
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
နည်းပြဖြစ်သွားလည်း ရွန်းနီတို့က မြက်ခင်းစိမ်းပေါ်မှာ ဘောလုံးကန်ပါအုံးမယ်။
ဝိန်းရွန်းနီဟာ၂၀၂၁ခုနှစ် Soccer Aid တွင်ပါဝင်ကစားသွားမှာဖြစ်ကြောင်းသိရပါတယ်။
ရွန်းနီကန်မယ့်ပွဲမှာ တခြားအထင်ကရ ဘောလုံးသမားဟောင်းကြီးတွေလည်း ပါဝင်ကစားကြပါမယ်။
လာမယ့် စက်တင်ဘာလအတွင်းမှာတော့ ရွန်းနီဟာ ဂယ်ရီနဖီးလ်၊ ပေါလ်စခိုးတို့လို ယူနိုက်တက်အသင်းဖော်ဟောင်းတွေနဲ့အတူ ဘောလုံးပြန်လည်ကစားသွားတော့မယ်လို့ သိရပါတယ်။
နာမည်ကျော်ရန်ပုံငွေပွဲကိုစက်တင်ဘာလ ၄ ရက်နေ့၊ စနေနေ့တွင်မန်ချက်စတာရှိအီတီဟတ်ကွင်းတွင်ကစားသွားပါမယ်။
ရွန်းနီဟာ အဲဒီပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
တခြားပူးပေါင်းပါဝင်မယ့် ကစားသမားတွေကတော့ ဂျေမီရက်နက်၊ ဖာရာဝီလီယမ်၊ဒေးဗစ်ဂျိမ်းစ်၊အက်ရှ်လေကိုး၊ကယ်လီစမစ်၊ဟတ်စကီးတို့ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကိုဟယ်ရီရက်နက်ကနည်းပြသွားမှာ ဖြစ်ပြီးနည်းပြအဖွဲ့ဝင်များအဖြစ်မီကာရစ်ချက်၊ဒေးဗစ်ဆီးမင်းတို့တာဝန်ယူသွားပါမယ်။
Soccer Aid ရန်ပုံငွေဘောလုံးပွဲကို၂၀၀၆ခုနှစ်တုန်းကစတင်ခဲ့တာဖြစ်ပြီးယခုအချိန်အထိပေါင်၄၇သန်းကျော်ရန်ပုံငွေရှာဖွေပေးထားပြီးဖြစ်ပါတယ်။
ရွန်းနီဟာ မကြာသေးခင်ကမှ နည်းပြလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး နဂိုတုန်းက ကစားသမားတာဝန်အပြင် နည်းပြအဖြစ် ဆောင်ရွက်ရာကနေ ဒါဘီကောင်တီအသင်းမှာ နည်းပြချုပ်ရာထူးကို ပြောင်းလဲလက်ခံခဲ့တာပါ။
နည်းပြဖြစ်ပြီးနောက် တန်းဆင်းဇုန်အောက်ကို ရောက်ရှိနေတဲ့ အသင်းကိုလည်း ရာသီအကုန်မှာ တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေဘာလုံးျပန္ကစားဦးမယ့္ သရဲနီေဟာင္း ဝိန္း႐ြန္းနီ
နည္းျပျဖစ္သြားလည္း ႐ြန္းနီတို႔က ျမက္ခင္းစိမ္းေပၚမွာ ေဘာလုံးကန္ပါအုံးမယ္။ ဝိန္း႐ြန္းနီဟာ၂၀၂၁ခုႏွစ္ Soccer Aid တြင္ပါဝင္ကစားသြားမွာျဖစ္ေၾကာင္းသိရပါတယ္။႐ြန္းနီကန္မယ့္ပြဲမွာ တျခားအထင္ကရ ေဘာလုံးသမားေဟာင္းႀကီးေတြလည္း ပါဝင္ကစားၾကပါမယ္။
လာမယ့္ စက္တင္ဘာလအတြင္းမွာေတာ့ ႐ြန္းနီဟာ ဂယ္ရီနဖီးလ္၊ ေပါလ္စခိုးတို႔လို ယူႏိုက္တက္အသင္းေဖာ္ေဟာင္းေတြနဲ႔အတူ ေဘာလုံးျပန္လည္ကစားသြားေတာ့မယ္လို႔ သိရပါတယ္။
နာမည္ေက်ာ္ရန္ပုံေငြပြဲကိုစက္တင္ဘာလ၄ရက္ေန႔၊စေနေန႔တြင္မန္ခ်က္စတာရွိအီတီဟတ္ကြင္းတြင္ကစားသြားပါမယ္။ ႐ြန္းနီဟာ အဲဒီပြဲစဥ္မွာ အဂၤလန္လက္ေ႐ြးစင္အသင္းရဲ႕ ဝတ္စုံကို ဝတ္ဆင္သြားမွာျဖစ္ပါတယ္။
တျခားပူးေပါင္းပါဝင္မယ့္ ကစားသမားေတြကေတာ့ ေဂ်မီရက္နက္၊ ဖာရာဝီလီယမ္၊ေဒးဗစ္ဂ်ိမ္းစ္၊အက္ရွ္ေလကိုး၊ကယ္လီစမစ္၊ဟတ္စကီးတို႔ျဖစ္ပါတယ္။
အဂၤလန္အသင္းကိုဟယ္ရီရက္နက္ကနည္းျပသြားမွာ ျဖစ္ၿပီးနည္းျပအဖြဲ႕ဝင္မ်ားအျဖစ္မီကာရစ္ခ်က္၊ေဒးဗစ္ဆီးမင္းတို႔တာဝန္ယူသြားပါမယ္။ Soccer Aid ရန္ပုံေငြေဘာလုံးပြဲကို၂၀၀၆ခုႏွစ္တုန္းကစတင္ခဲ့တာျဖစ္ၿပီးယခုအခ်ိန္အထိေပါင္၄၇သန္းေက်ာ္ရန္ပုံေငြရွာေဖြေပးထားၿပီးျဖစ္ပါတယ္။
႐ြန္းနီဟာ မၾကာေသးခင္ကမွ နည္းျပေလာကထဲကို စတင္ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး နဂိုတုန္းက ကစားသမားတာ၀န္အျပင္ နည္းျပအျဖစ္ ေဆာင္႐ြက္ရာကေန ဒါဘီေကာင္တီအသင္းမွာ နည္းျပခ်ဳပ္ရာထူးကို ေျပာင္းလဲလက္ခံခဲ့တာပါ။ နည္းျပျဖစ္ၿပီးေနာက္ တန္းဆင္းဇုန္ေအာက္ကို ေရာက္ရွိေနတဲ့ အသင္းကိုလည္း ရာသီအကုန္မွာ တန္းမဆင္းရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။