲကိုပါထိခိုက်လာပြီဖြစ်တဲ့ ကော်ရိုနာ ဗိုင်းရပ်

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

အီတလီ မှာ ကော်ရိုနာ ဗိုင်းရပ် ပျံ့နံှ့မှု က တော်တော်လေးကို ဆိုးရွားလျှက် ရှိနေပါတယ်။

photo internet

ဒါကြောင့် နေရာအချို့ကို လူဝင်၊လူထွက်တင်းကြပ်ထားပါတယ်။ ဘောလုံးပွဲလာကြည့်တဲ့ပရိသတ်တွေထဲမှာလည်း ရောဂါပိုးကူးစက်ခံထားရသူတွေရှိပါတယ်။အဲဒီလိုရောဂါပိုးပျံ့နှံ့မှုတွေ ဆိုးရွားလွန်းလို့ စီးရီးအေ ဘောလုံး အဖွဲ့ချုပ်ဟာ ဒီတစ်ပတ်မှာ ပွဲစဉ် 5 ပွဲ အထိ တံခါးပိတ် ကစားဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

photo internet

အဆိုပါ ပွဲစဉ်တွေထဲမှာ ထိပ်တန်းအသင်းကြီး နှစ်သင်း ဖြစ်တဲ့ ဂျူဗီ နဲ့ အင်တာမီလန် တို့ရင်ဆိုင် ကစားမယ့် ပွဲလည်းပါဝင်ပါတယ်။ အဲဒီပွဲဟာ ဂျူဗီ ရဲ့ အိမ်ကွင်းဖြစ်နေတာကြောင့် ၊သူတို့အတွက်အိမ်ရှင်ပရိသတ်တွေမပါပဲကစားရမှာဖြစ်ပါတယ်။ တံခါးပိတ် ကစားရမယ့် အခြားပွဲတွေကတော့ အူဒီးနီး vs ဖီအိုရင်တီးနား ၊ အေစီမီလန် vs ဂျီနိုအာ ၊ ပါးမား vs SPAL ၊ ဆတ်ဆူလို vs ဘရက်ရှား အသင်းတု့ိ ပွဲစဉ်တွေ ဖြစ်ပါတယ်။

photo internet

ပြိုင်ပွဲ တာဝန်ရှိသူတွေ ကတော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး တရားဝင် ကြေငြာချက် ထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် ၊ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးချက်တွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ ယူဆရပါတယ်။

photo internet

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအချို့မှာလည်း နေရာဒေသအလိုက် လူဝင်၊လူထွက်တင်းကြပ်စွာ တားမြစ်ပိတ်ပင်တာတွေရှိသလို၊ လူစည်းကားစေမယ့် ပွဲလမ်းသဘင်တွေကျင်းပတာကို ပိတ်ပင်တာမျိုးလည်းရှိပါတယ်။ လေကြောင်းလိုင်းပျံသန်းခွင့်များ၊ ခရီးသွားလာခွင့်များကိုလည်း သက်ဆိုင်ရာနိုင်ငံအလိုက်တားမြစ်ထားတာတွေလည်းရှိပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ေဘာလုံးပြဲကုိပါထိခိုက္လာၿပီျဖစ္တဲ့ ေကာ္႐ိုနာ ဗိုင္းရပ္

အီတလီ မွာ ေကာ္႐ိုနာ ဗိုင္းရပ္ ပ်ံ႕နံွ႔မႈ က ေတာ္ေတာ္ေလးကို ဆိုး႐ြားလွ်က္ ရွိေနပါတယ္။ ဒါေၾကာင့္ ေနရာအခ်ဳိ႕ကို လူ၀င္၊လူထြက္တင္းၾကပ္ထားပါတယ္။ ေဘာလုံးပြဲလာၾကည့္တဲ့ပရိသတ္ေတြထဲမွာလည္း ေရာဂါပိုးကူးစက္ခံထားရသူေတြရိွပါတယ္။အဲဒီလိုေရာဂါပိုးပ်ံ႕ႏွံ႔မႈေတြ ဆိုး႐ြားလြန္းလို႔ စီးရီးေအ ေဘာလုံး အဖြဲ႕ခ်ဳပ္ဟာ ဒီတစ္ပတ္မွာ ပြဲစဥ္ 5 ပြဲ အထိ တံခါးပိတ္ ကစားဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ပါတယ္။

အဆိုပါ ပြဲစဥ္ေတြထဲမွာ ထိပ္တန္းအသင္းႀကီး ႏွစ္သင္း ျဖစ္တဲ့ ဂ်ဴဗီ နဲ႔ အင္တာမီလန္ တို႔ရင္ဆိုင္ ကစားမယ့္ ပြဲလည္းပါ၀င္ပါတယ္။ အဲဒီပြဲဟာ ဂ်ဴဗီ ရဲ႕ အိမ္ကြင္းျဖစ္ေနတာေၾကာင့္ ၊သူတို႔အတြက္အိမ္ရွင္ပရိသတ္ေတြမပါပဲကစားရမွာျဖစ္ပါတယ္။ တံခါးပိတ္ ကစားရမယ့္ အျခားပြဲေတြကေတာ့ အူဒီးနီး vs ဖီအိုရင္တီးနား ၊ ေအစီမီလန္ vs ဂ်ီႏိုအာ ၊ ပါးမား vs SPAL ၊ ဆတ္ဆူလို vs ဘရက္ရွား အသင္းတု႔ိ ပြဲစဥ္ေတြ ျဖစ္ပါတယ္။

ၿပိဳင္ပြဲ တာဝန္ရွိသူေတြ ကေတာ့ ဒီကိစၥ နဲ႔ ပတ္သက္ၿပီး တရားဝင္ ေၾကျငာခ်က္ ထုတ္ျပန္ထားျခင္း မရွိေသးေပမယ့္ ၊ က်န္းမာေရး ဆိုင္ရာ စစ္ေဆးခ်က္ေတြကို တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္သြားဖြယ္ ရွိေနတယ္လို႔ ယူဆရပါတယ္။

ေကာ္ရုိနာဗိုင္းရပ္စ္ေၾကာင့္ ႏိုင္ငံအခ်ဳိ႕မွာလည္း ေနရာေဒသအလိုက္ လူ၀င္၊လူထြက္တင္းၾကပ္စြာ တားျမစ္ပိတ္ပင္တာေတြရိွသလုိ၊ လူစည္းကားေစမယ့္ ပြဲလမ္းသဘင္ေတြက်င္းပတာကို ပိ္တ္ပင္တာမ်ဳိးလည္းရိွပါတယ္။ ေလေၾကာင္းလုိင္းပ်ံသန္းခြင့္မ်ား၊ ခရီးသြားလာခြင့္မ်ားကိုလည္း သက္ဆိုင္ရာႏိုင္ငံအလိုက္တားျမစ္ထားတာေတြ လည္းရိွပါတယ္။