ဘောလုံးနဲ့ ပတ်သက်ပြီး လောဘကြီးလွန်းတဲ့ ဆာလက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းရဲ့ ကြယ်ပွင့် ကစားသမား မိုဟာမက် ဆာလက်က ၂၀၂၀ / ၂၁ ဘောလုံးရာသီမှာ ပွဲကျပ်ကာလတွေ များနေပေမယ့် ပွဲစဉ်တိုင်းကို ပွဲချိန်ပြည့် ကစားလိုကြောင်း ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် လက်ရှိရာသီ ဘောလုံးပွဲစဉ်တွေကို ပုံမှန်ထက် တစ်လနောက်ကျပြီး ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ယခင်ကထက် ပိုနည်းတဲ့ အချိန်ကာလအတွင်းမှာ ပွဲစဉ်အားလုံးကို ကစားနိုင်ဖို့ ပြင်ဆင်နေရတာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မတိုင်မီ beIN Sports နဲ့တွေ့ဆုံရာမှာ ဆာလက်က ” ကျွန်တော့်အနေနဲ့ ပွဲစဉ်တိုင်း ပွဲချိန်ပြည့် ကစားချင်ပါတယ်။ ကျွန်တော် မိနစ် ( ၉၀ ) ထဲ မဟုတ်ပါဘူး ။ ( ၉၅ ) မိနစ်ထိ ကစားချင်ပါတယ်။ ဒါပေမယ့် နည်းပြရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားရပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ( ၃ ) ပွဲမှာ ပွဲထွက် ပါဝင်ခဲ့ပေမယ့် နိုင်ပွဲ ရရှိအောင် ကစားနိုင်ခြင်းမရှိခဲ့တဲ့အတွက် အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာကို ဆင်းပေးခဲ့ရပြီး အဆင့် ( ၁ ) နေရာက ယူနိုက်တက်နဲ့ ( ၃ ) မှတ် ကွာဟလျက်ရှိပါတယ်။

လီဗာပူးအသင်းက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဆာလက်က လက်ရှိဘောလုံးရာသီမှာ ပွဲကျပ်ကာလ များပြားခြင်း နှင့် ကွင်းအတွင်း ပရိသတ်အားပေးမှု မရှိခြင်းတို့ကြောင့် ချန်ပီယံဆု ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတယ်လို့ ယုံကြည်နေပါတယ်။

” ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အခြေအနေတွေက လုံးဝ ပြောင်းလဲ သွားပါတယ်။ ပရိသတ်တွေ မရှိတဲ့အတွက် အသင်းတိုင်းက အနိုင်ရရှိဖို့ တန်းတူအခွင့်အရေး ရှိနေပါတယ်။ ” ” ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်မယ့် အသင်းကို ခန့်မှန်းဖို့ စောလွန်းပါသေးတယ်။ အသင်းတိုင်းက နီးစပ်မှု ရှိနေပါတယ်။ ကျွန်တော်တို့ ထပ်ပြီး ဗိုလ်စွဲဖို့ မျှော်လင့်ပါတယ်။” လီဗာပူးအသင်းဟာ ပွဲကျပ်ကာလ ရင်ဆိုနေရတဲ့ ယခုနှစ်ဘောလုံးရာသီအတွင်း အဓိက ကစားသမားတွေ ဖြစ်တဲ့ နောက်ခံလူ ဗန်ဒိုက် ၊ မာတစ် နှင့် ဂိုးမက်တို့ကလည်း ဒဏ်ရာပြဿနာကိုယ်စီ ရင်ဆိုင်နေရပါတယ်။ Source : Goal

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လီဗာပူးအသင္းရဲ႕ ၾကယ္ပြင့္ ကစားသမား မိုဟာမက္ ဆာလက္က ၂၀၂၀ / ၂၁ ေဘာလုံးရာသီမွာ ပြဲက်ပ္ကာလေတြ မ်ားေနေပမယ့္ ပြဲစဥ္တိုင္းကို ပြဲခ်ိန္ျပည့္ ကစားလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္ ကပ္ေရာဂါေၾကာင့္ လက္ရွိရာသီ ေဘာလုံးပြဲစဥ္ေတြကို ပုံမွန္ထက္ တစ္လေနာက္က်ၿပီး ယွဥ္ၿပိဳင္ခဲ့ရတဲ့အတြက္ ယခင္ကထက္ ပိုနည္းတဲ့ အခ်ိန္ကာလအတြင္းမွာ ပြဲစဥ္အားလုံးကို ကစားႏိုင္ဖို႔ ျပင္ဆင္ေနရတာ ျဖစ္ပါတယ္။

လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းနဲ႔ ပြဲစဥ္မတိုင္မီ beIN Sports နဲ႔ေတြ႕ဆုံရာမွာ ဆာလက္က ” ကြၽန္ေတာ့္အေနနဲ႔ ပြဲစဥ္တိုင္း ပြဲခ်ိန္ျပည့္ ကစားခ်င္ပါတယ္။ ကြၽန္ေတာ္ မိနစ္ ( ၉၀ ) ထဲ မဟုတ္ပါဘူး ။ ( ၉၅ ) မိနစ္ထိ ကစားခ်င္ပါတယ္။ ဒါေပမယ့္ နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း ေလးစားရပါတယ္။ ” လို႔ ဆိုခဲ့ပါတယ္။ ဆာလက္ဟာ လီဗာပူးအသင္းရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆုံး ပြဲစဥ္ ( ၃ ) ပြဲမွာ ပြဲထြက္ ပါဝင္ခဲ့ေပမယ့္ ႏိုင္ပြဲ ရရွိေအာင္ ကစားႏိုင္ျခင္းမရွိခဲ့တဲ့အတြက္ အမွတ္ေပးဇယား အဆင့္ ( ၂ ) ေနရာကို ဆင္းေပးခဲ့ရၿပီး အဆင့္ ( ၁ ) ေနရာက ယူႏိုက္တက္နဲ႔ ( ၃ ) မွတ္ ကြာဟလ်က္ရွိပါတယ္။ လီဗာပူးအသင္းက ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့ေပမယ့္ ဆာလက္က လက္ရွိေဘာလုံးရာသီမွာ ပြဲက်ပ္ကာလ မ်ားျပားျခင္း ႏွင့္ ကြင္းအတြင္း ပရိသတ္အားေပးမႈ မရွိျခင္းတို႔ေၾကာင့္ ခ်န္ပီယံဆု ၿပိဳင္ဆိုင္မႈ ပိုမိုျပင္းထန္လာတယ္လို႔ ယုံၾကည္ေနပါတယ္။

” ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ အေျခအေနေတြက လုံးဝ ေျပာင္းလဲ သြားပါတယ္။ ပရိသတ္ေတြ မရွိတဲ့အတြက္ အသင္းတိုင္းက အႏိုင္ရရွိဖို႔ တန္းတူအခြင့္အေရး ရွိေနပါတယ္။ ” ” ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ႏိုင္မယ့္ အသင္းကို ခန႔္မွန္းဖို႔ ေစာလြန္းပါေသးတယ္။ အသင္းတိုင္းက နီးစပ္မႈ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ထပ္ၿပီး ဗိုလ္စြဲဖို႔ ေမွ်ာ္လင့္ပါတယ္။” လီဗာပူးအသင္းဟာ ပြဲက်ပ္ကာလ ရင္ဆိုေနရတဲ့ ယခုႏွစ္ေဘာလုံးရာသီအတြင္း အဓိက ကစားသမားေတြ ျဖစ္တဲ့ ေနာက္ခံလူ ဗန္ဒိုက္ ၊ မာတစ္ ႏွင့္ ဂိုးမက္တို႔ကလည္း ဒဏ္ရာျပႆနာကိုယ္စီ ရင္ဆိုင္ေနရပါတယ္။ Source : Goal