ဘောလုံးက ၂ လုံးဖြစ်နေချိန်မှာ ချဲလ်ဆီးပထမဂိုး ရသွားလို့ လူတန်တောင်းကစားသမားတွေဒေါသထွက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးက လူတန်တောင်းအသင်းကို ၃-၁ နဲ့နိုင်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဥ်မှာ အေဘရာဟမ် ရဲ့အဖွင့်ဂိုးကို ခွင့်ပြုပေးခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်လူကြီးကို လူတန်တောင်း ကစားသမားတွေဒေါသထွက်နေ တယ်လို့ သိရပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာ ညာဘက်ကနေထိုးဖောက်လာတဲ့ တီမိုဝါနာရဲ့ဖန်တီးပေးမှုကနေတစ် ဆင့် အေဘရာဟမ်က အဖွင့်ဂိုးသွင်းယူခဲ့တာပါ။

ဒါပေမယ့် ဒီဂိုးမရခင်စက္ကန့်ပိုင်းအလိုမှာ ကွင်းထဲမှာ ဘောလုံး က ၂ လုံးတောင်ရောက်နေလို့ ဒီဂိုးပေးလိုက်ရမှုနဲ့ပတ်သက်ပြီး လူတန်တောင်းကစားသမားတွေက စောဒက တက်ခဲ့ကြသလို အခြားသောဘောလုံးပရိသတ်တွေကလည်း အွန်လိုင်းကနေဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။

ဖြစ်စဥ်က ချဲလ်ဆီးလက်ပစ်ဘောရချိန်မှာ ဟာကင်ဇီယက်ချ်က အမြန်ပစ်ပေးခဲ့ကာ ဆက်ကစားခဲ့ပေမယ့် နောက်ထပ်ဘောလုံးတစ်လုံးက ကွင်းထဲမှာရှိနေလို့ ချဲလ်ဆီးကစားသမားတစ်ဦးက ကန်ထုတ်လိုက်ရချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ကွင်းထဲမှာရှိနေတဲ့ ဘောလုံးတွေဟာ ၁၅ ကိုက်အထိကွာခြားနေပေမယ့် စည်းမျဥ်းတွေ အရ ဂိုးကိုပယ်ဖျက်သင့်လို့ မပေးသင့်တဲ့ဂိုးလို့ ကျွမ်းကျင်သူတွေက ထောက်ပြဝေဖန်ကြပါတယ်။

ဒီဂိုးနဲ့ပတ်သက်ပြီး ဘီဘီစီ ရဲ့ကျွမ်းကျင်သူတွေဖြစ်ကြတဲ့ ဒန်နီမာဖီနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆယ် ဘိန့်ခ် တို့ကလည်း ဝေဖန်ခဲ့ကြပြီး လူတန်တောင်းကံမကောင်းခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒီပွဲမှာအေဘရာဟမ် ဟာ ၁၇ မိနစ်မှာသွင်းတဲ့ဂိုးအပါအဝင် ဟက်ထရစ်ရယူခဲ့နိုင်ခဲ့တာပါ။ ဒီဂိုးနဲ့ပတ်သက်ပြီး လက်စတာပရိသတ် တစ်ဦးက” ကွင်းထဲမှာ ဘောလုံး ၂ လုံးရှိနေတာကို ဘယ်လိုလုပ်ဂိုးပေးလိုက်တာလဲ” လို့ တွစ်တာကနေမေး ခွန်းထုတ်ခဲ့ပါတယ်။

မန်ယူပရိသတ်တစ်ဦးကဆိုရင်” ချဲလ်ဆီး ဂိုးသွင်းဖို့အတွက် ဘောလုံး ၂ လုံးတောင်လိုတာ လား” လို့ ဆိုပြီးလှောင်ပြောင်ခဲ့ပါတယ်။ လူတန်နည်းပြ နသန်ဂျုံးစ်ကကလည်းအခုလိုဘဲ ပြင်းထန်စွာဝေဖန်ခဲ့ ပါတယ်။ သူက” ကျွန်တော့်ကစားသမားဘဝက ၂၉ နှစ်ဗျာ၊ နည်းပြဘဝက ၉ နှစ်လောက်ကြာနေပြီ။ ဒီအ တောအတွင်း ကွင်းထဲမှာဘောလုံး ၂ လုံးရှိနေရင် ရပ်ပစ်လိုက်တာကိုဘဲတွေ့ဘူးတာပါ။

စတုတ္ထဒိုင်ကိုမေးတော့ လည်းသူက စက်ရုပ်ကြီးလိုလုပ်ပြီး ခံစားချက်ရှိနေတဲ့ နည်းပြကို မျက်လုံချင်းဆိုင်ပြီးမပြောရဲခဲ့ပါဘူး” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာလုံးက ၂ လုံးျဖစ္ေနခ်ိန္မွာ ခ်ဲလ္ဆီးပထမဂိုး ရသြားလို႔ လူတန္ေတာင္းကစားသမားေတြေဒါသထြက္

ခ်ဲလ္ဆီးက လူတန္ေတာင္းအသင္းကို ၃-၁ နဲ႔ႏိုင္ခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ ေအဘရာဟမ္ ရဲ႕အဖြင့္ဂိုးကို ခြင့္ျပဳေပးခဲ့တဲ့အတြက္ ကြင္းလယ္ဒိုင္လူႀကီးကို လူတန္ေတာင္း ကစားသမားေတြေဒါသထြက္ေန တယ္လို႔ သိရပါတယ္။ ပြဲခ်ိန္ ၁၁ မိနစ္မွာ ညာဘက္ကေနထိုးေဖာက္လာတဲ့ တီမိုဝါနာရဲ႕ဖန္တီးေပးမႈကေနတစ္ ဆင့္ ေအဘရာဟမ္က အဖြင့္ဂိုးသြင္းယူခဲ့တာပါ။ ဒါေပမယ့္ ဒီဂိုးမရခင္စကၠန႔္ပိုင္းအလိုမွာ ကြင္းထဲမွာ ေဘာလုံး က ၂ လုံးေတာင္ေရာက္ေနလို႔ ဒီဂိုးေပးလိုက္ရမႈနဲ႔ပတ္သက္ၿပီး လူတန္ေတာင္းကစားသမားေတြက ေစာဒက တက္ခဲ့ၾကသလို အျခားေသာေဘာလုံးပရိသတ္ေတြကလည္း အြန္လိုင္းကေနေဝဖန္မႈေတြျပဳလုပ္ေနၾကပါတယ္။

ျဖစ္စဥ္က ခ်ဲလ္ဆီးလက္ပစ္ေဘာရခ်ိန္မွာ ဟာကင္ဇီယက္ခ်္က အျမန္ပစ္ေပးခဲ့ကာ ဆက္ကစားခဲ့ေပမယ့္ ေနာက္ထပ္ေဘာလုံးတစ္လုံးက ကြင္းထဲမွာရွိေနလို႔ ခ်ဲလ္ဆီးကစားသမားတစ္ဦးက ကန္ထုတ္လိုက္ရခ်ိန္နဲ႔ တိုက္ဆိုင္ခဲ့ပါတယ္။ ကြင္းထဲမွာရွိေနတဲ့ ေဘာလုံးေတြဟာ ၁၅ ကိုက္အထိကြာျခားေနေပမယ့္ စည္းမ်ဥ္းေတြ အရ ဂိုးကိုပယ္ဖ်က္သင့္လို႔ မေပးသင့္တဲ့ဂိုးလို႔ ကြၽမ္းက်င္သူေတြက ေထာက္ျပေဝဖန္ၾကပါတယ္။ ဒီဂိုးနဲ႔ပတ္သက္ၿပီး ဘီဘီစီ ရဲ႕ကြၽမ္းက်င္သူေတြျဖစ္ၾကတဲ့ ဒန္နီမာဖီနဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း ဟက္ဆယ္ ဘိန႔္ခ္ တို႔ကလည္း ေဝဖန္ခဲ့ၾကၿပီး လူတန္ေတာင္းကံမေကာင္းခဲ့ဘူးလို႔ ဆိုၾကပါတယ္။ ဒီပြဲမွာေအဘရာဟမ္ ဟာ ၁၇ မိနစ္မွာသြင္းတဲ့ဂိုးအပါအဝင္ ဟက္ထရစ္ရယူခဲ့ႏိုင္ခဲ့တာပါ။

ဒီဂိုးနဲ႔ပတ္သက္ၿပီး လက္စတာပရိသတ္ တစ္ဦးက” ကြင္းထဲမွာ ေဘာလုံး ၂ လုံးရွိေနတာကို ဘယ္လိုလုပ္ဂိုးေပးလိုက္တာလဲ” လို႔ တြစ္တာကေနေမး ခြန္းထုတ္ခဲ့ပါတယ္။ မန္ယူပရိသတ္တစ္ဦးကဆိုရင္” ခ်ဲလ္ဆီး ဂိုးသြင္းဖို႔အတြက္ ေဘာလုံး ၂ လုံးေတာင္လိုတာ လား” လို႔ ဆိုၿပီးေလွာင္ေျပာင္ခဲ့ပါတယ္။ လူတန္နည္းျပ နသန္ဂ်ဳံးစ္ကကလည္းအခုလိုဘဲ ျပင္းထန္စြာေဝဖန္ခဲ့ ပါတယ္။ သူက” ကြၽန္ေတာ့္ကစားသမားဘဝက ၂၉ ႏွစ္ဗ်ာ၊ နည္းျပဘဝက ၉ ႏွစ္ေလာက္ၾကာေနၿပီ။ ဒီအ ေတာအတြင္း ကြင္းထဲမွာေဘာလုံး ၂ လုံးရွိေနရင္ ရပ္ပစ္လိုက္တာကိုဘဲေတြ႕ဘူးတာပါ။ စတုတၳဒိုင္ကိုေမးေတာ့ လည္းသူက စက္႐ုပ္ႀကီးလိုလုပ္ၿပီး ခံစားခ်က္ရွိေနတဲ့ နည္းျပကို မ်က္လုံခ်င္းဆိုင္ၿပီးမေျပာရဲခဲ့ပါဘူး” လို႔ေျပာ သြားပါတယ္။