ဘောလုံးနဲ့ ဖိုက်တာပညာရပ် ပူးတွဲသင်ပေးမယ့်ကျောင်းကို ဖွင့်မယ့် ဆီးဒေါ့ဖ်နဲ့ ခါဘစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယ်သာလန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဆီးဒေါ့ဖ်နှင့် ရုရှား MMA ကစားသမားဟောင်း ခါဘစ်တို့ဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် သင်တန်းကျောင်းတစ်ခု ပူးတွဲဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဲဒီသင်တန်းကျောင်းကို Seedorf Khabib Performance Club လို့ အမည်ပေးထားပြီး ဘောလုံးနှင့် MMA အားကစားနည်းများကို ပေါင်းစပ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ အဲဒီလို သင်တန်းကျောင်းများကို လာမယ့် (၅)နှစ်အတွင်း နိုင်ငံ(၁၀)နိုင်ငံတွင် ဖွင့်လှစ်သွားနိုင်ရန် ရည်မှန်းထားပြီး အနည်းဆုံးအဖြစ် ဒူဘိုင်းနှင့် အဘူဒါဘီတွင် သေချာပေါက်ဖွင့်လှစ်သွား မယ်လို့ သိရပါတယ်။

ခါဘစ်က “ကျွန်တော်တို့ရဲ့ သင်တန်းကျောင်းကို အခုဒီ ဒူဘိုင်းမှာ ဖွင့်ခဲ့ရင် အဘူဒါဘီမှာလည်း ဖွင့်ဖို့လိုအပ်ပါတယ်။

ဒီသင်တန်းကျောင်းကို အနာဂတ်အတွက် ရည်ရွယ်ပြီး ဖွင့်တာပါ။

အဘူဒါဘီနဲ့ ဒူဘိုင်းမှာတော့ သေချာပေါက်ဖွင့်သွားမယ်။

အနည်းဆုံးတော့ သင်တန်းကျောင်းနှစ်ခု ဖွင့်မှာပါ ” လို့ ပြောခဲ့ပါတယ်။

ဆီးဒေါ့ဖ်နဲ့ ခါဘစ်တို့ဟာ ၂၀၂၀ မှာ စတင်ဆုံတွေ့ခဲ့တာဖြစ်ပြီး SK Sports Holding ကိုလည်း ပူးပေါင်းတည်ထောင်ခဲ့ကြပါတယ်။

ဆီးဒေါ့ဖ်ကလည်း “ကျွန်တော်တို့ရဲ့ ဘဝရည်မှန်းချက်ချင်း တူကြတယ်။

မျိုးဆက်သစ်တွေကို တစ်စုံတစ်ခု ပေးခဲ့ချင်တဲ့ ဆန္ဒချင်းလည်း တူညီကြတယ်။

ဒါက ဒူဘိုင်းတစ်နေရာတည်းအတွက် ပရော့ဂျက်မဟုတ်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ပရော့ဂျက်တစ်ခုပါ။

ကျွန်တော်တို့ကုမ္ပဏီကတော့ ဒူဘိုင်းအခြေစိုက်ပါ။

ကျွန်တော်တို့ ဗဟုသုတတွေ၊ နည်းပြတွေနဲ့ နည်းစနစ်ပိုင်းတွေကို သယ်ဆောင်လာပါမယ်။

ပြီးရင် ကျွန်တော်တို့ရဲ့ စီးပွားဖက်တွေအတွက် ဈေးကွက်ပိုင်းကိုလည်း ရှာဖွေပေးသွားမှာပါ။

ခါဘစ်က MMA အကြောင်း ကောင်းကောင်းသိပြီး ကျွန်တော်က ဘောလုံးအကြောင်းကို သေချာသိပါတယ်။

အဲဒါကြောင့် မတူညီတဲ့ လောကနှစ်ခုအတွက် တစ်မူထူးခြားတဲ့အရာတွေကို ဖန်တီးသွားမှာပါ။” လို့ ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​ေဘာလုံးနဲ႔ ဖိုက္တာပညာရပ္ ပူးတြဲသင္​ေပးမယ့္​ေက်ာင္းကို ဖြင့္မယ့္ ဆီးေဒါ့ဖ္နဲ႔ ခါဘစ္

နယ္သာလန္လက္ေ႐ြးစင္ ေဘာလုံးသမားေဟာင္း ဆီးေဒါ့ဖ္ႏွင့္ ႐ုရွား MMA ကစားသမားေဟာင္း ခါဘစ္တို႔ဟာ ယူေအအီးႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕တြင္ သင္တန္းေက်ာင္းတစ္ခု ပူးတြဲဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။

အဲဒီသင္တန္းေက်ာင္းကို Seedorf Khabib Performance Club လို႔ အမည္ေပးထားၿပီး ေဘာလုံးႏွင့္ MMA အားကစားနည္းမ်ားကို ေပါင္းစပ္သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။

သူတို႔ ႏွစ္​ေယာက္ဟာ အဲဒီလို သင္တန္းေက်ာင္းမ်ားကို လာမယ့္ (၅)ႏွစ္အတြင္း ႏိုင္ငံ(၁၀)ႏိုင္ငံတြင္ ဖြင့္လွစ္သြားႏိုင္ရန္ ရည္မွန္းထားၿပီး အနည္းဆုံးအျဖစ္ ဒူဘိုင္းႏွင့္ အဘူဒါဘီတြင္ ေသခ်ာေပါက္ဖြင့္လွစ္သြား မယ္လို႔ သိရပါတယ္။

ခါဘစ္က “ကြၽန္ေတာ္တို႔ရဲ႕ သင္တန္းေက်ာင္းကို အခုဒီ ဒူဘိုင္းမွာ ဖြင့္ခဲ့ရင္ အဘူဒါဘီမွာလည္း ဖြင့္ဖို႔လိုအပ္ပါတယ္။ ဒီသင္တန္းေက်ာင္းကို အနာဂတ္အတြက္ ရည္႐ြယ္ၿပီး ဖြင့္တာပါ။ အဘူဒါဘီနဲ႔ ဒူဘိုင္းမွာေတာ့ ေသခ်ာေပါက္ဖြင့္သြားမယ္။ အနည္းဆုံးေတာ့ သင္တန္းေက်ာင္းႏွစ္ခု ဖြင့္မွာပါ ” လို႔ ေျပာခဲ့ပါတယ္။

ဆီးေဒါ့ဖ္နဲ႔ ခါဘစ္တို႔ဟာ ၂၀၂၀ မွာ စတင္ဆုံေတြ႕ခဲ့တာျဖစ္ၿပီး SK Sports Holding ကိုလည္း ပူးေပါင္းတည္ေထာင္ခဲ့ၾကပါတယ္။

ဆီးေဒါ့ဖ္ကလည္း “ကြၽန္ေတာ္တို႔ရဲ႕ ဘဝရည္မွန္းခ်က္ခ်င္း တူၾကတယ္။ မ်ိဳးဆက္သစ္ေတြကို တစ္စုံတစ္ခု ေပးခဲ့ခ်င္တဲ့ ဆႏၵခ်င္းလည္း တူညီၾကတယ္။ ဒါက ဒူဘိုင္းတစ္ေနရာတည္းအတြက္ ပေရာ့ဂ်က္မဟုတ္ပါဘူး။ ကမာၻလုံးဆိုင္ရာ ပေရာ့ဂ်က္တစ္ခုပါ။ ကြၽန္ေတာ္တို႔ကုမၸဏီကေတာ့ ဒူဘိုင္းအေျခစိုက္ပါ။

ကြၽန္ေတာ္တို႔ ဗဟုသုတေတြ၊ နည္းျပေတြနဲ႔ နည္းစနစ္ပိုင္းေတြကို သယ္ေဆာင္လာပါမယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔ရဲ႕ စီးပြားဖက္ေတြအတြက္ ေဈးကြက္ပိုင္းကိုလည္း ရွာေဖြေပးသြားမွာပါ။ ခါဘစ္က MMA အေၾကာင္း ေကာင္းေကာင္းသိၿပီး ကြၽန္ေတာ္က ေဘာလုံးအေၾကာင္းကို ေသခ်ာသိပါတယ္။ အဲဒါေၾကာင့္ မတူညီတဲ့ ေလာကႏွစ္ခုအတြက္ တစ္မူထူးျခားတဲ့အရာေတြကို ဖန္တီးသြားမွာပါ။” လို႔ ​ေျပာခဲ့ပါတယ္။