ဘောလုံးနတ်ဘုရားကြီး ဘယ်အချိန်မှာ အနားယူမှာလဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ရိုးမား အသင်း ဘက်ကို ဖရီးကစ် ကနေ ဂိုးသွင်းယူခဲ့ ပါတယ်။

အဲဒီဂိုး ဟာ ဇလာတန် အတွက် ပရို ကစားသမား ဘ၀ မှာ ဂိုး ၄၀၀ မြောက်ဖြစ်ခဲ့သလို စီးရီးအေ ကစားသမားဘ၀ ဂိုး ၁၅၀ ပြည့် သွင်းဂိုးလည်း ဖြစ်ခဲ့ ပါတယ်။

ဇလာတန် ဟာ အောက်တိုဘာ အစောပိုင်း တုန်းက အသက် ၄၀ ပြည့်မြောက် ခဲ့သူ ဖြစ်ပြီး ခုချိန်ထိ ဂိုးသွင်း အား ကောင်းနေဆဲ ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ အသက်ရှည်ခြင်းလျှို့ဝှက်ချက်က စိတ်ထဲမှာပါ။

အသက် ၄၀ ဆိုတာက ကိန်းဂဏန်းတစ်ခုပဲဆိုတာကို သက်သေပြဖို့ ကျွန်တော်ကြိုးစားနေတယ်။

ကျွန်တော်မြတ်နိုးတဲ့အရာကို ဆက်လုပ်နိုင်အုံးမှာပါ။

နေ့ရက်တိုင်းမှာ တိုးတက်ဖို့အတွက် ကြိုးစားတယ်။

အရင်တုန်းကလို မကစားနိုင်တော့ပေမယ့် အခုဆိုရင် ဉာဏ်ပိုကောင်းလာပြီး အတွေ့အကြုံပိုရင့်ကျက်လာပါပြီ။

ကျွန်တော့်စွမ်းဆောင်ရည်အတွက် ကျွန်တော်မအံ့သြမိပါဘူး။

ကျွန်တော့်ကို ဘောလုံးလောကကနေမထုတ်သေးသရွေ့ ကျွန်တော်ရပ်တန့်နေမှာမဟုတ်ပါဘူး။

ခုချိန် မှာ ကျွန်တော် နားဖို့ စိတ်ကူးမရှိပါဘူး။

နားပြီးမှ နောင်တ ရတာမျိုးလည်း မဖြစ်ချင်လို့ပါ။

ကျွန်တော့်ကို ကန်မထုတ် မချင်း ကျွန်တော် ကစားနေဦး မှာပါပဲ။

တစ်နေ့မှာတော့ ကျွန်တော် ရပ်ရမယ့် အချိန် ရောက်လာမှာပါ။

အဲဒီ အချိန်ကျရင် ကျွန်တော် နောင်တကင်းကင်း နဲ့ အနားယူ သွားမှာပါ” လို့ ဇလာတန် က ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ်။

အေစီမီလန် ဟာ နိုင်ပွဲကြောင့် စီးရီးအေ အမှတ်ပေး ဇယား မှာ ၃၁ မှတ် နဲ့ အဆင့် ၁ နေရာက နာပိုလီ နဲ့ ရမှတ်တူ ရပ်တည် နေခဲ့ ပါတယ်။

အေစီမီလန် ဟာ လာမယ့် ချန်ပီယံလိဂ် မှာ ပေါ်တို အသင်းနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေဘာလုံးနတ္ဘုရားႀကီး ဘယ္အခ်ိန္မွာ အနားယူမွာလဲ?

ေအစီမီလန္ အသင္းရဲ႕ တိုက္စစ္မႉးႀကီး ဇလာတန္ အီဘရာဟီမိုဗစ္ ဟာ ယမန္ေန႔ ညက ကစား ခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာ ႐ိုးမား အသင္း ဘက္ကို ဖရီးကစ္ ကေန ဂိုးသြင္းယူခဲ့ ပါတယ္ ။အဲဒီဂိုး ဟာ ဇလာတန္ အတြက္ ပ႐ို ကစားသမား ဘ၀ မွာ ဂိုး ၄၀၀ ေျမာက္ျဖစ္ခဲ့သလို စီးရီးေအ ကစားသမားဘ၀ ဂိုး ၁၅၀ ျပည့္ သြင္းဂိုးလည္း ျဖစ္ခဲ့ ပါတယ္ ။ဇလာတန္ ဟာ ေအာက္တိုဘာ အေစာပိုင္း တုန္းက အသက္ ၄၀ ျပည့္ေျမာက္ ခဲ့သူ ျဖစ္ၿပီး ခုခ်ိန္ထိ ဂိုးသြင္း အား ေကာင္းေနဆဲ ျဖစ္ပါတယ္ ။

“ကြၽန္ေတာ့္ရဲ႕ အသက္ရွည္ျခင္းလွ်ိဳ႕ဝွက္ခ်က္က စိတ္ထဲမွာပါ။ အသက္ ၄၀ ဆိုတာက ကိန္းဂဏန္းတစ္ခုပဲဆိုတာကို သက္ေသျပဖို႔ ကြၽန္ေတာ္ႀကိဳးစားေနတယ္။ကြၽန္ေတာ္ျမတ္ႏိုးတဲ့အရာကို ဆက္လုပ္ႏိုင္အုံးမွာပါ။ ေန႔ရက္တိုင္းမွာ တိုးတက္ဖို႔အတြက္ ႀကိဳးစားတယ္။ အရင္တုန္းကလို မကစားႏိုင္ေတာ့ေပမယ့္ အခုဆိုရင္ ဉာဏ္ပိုေကာင္းလာၿပီး အေတြ႕အႀကဳံပိုရင့္က်က္လာပါၿပီ။

ကြၽန္ေတာ့္စြမ္းေဆာင္ရည္အတြက္ ကြၽန္ေတာ္မအံ့ၾသမိပါဘူး။ ကြၽန္ေတာ့္ကို ေဘာလုံးေလာကကေနမထုတ္ေသးသေ႐ြ႕ ကြၽန္ေတာ္ရပ္တန႔္ေနမွာမဟုတ္ပါဘူး။ ခုခ်ိန္ မွာ ကြၽန္ေတာ္ နားဖို႔ စိတ္ကူးမရွိပါဘူး။ နားၿပီးမွ ေနာင္တ ရတာမ်ိဳးလည္း မျဖစ္ခ်င္လို႔ပါ ။ကြၽန္ေတာ့္ကို ကန္မထုတ္ မခ်င္း ကြၽန္ေတာ္ ကစားေနဦး မွာပါပဲ ။ တစ္ေန႔မွာေတာ့ ကြၽန္ေတာ္ ရပ္ရမယ့္ အခ်ိန္ ေရာက္လာမွာပါ။ အဲဒီ အခ်ိန္က်ရင္ ကြၽန္ေတာ္ ေနာင္တကင္းကင္း နဲ႔ အနားယူ သြားမွာပါ” လို႔ ဇလာတန္ က ပြဲ အၿပီးမွာ ေျပာဆို သြားခဲ့ ပါတယ္။

ေအစီမီလန္ ဟာ ႏိုင္ပြဲေၾကာင့္ စီးရီးေအ အမွတ္ေပး ဇယား မွာ ၃၁ မွတ္ နဲ႔ အဆင့္ ၁ ေနရာက နာပိုလီ နဲ႔ ရမွတ္တူ ရပ္တည္ ေနခဲ့ ပါတယ္ ။ေအစီမီလန္ ဟာ လာမယ့္ ခ်န္ပီယံလိဂ္ မွာ ေပၚတို အသင္းနဲ႔ ရင္ဆိုင္ ရမွာ ျဖစ္ပါတယ္။